ပဲခူးတိုင်း တစ်ပတ်စာ မိုးလေဝသအခြေအနေနှင့် စိုက်/မွေးအကြံပြုချက်
- ယခု တစ်ပတ်အတွင်း ဘင်္ဂလားပင်လယ်အော်၊ ကပ္ပလီပင်လယ်များနှင့် တောင်တရုတ်ပင်လယ်တို့တွင် ထူးခြားသောမိုးလေဝသဖြစ်စဉ်များ(လေဖိအားနည်းရပ်ဝန်း မုန်တိုင်းဖြစ်ပေါ်နိုင်ခြင်းမရှိပါ)။ ဩဂုတ်လ ၁၂ ရက်နေ့မှ စတင်၍ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းတွင် အမြင့် ၅၀၀၀ နှင့်အထက်လေထုလွှာအတွင်း အထက်လေပွေလှိုင်း (Upper Air Cyclonic Circulation – UACC) ၁ ခု ဖြစ်ပေါ်နိုင်ပါတယ်။ - အထက်လေပွေလှိုင်း UACC သည် အားပိုကောင်းလာပြီး ဩဂုတ်လ ၁၅-၁၆ ရက်များမှာ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်လာပြီး၊ မြောက်ဘက်(ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယနိုင်ငံနယ်စပ် ကမ်းရိုးတန်းဘက်)သို့ဆက်လက်ရွေ့လျားနိုင်ပါတယ်။ #ဖြစ်ပေါ်လာနိုင်တဲ့ပင်လယ်ပြင် ထူးခြားမိုးလေဝသအခြေအနေကြောင့် ဘင်္ဂလားပင်လယ်အော်တစ်ခုလုံးမှာ အနောက်တောင်မုတ်သုံလေ အားပြန်ကောင်းလာနိုင်ပါတယ်။ - ဩဂုတ်လ ၅ ရက် မှ ၁၁ ရက်အထိ ၁ ပါတ်အတွင်း ပဲခူးတိုင်းတွင် ရွာသွန်းရရှိနိုင်သည့် မိုးရေချိန်အခြေအနေ - · ပဲခူးတိုင်းအရှေ့ခြမ်း တောင်ငူနှင့် အုတ်တွင်းမြို့တောင်ဘက်ဒေသများမှာ ၇ ရက်အတွင်း ရွာသွန်းရရှိနိုင်သည့် မိုးရေချိန် ၄ လက်မအထက် ၇ လက်မဝန်းကျင်အထိရှိနိုင်ပြီး နေရာကွက်၍ မိုးသည်းထန်ခြင်းနှင့်မိုးရေချိန်ရေချိန်ရရှိမှုများခြင်းများ ရှိနိုင်ပါမယ်။ - · ပဲခူးတိုင်းအနောက်ဘက်ခြမ်း၊ အုတ်ဖို/ကြို့ပင်ကောက်မြို့နယ်များ၏ အထက်ဘက်နှင့် အနောက်ဘက်တခြမ်းလုံးတွင် ၇ ရက်အတွင်း မိုးရေချိန် ၁.၅ လက်မ ဝန်းကျင်ရွာသွန်းရရှိနိုင်ပြီး မိုးနည်းနေပါမယ်။ - အပူချိန် လေထုစိုထိုင်းဆနှင့် မုတ္တမကွေ့ပင်လယ်အခြေအနေများ - · ပဲခူးတိုင်းတစ်ခုလုံး၏ ပျမ်းမျှအမြင့်ဆုံးနေအပူချိန် ၃၃°C ရှိနိုင်ပြီး အနိမ့်ဆုံး ညအပူချိန် ၂၆°C ရှိနိုင်ပါမယ်။ လေထုစိုထိုင်းဆ ၈၀% မှ ၁၀၀% ကြားတွင်ပြောင်းလဲနေနိုင်ပြီး လေထုစိုထိုင်းဆမြင့်မားပြီး လေငြိမ်နေသည့်အချိန်များတွင် ခံစားရသည့်အပူချိန် ၃၈°C အထိရှိနိုင်ပါမယ်။ - · ပဲခူးတိုင်းအရှေ့တောင်ဘက် မုတ္တမကွေ့အတွင်း တောင်ဘက်/အနောက်တောင်ဘက်မှရွေ့လျားသည့် လှိုင်းအမြင့် ၂ ပေ မှ ၃ ပေ ခန့်အထိ ရှိနိုင်ပြီး တောင်ဘက်မှ လေတိုက်နှုန်းအမြင့်ဆုံး တနာရီ ၁၇ မိုင်ခန့်အထိရှိနိုင်ပါမယ်။ - · ပဲခူးတိုင်းတွင် လေထုညစ်ညမ်းမှုအညွှန်းကိန်း(AQI) 30 ~ 70 ခန့်ရှိနိုင်ပါမယ်။ အန္တရာယ်မရှိပါ။ - ဩဂုတ်လ ၅ ရက် မှ ၁၁ ရက်အထိ ၁ ပါတ်အတွင်း မြန်မာတစ်နိုင်ငံလုံးတွင် ရွာသွန်းရရှိနိုင်သည့် မိုးရေချိန်အခြေအနေ - · မကွေးတိုင်း၊ မန္တလေးတိုင်းအနောက်ဘက်(မလှိုင်မြို့ အနောက်ဘက်)၊ ဧရာဝတီတိုင်းမြောက်ဘက်(ဟင်္သာတမြို့မြောက်ဘက်)၊ ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်တောင်ပိုင်းဒေသအချို့တွင် ၇ ရက်အတွင်း ရွာသွန်းရရှိနိုင်သည့် မိုးရေချိန် ၁.