ဧရာဝတီတိုင်း ဩဂုတ်လ ၂၁ ရက် မှ ၂၇ ရက်အထိ မိုးလေဝသအခြေအနေ
- ဩဂုတ်လ ၂၃ ရက် ည မှာ ဖိလစ်ပိုင်နိုင်ငံအနောက်ဘက်၊ ကမ်းခြေအနီး၊ တောင်တရုတ်ပင်လယ်မှာ လေဖိအားနည်းရပ်ဝန်းစတင်ဖြစ်ပေါ်လာပြီး အနောက်ဘက်ကို ဆက်လက်ရွေ့လျားကာ ဩဂုတ် ၂၅ ရက် နံနက်အစောပိုင်းမှာ အပူပိုင်းမုန်တိုင်းဖြစ်လာနိုင်ကြောင်း၊ ၂၅ ရက်နေ့ ညပိုင်းမှာ ဟိုင်နန်ကျွန်းတောင်ပိုင်းကိုဖြတ်ကျော်ပြီး ဗီယက်မ်နိုင်ငံအရှေ့ဘက် တုံကင်ပင်လယ်ကွေ့မှာ တိုင်ဖွန်းမုန်တိုင်းဖြစ်လာနိုင်ကြောင်း ECMWF နှင့် Meteoblue NEMS-Global model များမှ ကြိုတင်ခန့်မှန်းချက်မှာ တွေ့ရပါတယ်။ GFS နဲ့ ICON model တွေမှာတော့ ဩဂုတ် ၂၆ ရက်အထိ ဟိုင်နန်ကျွန်းအရှေ့ဘက်တောင်တရုတ်ပင်လယ်မှာရှိနေနိုင်ပြီး ၂၉ ရက်နေ့မှာ တုံကင်ပင်လယ်ကွေ့မှတဆင့် ဗီယက်နမ်နိုင်ငံမြောက်ပိုင်းကို ဦးတည်ရွေ့လျားနိုင်ကြောင်းတွေ့ရပါတယ်။ - ** သင်္ချာပုံစံပြု model များ၏ မုန်တိုင်းအား၊ လမ်းကြောင်းနှင့် ရက်/အချိန်ကြိုတင်ခန့်မှန်းချက်များ တပြေးညီမဖြစ်သေးပါ။ - လက်ရှိကြိုတင်ခန့်မှန်းချက်တွေအရ ဩဂုတ်လ ၂၇-၂၈ ရက်တွေမှာ လာအိုနဲ့ထိုင်းနိုင်ငံမြောက်ပိုင်းတွင် ၂၄ နာရီအတွင်း မိုးရေချိန် ၅ လက်မအထက်ရွာနိုင်ပြီး မိုးများနိုင်ကြောင်းတွေ့ရပါတယ်။ - တောင်တရုတ်ပင်လယ်မှ မုန်တိုင်းအရှိန်သက်ရောက်မှုကြောင့် - - · မြန်မာနိုင်ငံအရှေ့ပိုင်းဒေသတွေဖြစ်တဲ့ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တောင်ပိုင်း၊ ကယားပြည်နယ်နဲ့ ပဲခူးတိုင်းအရှေ့ပိုင်း-စစ်တောင်းမြစ်ဝှမ်းဒေသတွေနဲ့ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းမြောက်ပိုင်း(ထားဝယ်မြို့အထက်ဘက်)တွေမှာ ဩဂုတ်လ ၁၇ ရက် နောက်ပိုင်းမှ ဩဂုတ်လ-လကုန်ရက်တွေအထိ မိုးအသင့်အတင့်မှမိုးများလာနိုင်ပါမယ်။ - · ဩဂုတ် ၂၉ ရက်နဲ့နောက်ပိုင်းမှာ အရှေ့ဘက်မှလေပွေလှိုင်း/မုန်တိုင်းအကြွင်းအကျန်များက အလယ်ပိုင်းမိုးနည်းရေရှားဒေသတွေဖြစ်တဲ့ မန္တလေးတိုင်းတောင်ပိုင်း၊ နေပြည်တော်၊ မကွေးတိုင်း၊ ပဲခူးတိုင်းအနောက်ခြမ်းမှ ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ချင်းပြည်နယ်တောင်ပိုးဒေသတွေအထိရောက်ရှိပြီး အဲ့ဒီဒေသတွေမှာ မိုးပိုလာနိုင်ပါတယ်။ - ဧရာဝတီတိုင်းအတွင်း မိုးရွာသွန်းနိုင်သည့်အခြေအနေ - · ဧရာဝတီတိုင်းရဲ့မြို့နယ်တော်တော်များများမှာ ၂ ရက်-၃ ရက် ဆက်ပြီး၊ နေ့စဉ် ၂၄ နာရီအတွင်း မိုးရေချိန် ၁.၂ လက်မအထက်(မိုးအသင့်အတင့်) ရွာသွန်းရရှိနိုင်ပါတယ်။ - · ပုသိမ်၊ ဟိုင်းကြီးကျွန်း၊ ပြင်စလူ၊ ဆားမလောက် မြို့နယ်တွေမှာ ၂၃-၂၄-၂၅ .. ၃ ရက် ဆက်တိုက်၊ - · ကျောင်းကုန်း၊ ဟင်္သာတ၊ ပန်းတနော်၊ ညောင်တုန်းမြို့နယ်တွေမှာ ၂၃-၂၅-၂၆ .. ၃ ရက်ဆက်တိုက်၊ - · လပွတ္တာမှာ ဩဂုတ် ၂၃-၂၄ .. ၂ ရက်၊ ငွေဆောင်-ချောင်းသာနဲ့ ငရုတ်ကောင်း ကမ်းခြေတွေမှာ ၂၃-၂၅ .. ၂ ရက်၊ - · ဧရာဝတီတိုင်းမြောက်ပိုင်းက မြန်အောင်/ကြံခင်း/အင်္ဂပူ အပါအဝင် အချို့မြို့နယ်တွေမှာ ၇ ရက်အတွင်း ရွာသွန်းရရှိနိုင်မည့် မိုးရေချိန်ပမာဏ ၆ လက်မခန့်ရှိနိုင်တာကြောင့် နေ့စဉ် ၂၄ နာရီအတွင်း ရွာသွန်းရရှိနိုင်မည့် မိုးရေချိန်က ၁ လက်မ အောက်၊ ၁ လက်မ ဝန်းကျင်မှာသာရှိနိုင်/မိုးနည်းနိုင်ပါတယ်။ - အပူချိန်၊ လေတိုက်နှုန်း၊ လေထုစိုထိုင်းဆနှင့် လေထုညစ်ညမ်းမှုအခြေအနေကြိုတင်ခန့်မှန်း - ဧရာဝတီတိုင်းတခုလုံးမှာ ပျမ်းမျှအမြင့်ဆုံးနေ့အပူချိန် ၃၀°C နဲ့ အနိမ့်ဆုံးညအပူချိန် ၂၅°C ရှိနိုင်ပြီး လေထုစိုထိုင်းဆ ၈၅% ရှိနိုင်ပါမယ်၊ လေထုစိုထိုင်းဆမြင့်မားချိန် ခံစားရတဲ့အပူချိန်က ၄၁°C အထိ ရှိနေနိုင်ပါတယ်။ - လေထုညစ်ညမ်းမှုအညွှန်းကိန်း(AQI Value)က 20 ဝန်းကျင်မှာသာရှိပြီး အန္တရာယ်ရှိသည့်အခြေအနေမဟုတ်ပါ။ - Win Naing - Administration Team, - MMWEATHER, - https://www.mmweather.org/home - ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မိုးစပါးစိုက်တောင်သူများထံသို့ - နှံစုပ်ဂျပိုးကာကွယ်နှိမ်နင်းနည်းအကြံပြုချက် ... - စိုက်ခင်းစိုထိုင်းဆ ၈၀ % နှင့်အပူချိန် ၃၀ ဒီဂရီဝန်းကျင်အခြေအနေတွင် စပါးနို့ရည်တည်ချိန်၊ နှံစပြူချိန်နှင့်တိုက်ဆိုင်ပါက နှံစုပ်ဂျပိုးကျရောက်နိုင်ကြောင်း သတိပြုစေဖို့နဲ့ နှံစုပ်ဂျပိုးကျရောက်ပါက ပြုလုပ်နိုင်မယ့် ကာကွယ်နှိမ်နင်းနည်းများကို အကြံပြုဆွေးနွေးပေးလိုက်ပါတယ်။
- အရွက်အပေါ်မျက်နှာပြင်ပေါ်မှာ တန်းစီပြီးအုထားတဲ့ ဂျပိုးဥတွေကိုတွေ့ပါက သေချာပေါက်ကောက်ယူပြီး အိတ်ထဲထည့်လာပါ။
- နှံစုပ်ပိုးက နေ့လည်ဘက်မှာ စပါးပင်ခြေ၊ အောက်မျက်နှာပြင်မှာခိုအောင်းနေတတ်ပါတယ်၊ မနက်ခင်းနေရောင်ခြည်မထွက်ခင် အပင်၊ အနှံကိုစုပ်ယူဖျက်ဆီးပြီး ညနေဘက်မှာ မိတ်လိုက်ပါတယ်။
- ဒါကြောင့် ဓာတုဆေးအနေနဲ့ Acetamiprid, Profenofos, Indoxacarb တို့လိုဆေးမျိုးကိုမနက်ခင်းပိုင်းဖျန်းပေးပါ။
- ပေါင်းမြက်တွေကိုလည်းသေချာရှင်းပေးပါ။
 - ငါးဒန်အစာကျွေးခြင်းဆိုင်ရာ အကြံပြုချက် - ငါးဒန်သည် ငါးကြင်းအုပ်စုဝင်ငါးများထက် သဘာဝအစာဖြစ်သော အပင်မျှောလှေးနှင့် အကောင် မျှောလှေးများတွင် အကောင်မျှောလှေးကို ပိုမိုကြိုက်နှစ်သက်ပါသည်။ - ထို့အပြင် ငါးကြင်းအုပ်စုဝင်ငါးများထက် အစာစားနှုန်းများပါသည်။ ငါးဒန်သည် အစုံစားသတ္တဝါဖြစ်ပြီး အသားဓါတ်ပါသော အစာကို ကြိုက်နှစ်သက်ပါသည်။ - ဖြည့်စွက်စာကျွေးပါက ပရိုတိန်း ၂၅ရာခိုင်နှုန်းအထက်ပါသော အစာတောင့်ကိုကျွေးပါက ပိုပြီး ကောင်းမွန်ပါသည်။ ငါးဒန်သည် အစာကောင်းစွာ စားသုံးရပါက ကြီးထွားနှုန်းမြန်သော ငါးမျိုးစိတ် ဖြစ်ပါသည်။ - ဖြည့်စွက်စာကျွေးနည်းလေ့လာရန် လင့်ကို နှိပ်ပါ - https://htwettoe.com/post/44817 - စိုက်ပျိုးရေး၊ မွေးမြူရေး နည်းပညာများနင့် ပတ်သတ်ပြီး ဆွေးနွေးတိုင်ပင်လိုပါက ထွက်တိုးကောစင်တာ 09977910000သို့ ဆက်သွယ်နိုင်ပါသည်။ - -------------- - မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 - သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို - ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. - သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
