cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ရန်ကုန်တိုင်း ဩဂုတ် ၁၈ ရက် မှ ၂၄ ရက်အထိ မိုးလေဝသအခြေအနေ

. ရာသီဥတု သတင်းများ
ရန်ကုန်တိုင်း၏ ပျမ်းမျှ အမြင့်ဆုံးနေ့အပူချိန် ၃၂°C ရှိနိုင်ပြီးအနိမ့်ဆုံးညအပူချိန် ၂၅°C ရှိနိုင်ပါတယ်။ လေထုစိုထိုင်းဆ ၈၀% မှ ၁၀၀% အတွင်းမှာ ရှိနိုင်ပြီး၊ လေထုစိုထိုင်းဆမြင့်မားခြင်းကြောင့် ခံစားရတဲ့အပူချိန် ၃၇°C ရှိနိုင်ပါတယ်။
  • ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းနှင့် အနောက်မြောက်ပိုင်းပင်လယ်ပြင်တွင်ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်းသည် အားကောင်းသော လေဖိအားနည်းရပ်ဝန်း(DEPRESSION)အဖြစ်သို့ ဩဂုတ်လ ၁၈ ရက် နံနက်ပိုင်းတွင်ရောက်ရှိလာနိုင်ပြီး ဩဂုတ် ၁၉ ရက်နေ့တွင်အနောက်ဘက် အိန္ဒိယနိုင်ငံကုန်းတွင်းသို့ ဆက်လက်ဦးတည်ရွေ့လျားသွားပါမယ်။ တောင်တရုတ်ပင်လယ် ဗီယက်နမ်နိုင်ငံ အရှေ့မြောက်ကမ်းခြေအနီးမှ လေဖိအားနည်းရပ်ဝန်း(INVEST-91W)သည်လည်း လေဖိအားနည်းရပ်ဝန်းအဆင့်ဖြင့် ဗီယက်နမ်ကမ်းခြေမြောက်ဘက် တရုတ်ပြည်နယ်စပ်အနီးမှကုန်းတွင်းသို့ ဩဂုတ် ၁၉ ရက်နေ့တွင် ဖြတ်ကျော်ဝင်ရောက်သွားနိုင်ပါမယ်။ 

    လေဖိအားနည်းရပ်ဝန်း ၂ ခုစလုံး ပိုမိုအားကောင်းလာနိင်ခြင်းမရှိသဖြင့် မြန်မာနိုင်ငံအတွက် ပုံမှန်မုတ်သုံမိုးရွာသွန်းခြင်းသာရှိနိုင်ပြီး မိုးအလွန်များနိုင်မည့်အခြေအနေမတွေ့ရပါ။ 

     ရန်ကုန်တိုင်း ဩဂုတ် ၁၈ ရက် နံနက် မှ စတင်၍ နောက် ၇ ရက်အတွင်း မိုးရွာသွန်းနိုင်သည့်အခြေအနေ 

    ·         ပင်လယ်ကမ်းခြေအနီးမှ မြို့နယ်များမှာ ၇ ရက်မိုးရေချိန် ၅ လက်မနှင့်အထက် ရွာသွန်းရရှိနိုင်ပြီး၊ ကျန်မြို့နယ်များမှာ ၃ လက်မဝန်းကျင်ခန့်သာရွာသွန်းရရှိနိုင်ပါမယ်။ 

    ·         ရန်ကုန်တိုင်းအတွင်းမှ မြို့နယ်များ၏ နေ့စဉ်ပျမ်းမျှမိုးရေချိန် အများဆုံး ၀.၆ လက်ခန့်(လက်မဝက်ကျော်ကျော်ခန့်သာ ရွာသွန်းရရှိနိုင်ပြီး ပင်လယ်ကမ်းရိုးတန်းနှင့်ပိုနီးသော သံလျှင်၊ ခရမ်း၊ သုံးခွ၊ ကွမ်းခြံကုန်းစသည့် မြို့နယ်များတွင် မိုးအနည်းငယ်ပိုနိုင်ပါမယ်။ နေရာကွက်ပြီးမိုးသည်းထန်ခြင်းမှအပ ၂၄ နာရီ မိုးရေချိန် ၁ လက်မ မကျော်နိုင်ပါ။ 

    ·         ရန်ကုန်တိုင်းမှာ မိုးလယ်ကာလကုန်ဆုံးရင် ဩဂုတ် ၃၁ ရက်နီးမှ မိုးအနည်းငယ်ပြန်များလာနိုင်ပါမယ်။ 

