မန္တလေးတိုင်း ဩဂုတ် ၁၅ ရက် မှ ၂၁ ရက်အထိ မိုးလေဝသအခြေအနေ
- ပင်လယ်ပြင်တွင်ဖြစ်ပေါ်လာနိုင်သည့် ထူးခြားသောမိုးလေဝသအခြေအနေများ - ဗီယက်နမ်နိုင်ငံအရှေ့တောင်ဘက် တောင်တရုတ်ပင်လယ်အတွင်း ဩဂုတ်လ ၁၅ ရက် နံနက်ပိုင်းမှစတင်၍ လေဖိအားနည်းရပ်ဝန်း ၁ ခုဖြစ်ပေါ်နိုင်ပြီးနောက်၊ မြောက်ဘက်သို့ဆက်လက်ရွေ့လျားကာ ပိုမိုအားကောင်းလာနိုင်ပြီး၊ ဩဂုတ်လ ၁၇ ရက် နံနက်ပိုင်းတွင် အားကောင်းသောလေဖိအားနည်းရပ်ဝန်းမှ အပူပိုင်းမုန်တိုင်းအဆင့်အထိရောက်ရှိလာနိုင်ပါတယ်။ - ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်း၊ အိန္ဒိယနိုင်ငံ ဩရိဿပြည်နယ်တောင်ပိုင်းနှင့် အန်ဒရာပရာဒက်ရှ်ပြည်နယ်မြောက်ပိုင်း ကမ်းရိုးတန်းအနီးမှ လေဖိအားနည်းရပ်ဝန်းသည် ဩဂုတ်လ ၁၆ ရက် နံနက်ပိုင်းတွင် အားကောင်းသောလေဖိအားနည်းရပ်ဝန်းဖြစ်လာနိုင်သည်။ တောင်တရုတ်ပင်လယ်နှင့် ဘင်္ဂလားပင်လယ်အော်မှ လေဖိအားနည်းရပ်ဝန်းများသည် ဩဂုတ် ၁၉ ရက်နောက်ပိုင်းတွင် ပင်လယ်ပြင်မှကုန်းတွင်းသို့ ဝင်ရောက်အားပျော့သွားနိုင်ကြောင်း ကြိုတင်ခန့်မှန်းရေး MODEL များက ခန့်မှန်းထားပါတယ်။ - ဤအခြေအနေကြောင့် ဩဂုတ်လ ၁၅ ရက် မှ ၂၀ ရက်အထိ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ ပဲခူးတိုင်းအရှေ့ပိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်း၊ စစ်ကိုင်းတိုင်းနှင့် မန္တလေးတိုင်းအရှေ့ဘက်ခြမ်းမှ တောင်ကြောနှင့်နီးစပ်သောဒေသများတွင် ၄၈ နာရီအတွင်း မိုးရေချိန် ၂ လက်မ မှ ၃လက်မခန့်အထိ မိုးအသင့်အတင့်ရွာသွန်းနိုင်ပါမယ်။ - ၇ ရက်အတွင်း ရရှိနိုင်သည့် မိုးရေချိန်အခြေအနေ - · မန္တလေးတိုင်းတောင်ပိုင်းနှင့် အရှေ့ပိုင်းတောင်ကြောများပေါ်နှင့် တောင်များနှင့်နီးကပ်သည့်ဒေသများ ၇ ရက် မိုးရေချိန် ၃ လက်မခန့်ရွာသွန်းနိုင်ပြီး၊ - · မန္တလေးတိုင်းအလယ်ပိုင်းနှင့် အနောက်ပိုင်းဒေသများ ၇ ရက်အတွင်း မိုးရေချိန် ၁ လက်မ မှ ၂ လက်မခန့် ရွာသွန်းရရှိနိုင်ပါမယ်။ - · နေ့စဉ် ၂၄ နာရီအတွင်းရရှိနိုင်သည့် ပျမ်းမျှမိုးရေချိန် ၀.၅ လက်မခန့်ရှိနိုင်ပြီး၊ - · ပြင်ဦးလွင်မြို့တွင် ဩဂုတ် ၁၇ ရက်နေ့၌ ၂၄ နာရီ မိုးရေချိန် ၁.၇ လက်မခန့် ရွာသွန်းရရရှိနိုင်ပါမယ်။ - · မန္တလေးတိုင်းတောင်ပိုင်း နေပြည်တော်ကောင်စီနယ်မြေတွင် ဩဂုတ်လ ၁၅ ရက်၌ ၂၄ နာရီအတွင်း မိုးရေချိန် ၀.