၅ လက်မအောက်ရှိနိုင်ပြီး မိုးရွာသွန်းမှု နည်းနေနိုင်ပါတယ်။ - · ကျန်ပြည်နယ်တိုင်းဒေသများတွင် ၇ ရက်အတွင်း မိုးရေချိန် ၂ လက်မ အထက် ၇ လက်မအထိ ရွာသွန်းရရှိနိုင်ပြီး မိုးရွာသွန်းမှု အသင့်အတင့်မှ နေရာကွက်၍ မိုးများခြင်းရှိနိုင်ပါမည်။ - Win Naing - Administration Team, - MMWEATHER, - https://www.mmweather.org/home - ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မိုးစပါးစိုက်တောင်သူများထံသို့.. - စိုက်ပျိုးရေးဆိုင်ရာ အကြံပြုချက် - ပဲခူးတိုင်းအတွင်းရှိ ရေပြတ်နေသောစိုက်ခင်းများ ရွက်ညိုပြောက်ကျနေသည်ကိုကြားရသဖြင့် ကာကွယ်နှိမ်နင်းနည်းများကိုအကြံပြုဆွေးနွေးပေးလိုက်ပါတယ်။
- ရွက်ညိုပြောက်အတွက် မှိုသတ်ဆေးကို Trifloxystrobin (သို့မဟုတ်) Iprodione ကိုဖျန်းနိုင်ပါတယ်။
- ရွက်ညိုပြောက်ကျနေသောစပါးခင်းများ နိုက်ထရိုဂျင်ပုလဲမြေဩဇာကိုချင့်ချိန်ထည့်ပြီး၊ အဓိက ဆီလီကာ (Si)၊ မဂ္ဂနီဆီယမ် (Mg) နှင့် ကယ်လ်ဆီယမ် (Ca) ပါဝင်သောမြေဩဇာကို ထည့်ပေးပါ။
- မျိုးစေ့ဆောင်ရောဂါဖြစ်လို့ နောက်ရာသီမှာ ရွက်ညိုပြောက်ကျခဲ့သောစိုက်ခင်းမှ မျိုးကိုပြန်မစိုက်ပါနဲ့။
 - ငါးမှုန်ကန် ပြုစု၊ အစာကျွေးနည်း - ငါးမှုန်အရွယ်ကို (၃)ရက်ကျော်မှ အစာကျွေးခြင်းကိုဆောင်ရွက်ရာတွင် ငါးမှုန်များ၏ ပါးစပ် ပေါက်ကလေးများသည် သေးငယ်ပြီး အရည်ကိုသာ စားသုံးနိုင်ကြသဖြင့် အာဟာရပြည့်ဝသော အရည် (ပဲဖတ်)ရည်ကို ကျွေးပေးရပါသည်။ ငါးမှုန်ဘဝတွင် ပဲဖတ်ရည်ကို တစ်နေ့ (၃-၄)ကြိမ် ပက်ပေးခြင်းဖြင့် သက်ရှင် ကြီးထွားနိုင်ပါသည်။ (၇)ရက်မှ (၁၀)ရက်ကြာသောအချိန်တွင် ပေါင်ဒါကဲ့သို့ အမှုန့်ဖြစ်သောအမှုန့် အစာကို ကျွေးနိုင်ပါသည်။ ဥပမာအားဖြင့် ဇကာချထားသောဖွဲနု နှင့် ပဲမှုန့်ဖတ် ရောပြီး ကျွေးနိုင်ပါသည်။ အစာစက်ရုံများမှ ထုတ်လုပ်သောအစာများကိုကျွေးနိုင်ပါက ပိုမိုကောင်းမွန် အဆင်ပြေပါသည်။ ငါးမှုန်အရွယ်တွင် ပရိုတိန်း (၃၅)ရာခိုင်နှုန်းပါသောအစာကျွေးပါက ကြီးထွား နှုန်းမြန်ပါသည်။ - ---- - မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 - သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလိ - ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. - သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