    အပူချိန်၊ လေထုစိုထိုင်းဆနှင့် လေထုညစ်ညမ်းမှုအခြေအနေ 

    ·         ရန်ကုန်တိုင်း၏ ပျမ်းမျှ အမြင့်ဆုံးနေ့အပူချိန် ၃၂°C ရှိနိုင်ပြီးအနိမ့်ဆုံးညအပူချိန် ၂၅°C ရှိနိုင်ပါတယ်။ လေထုစိုထိုင်းဆ ၈၀% မှ ၁၀၀% အတွင်းမှာ ရှိနိုင်ပြီး၊ လေထုစိုထိုင်းဆမြင့်မားခြင်းကြောင့် ခံစားရတဲ့အပူချိန် ၃၇°C ရှိနိုင်ပါတယ်။ 

    ·         လေထုညစ်ညမ်းမှုအညွှန်းကိန်း(AQI Value)က ရန်ကုန်မြောက်ပိုင်းခရိုင်တွေမှာ ၄၅ နဲ့ ရန်ကုန်တောင်ပိုင်းခရိုင်တွေမှာ ၂၀ ဝန်းကျင်ရှိတာကြောင့် အန္တရာယ်မရှိပါ။ 

    ပင်လယ်ပြင်အခြေအနေ 

    ရန်ကုန်တိုင်းတောင်ဘက်ကမ်းရိုးတန်းအနီးမှ ပင်လယ်ပြင်မှာ လှိုင်းအမြင့် ၅ ပေခန့်ရှိနိုင်ပြီး တောင်ဘက်နှင့် အနောာက်တောင်ဘက်အရပ်မှ လေတိုက်နှုန်း တနာရီ မိုင် ၂၀ မှ မိုင် ၃၀ ခန့်အထိ ရှိနိုင်ပါမယ်။ 

    Win Naing 

    Administration Team, 

    MMWEATHER, 

    https://www.mmweather.org/home 

    ငါးသားပေါက် (ငါးမှုံ) သန့်စင်မှု နည်းစဉ်အဆင့်ဆင့်။ 

    - ငါးသားပေါက် (ငါးမှုံ) များအား ထည့်သွင်းမွေးမြူခြင်းမပြုမီ (၂၀ ဂရမ်/လက်တစ်ဆုပ် စာ ဆားကို ၁၀ လီတာ ရှိသော ရေဖြင့် ရောဖျော်ထားသော) ဆားရည် အပြည့်ဖြည့်ထား သော လက်ဆွဲပုံးတစ်လုံးအတွင်း၌ တစ်မိနစ် (သို့) ငါးခံနိုင်ရည်ရှိသလောက် ခေတ္တထည့် ထားပြီးမှ ငါးကန်ထဲသို့ ထည့်ပေးရမည်။ သို့မဟုတ် (၁၀ လီတာ ရှိသော ရေတွင် ပိုတက် ဆီယမ် ပါမင်းဂနိတ် ၅ ဂရမ် သို့ လက်ဖက်ရည်ဇွန်းတစ်ဇွန်းစာနှင့် ရောဖျော်ထားသော) ပျော်ရည်အပြည့်ပါသော ပုံးတစ်လုံးအတွင်း၌ ခေတ္တ ကူးခတ်သန့်စင်စေပြီးမှ ငါးကန်ထဲ သို့ ထည့်ပေးရမည်။   

    - ရေစစ်ဇကာပိုက်အထူတစ်ခုကို ပုံးထဲ ထည့်ထားခြင်းဖြင့် ငါးမှုံများ ကို ထိုပိုက်အတွင်း ကူးခတ်စေပြီး၊ ထိုပိုက်ဖြင့်ပင် ပြန်ဆယ်ယူရွှေ့ပြောင်းပေးခြင်းပြုလုပ် ရမည်။ ဤလုပ်ငန်းစဉ်ကို ငါးမှုံများအား ကန်တွင်းသို့ မပြောင်းရွှေ့မီ ပြုလုပ်လျှင် ပိုကောင်းသည်။  

    - အထက်တွင် ဖော်ပြခဲ့သော ပျော်ရည်ထဲသို့ ငါးမှုံ ကောင်ရေ ၃၀၀ မှ ၅၀၀ အထိအား ၅ ကြိမ်နီးပါး ထည့်သွင်းကူးခတ်သန့်စင်စေနိုင်သည်။ 

    စိုက်ပျိုးရေး၊ မွေးမြူရေး နည်းပညာများနင့် ပတ်သတ်ပြီး ဆွေးနွေးတိုင်ပင်လိုပါက ထွက်တိုးကောစင်တာ 09977910000သို့ ဆက်သွယ်နိုင်ပါသည်။    

    ----------------           

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12             

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို              

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.             

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437   


  • article
likes
4
comments
0
views
2634