၈ လက်မခန့် ရွာသွန်းရရှိနိုင်ပါမယ်။ - အပူချိန်၊ လေထုစိုထိုင်းဆနှင့် လေထုညစ်ညမ်းမှုအခြေအနေ - မန္တလေးတိုင်းအတွင်း အမြင့်ဆုံးနေ့အပူချိန် ၃၁°C နှင့် အနိမ့်ဆုံး ညအပူချိန် ၂၅°C ရှိနိုင်ပြီး လေထုစိုထိုင်းဆ ၉၀% မှ ၁၀၀% အထိ ရှိနိုင်ပါမယ်။ ဩဂုတ်လ ၁၅ ရက် မှ ၁၈ ရက်နေ့အထိ မန္တလေးတိုင်းဒေသအတော်များများမှာတိမ်ဖုံးအပ်မှု ၉၀% အထက်တွင် ရှိနေနိုင်ပြီး၊ ဩဂုတ်လ ၁၉ ရက်နောက်ပိုင်းရက်များမှာ တိမ်ဖုံးအုပ်မှု ၃၀% မှ ၆၀% ခန့်ရှိနိုင်ပြီး ဒေသအချို့မှာ နေပွင့်လာနိုင်ပါတယ်။ မန္တလေးတိုင်းအတွင်း လေထုညစ်ညမ်းမှုအညွှန်းကိန်း AQI Value 40 မှ 50 အများဆုံးရှိနိုင်တာကြောင့် အန္တရာယ်များသည့်အခြေအနေမရှိပါ။ - Win Naing - Administration Team, - MMWEATHER, - https://www.mmweather.org/home - မန္တလေးတိုင်းဒေသကြီးအတွင်း ခရမ်းသီးစိုက်ပျိုးတောင်သူများအတွက် စိုက်ပျိုးရေးအကြံပေးချက် - မန္တလေးတိုင်းဒေသကြီးအတွင်း ခရမ်းသီးစိုက်ပျိုးရာတွင် သီးလုံးဖောက်ပိုးကိုသတိထားကာကွယ်ပေးပါ။ ပိုးလောက်ကောင် တစ်ကောင်မှာ အသီး ၄ လုံးလောက်ထိ ဖောက်စားနိုင်သည့်အတွက် အထွက်နှုန်းကို ထိခိုက်စေနိုင်ပါသည်။ ကာကွယ်နှိမ်နင်းနည်းလမ်းများမှာ - သီးလုံးဖောက်ပိုးဒဏ်ကို ခံနိုင်ရည်ရှိသော မျိုးကို ရွေးချယ်စိုက်ပျိုးပါ။
- အခြားသော သီးနှံများနှင့် သီးလှည့် စိုက်ပျိုးပါ။
- ပြောင်း ၊ ပဲလွန်း ၊ နံနံ စသော မျိုးရင်းမတူသီးနှံများနှင့် သီးညှပ်စိုက်ပျိုးပါ။
- ပိုးစတင်ကျရောက်လာပါက ပရိုဖီနိုဖော့ ၊ ကာဗို ဆာဖန်၊အီမာမတင် ဘန်ဇိုအိတ် ၊ လမ်ဘဒါဆိုင်ဟေလိုသရင် အစရှိတဲ့ အဆိပ်ရှိ ပိုးသတ်ဆေးတစ်မျိုးမျိုးကို ၁၅ ရက်ခြား တစ်ခါ ဖျန်းပေးပါ။
- ပန်း ၅၀ % ပွင့်ချိန်မှစ၍ ဆိုင်ပါမီသရင်း ပိုးသတ်ဆေးကို ကြိုတင်ကာကွယ်ရန်ပက်ဖျန်းပေးပါ။
 - ငါး၊ ပုစွန်ကန်များ ရေကြည်နှုန်းတာတိုင်းခြင်း အကြံပြုချက် - မွေးကန်များ ရေကြည်နှုန်းတိုင်းတာရာတွင် secchi disk ကိရိယာကို ကန်အတွင်းသို့ ချလိုက်ပါ။ စက်ဝန်းပြားရှိ အဖြူ နှင့်အမဲရောင် ကို ရေးရေးလေးမြင်ရချိန်တွင် ၊ မိမိကိုင်ထားသော သစ်သားပြားမှ ကန်ရေမျက်နှာပြင်ထိနေသော နေရာအမှတ်အသားကိုကြည့်လိုက်ပါ။ - အဆိုပါအမှတ်အသားသည် မိမိကန်၏ ရေ ကြည်နှုန်း အမှတ်ဖြစ်ပါသည်။ - ရေကြည်နှုန်း ၁၀ လက်မ ထက်နည်းနေလျှင် အစာကျွေးခြင်းကို ရပ်တန့်ရမည်။ - ပုံမှန်အစာကျွေးခြင်းကို (၁၀ - ၁၄ လက်မ) ရေကြည်နှုန်းဖြစ်လျှင် ပြုလုပ်နိုင်သည်။ - ရေကြည်နှုန်း ၂၃လက်မ အထက်ဖြင့်တက်နေပါက အစာကျွေးနှုန်းကို နဂိုထက်ပို၍မြှင့်တင်ပေးရမည်။ - စိုက်ပျိုးရေး နှင့် မွေးမြူရေး နည်းပညာများနင့် ပတ်သတ်ပြီး ဆွေးနွေးတိုင်ပင်လိုပါက ထွက်တိုးကောစင်တာ 09977910000သို့ ဆက်သွယ်နိုင်ပါသည်။ - ------ - မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 - သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို - ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. - သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
