ပင်လယ်ပြင်မှာဖြစ်ပေါ်လာနိုင်မည့် ထူးခြားသောမိုးလေဝသအခြေအနေ
(ဩဂုတ်လ ၈ ရက် နေ့လည် ၁၂ နာရီ)
========
🔸 ဩဂုတ်လ ၁၁ ရက်နေ့ နံနက်အစောပိုင်းက စ ပြီး ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်း၊ အိန္ဒိယနိုင်ငံအရှေ့ဘက်ကမ်းရိုးတန်းအနီးမှာ လေဖိအားနည်းရပ်ဝန်းတခုဖြစ်ပေါ်လာပြီး ဩဂုတ်လ ၁၃ ရက် အထိ ဆက်လက်ရှိနေနိုင်ပါတယ်။
🔸 ဩဂုတ် ၁၃ ရက် ညနေပိုင်းမှာ အနောက်ဘက်(အိန္ဒိယနိုင်ငံ အန်ဒရာပရာဒက်ရှ်ပြည်နယ်ကမ်းရိုးတန်းဘက်)ကို ရွေ့လျားပြီး ကုန်းတွင်းလေဖိအားနည်းရပ်ဝန်းအဖြစ် အနောက်ဘက်ကိုဆက်လက်ရွေ့လျားနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။
🔸 လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် မြန်မာ့ကမ်းရိုးတန်းဒေသတွေ(အထူးသဖြင့် ရခိုင်ကမ်းရိုးတန်းနဲ့ ဧရာဝတီမြစ်ဝကျွန်းပေါ်ကမ်းရိုးတန်းဒေသတွေမှာ) မိုးသက်လေပြင်းကျပြီး မိုးများနိုင်ပါတယ်။ ကျန်ပြည်နယ်တိုင်းဒေသတွေမှာတော့ လေဖိအားနည်းအရှိန်သက်ရောက်မှုက မုန်တိုင်းဖြစ်ပေါ်တဲ့အခါ ဖြစ်လာတဲ့သက်ရောက်မှုလောက် ပြင်းထန်မည့်အခြေအနေမရှိပါ။
💦 မြန်မာနိုင်ငံနေရာအနှံ့အပြားမှာတော့ မိုးလယ်ကာလကုန်ဆုံးခြင်းမရှိသေးတာကြောင့် အနောက်တောင်မုတ်သုံလေအားကောင်းရင်ကောင်းသလို နေရာကွက်ပြီးမိုးများနိုင်မည့်ဒေသတွေ ရှိနေပါမယ်။
🔸 မြန်မာနိုင်ငံအလယ်ပိုင်းက မိုးနည်းရေရှားဒေသတွေဖြစ်တဲ့ မကွေးတိုင်း၊ မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းအောက်ပိုင်းဒေသတွေမှာတော့ မိုးရေချိန်ရရှိနိုင်ချေနည်းနေပါဦးမယ်။
🔸 ပြည်နယ်တိုင်းဒေသများရဲ့ မိုးလေဝသအခြေအနေ ၄ ရက်ကြိုတင်ခန့်မှန်း Weather Widget တွေကိုလည်း ကြည့်ပေးကြပါ။ https://www.mmweather.org/divisional-cities-weather
---------------
မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12
သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို
ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.
သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437


ပင်မစာမျက်နာ
အဖွဲ့များ
စူးစမ်းရန်
စာတို
ကျွန်ုပ်
စျေးနှုန်း