ဘင်္ဂလားပင်လယ်အော်တွင် ထူးခြားမိုးလေဝသအခြေအနေဖြစ်ပေါ်နိုင်ကြောင်း အသိပေးတင်ပြခြင်း
- ===== - 🔸 ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်း၊ အိန္ဒိယနိုင်ငံအရှေ့ဘက်၊ အန်ဒရာပရာဒက်ရှ်ပြည်နယ်ကမ်းရိုးတန်းအနီးမှာ ဩဂုတ်လ ၁၂ ရက်နေ့မှ စတင်ပြီး ပေ ၅၀၀၀ အထက်အမြင့်လေထုလွှာတွင် အထက်လေပွေလှိုင်း(Upper Air Cyclonic Circulation-UACC)တခု ဖြစ်လာနိုင်ပါမယ်။ UACC သည် ဆက်လက်အားကောင်းလာပြီး အမြင့်ဆုံးလေဖိအားနည်းရပ်ဝန်းမှ well-marked LPA တခုအထိဖြစ်လာနိုင်ကာ မုန်တိုင်းဖြစ်လာနိုင်ချေကတော့ အတော်ကိုနည်းတာတွေ့ရပါတယ်။ - 🔸 ဘင်္ဂလားပင်လယ်အော်အတွင်းမှာ ထူးခြားမိုးလေဝသအခြေအနေဖြစ်ပေါ်လာတာကြောင့်၊ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်း၊ အလယ်ပိုင်းနဲ့ ကပ္ပလီပင်လယ်တွေမှာ အနောက်တောင်မုတ်သုံလေ အားကောင်းလာပြီး၊ မြန်မာ့ကမ်းရိုးတန်းဒေသတွေနဲ့ ပင်လယ်ပြင်မှာ မိုးသက်လေပြင်းကျရောက်ခြင်း၊ လှိုင်းကြီးခြင်းများဖြစ်ပေါ်လာနိုင်ပါတယ်။ - ဒီအခြေအနေကြောင့်၊ - ဩဂုတ်လ ၁၂ ရက်နေ့မှ ၁ ပတ်အတွင်းမှာ - - 🔸 ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကချင်ပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ကယားပြည်နယ်၊ ရှမ်းပြည်နယ်၊ နေပြည်တော်၊ မန္တလေးတိုင်း စတဲ့ ဒေသတွေမှာ မိုးအသင့်အတင့်ရွာနိုင်ပြီး၊ နေရာကွက်၍ မိုးများနိုင်ကာ(၂၄ နာရီအတွင်း မိုးရေချိန် ၁.၂ လက်မ မှ ၂ လက်အထက်အထိ ရွာသွန်းရရှိနိုင်)၊ - 🔸 မိုးနည်းရေရှားဒေသတွေဖြစ်တဲ့ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းအောက်ပိုင်းနဲ့ မန္တလေး-မကွေးနယ်စပ်အနီးဒေသတွေမှာတော့ မိုးအနည်းငယ်မှ မိုးအသင့်အတင့်( ၂၄ နာရီ မိုးရေချိန် ၁.၂ လက်မ အောက်)ရွာသွန်းရရှိနိုင်ပါတယ်။ - 🔸 မြန်မာ့ကမ်းရိုးတန်းအနီးပင်လယ်ပြင်မှာ ဩဂုတ် ၁၂ ရက် မှ ၂၀ ရက်အတွင်း လေပြင်းတနာရီ ၂၅ မိုင်မှ မိုင် ၃၀ အထိ တိုက်ခတ်နိုင်ပြီး၊ - 🔸 လေဖိအားနည်းရပ်ဝန်းဗဟိုချက်အနီးမှာ လှိုင်းအမြင့် ၁၁.၅ ပေခန့်၊ ရခိုင်ကမ်းရိုးတန်းတလျှောက်မှာ လှိုင်းအမြင့် ၆ ပေ မှ ၇ ပေခန့်၊ မြစ်ဝကျွန်းပေါ်ကမ်းရိုးတန်းနဲ့ မွန်-တနင်္သာရီကမ်းရိုးတန်းတလျှောက်မှာ လှိုင်းအမြင့် ၅ ပေ မှ ၆ ပေခန့်အထိရှိနိုင်ပါတယ်။ - ADDITIONAL INFORMATION FROM EAST - 🔸 ဩဂုတ်လ ၁၂ ရက်ဝန်းကျင်မှာ ပစိဖိတ်အနောက်မြောက်သမုဒ္ဒရာ၊ ဂူအမ်ကျွန်းမြောက်ဘက်ပင်လယ်ပြင်မှာဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်း(16W – SIXTEEN)က အနောက်ဘက်ကို ဆက်လက်ရွေ့လျားရင်း အားပိုကောင်းလာကာ တိုင်ဖွန်းမုန်တိုင်းဖြစ်လာနိုင်ပါမယ်။ - 🔸 တိုင်ဖွန်းမုန်တိုင်းအဖြစ်ရောက်ရှိပြီးတဲ့နောက် အနောက်ဘက်ကို ဆက်လက်ရွေ့လျားပြီး တောင်တရုတ်ပင်လယ်ကို ဝင်ရောက်လာနိုင်တာကြောင့် SIXTEEN ကို သတိထားစောင့်ကြည့်ပြီး တောင်တရုတ်ပင်လယ်ကိုဝင်ရောက်လာမည့်ရက်၊ ကုန်းတွင်းကိုဘယ်နေရာမှာဖြတ်ကျော်ဝင်ရောက်နိုင်မယ်ဆိုတာနဲ့ မုန်တိုင်းအကြွင်းအကျန်တွေ ဘယ်လိုဆက်လက်ရွေ့လျားနိုင်မယ်ဆိုတာကိုပါ သတိကြီးကြီးထား၍ စောင့်ကြည့်ရပါမယ်။ - https://www.mmweather.org/divisional-cities-weather - (ဩဂုတ်လ ၇ ရက် ၊ နေ့လည် ၁ နာရီ ၁၅ မိနစ်) - Win Naing - Administration Team, - MMWEATHER, - https://www.mmweather.org/home - ------------- - မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 - သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို - ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. - သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
