ရန်ကုန်တိုင်း ဩဂုတ်လ ၂၅ ရက် မှ ဩဂုတ်လ ၃၁ ရက်အထိ မိုးလေဝသအခြေအနေ
ပင်လယ်ပြင်များမှထူးခြားသည့် မိုးလေဝသအခြေအနေ
· ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်း၊ ဩရိဿပြည်နယ်ကမ်းရိုးတန်းအနီး ဩဂုတ်လ ၂၇ ရက်နေ့မှာ လေဖိအားနည်းရပ်ဝန်း ၁ ခုဖြစ်ပေါ်လာနိုင်သော်လည်း ပိုမိုအင်အားကောင်းလာနိုင်ခြင်းမရှိပဲ ၂၄ နာရီအတွင်းကုန်းတဝက်ရေတဝက်လေဖိအားနည်းရပ်ဝန်းဖြစ်ပြီး အားပြန်ပျော့သွားနိုင်ပါတယ်။၊ လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်ခြင်းကြောင့် ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းမှာသာ အနောက်တောင်မုတ်သုံလေအားအသင့်ရှိနေနိုင်ပြီး ကျန်ဘင်္ဂလားပင်လယ်အော်မှာ အားနည်းနေနိုင်ပါတယ်။
· တောင်တရုတ်ပင်လယ်မှ အချင်းမိုင် ၃၀၀ ကျော်အရွယ်အစားရှိသည့် CAT-3 အဆင့် တိုင်ဖွန်းမုန်တိုင်း KAJIKI က ၂၅ ရက် ညမှာ ဗီယက်နမ်ကမ်းခြေကို လုံးဝကျော်ဖြတ်ဝင်ရောက်သွားပြီးတဲ့နောက် ကုန်းတွင်းလေဖိအားနည်းရပ်ဝန်းအနေနဲ့ အနောက်ဘက် လာအိုနိုင်ငံ၊ ထိုင်းနိုင်ငံမြောက်ပိုင်းနဲ့ မြန်မာနိုင်ငံအရှေ့ပိုင်းဒေသတွေအထိ လေပွေလှိုင်းအဖြစ် ဆက်လက်ရွေ့လျားနိုင်မှာဖြစ်ပြီး မြန်မာနိုင်ငံအလယ်ပိုင်းမန္တလေးတိုင်းနှင့် မကွေးတိုင်းမြောက်ပိုင်း၊ စစ်ကိုင်းတိုင်းအောက်ပိုင်းဒေသတွေအထိ ဆက်လက်ရွေ့လျားနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။
· လေပွေလှိုင်းနဲ့အတူပါလာမဲ့ မုန်တိုင်းအကြွင်းအကျန်မိုးတိမ်တွေက ရှမ်းပြည်နယ်အရှေ့ပိုင်းနှင့်တောင်ပိုင်းဒေသအချို့၊ မန္တလေးတိုင်းနဲ့ စစ်ကုင်းတိုင်း၊ ကချင်ပြည်နယ်တို့ထံရောက်ရှိ/မိုးများနိုင်ပြီး နိုင်ငံတောင်ပိုင်းက ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသတွေမှာ မိုးအသင့်အတင့်သာရွာသွန်းနိုင်ပါတယ်။
ယခု တပတ်အတွင်းရန်ကုန်တိုင်း မိုးရွာသွန်းနိုင်သည့်အခြေအနေ
· တိုင်ဖွန်းမုန်တိုင်းအကြွင်းအကျန်များသက်ရောက်မှုက ရန်ကုန်တိုင်းအထိရောက်လာနိုင်ခြင်းမရှိတာနဲ့ အနောက်တောင်မုတ်သုံလေအားလျော့နေနိုင်ခြင်းတို့ကြောင့် ရန်ကုန်တိုင်းမှာ နေ့စဉ်ပုံမှန်မုတ်သုံမိုးရွာသွန်းနိုင်ခြင်းသာရှိနိုင်ပါမယ်။
· နေ့စဉ် မိုးအနည်းငယ်မှ မိုးအသင့်အတင့်ရွာနိုင်ပြီး နေရာကွက်၍ ခေတ္တမျှမိုးသည်းထန်တာရှိနိုင်မယ်၊ မိုးရေချိန်များနိုင်မှာတော့ မဟုတ်ပါ။
· ရန်ကုန်တိုင်းတခုလုံးမှာ ယခု ၁ ပတ်အတွင်းအများဆုံးရရှိနိုင်သည့်မိုးရေချိန်ပမာဏ ၄ လက်မခန့် ရှိနိုင်ပါတယ်။
အပူချိန်၊ လေတိုက်နှုန်း၊ လေထုစိုထိုင်းဆနှင့် လေထုညစ်ညမ်းမှုအခြေအနေ
· ယခု တပတ်အတွင်း အမြင့်ဆုံးနေ့အပူချိန် ၃၁°C နှင့် အနိမ့်ဆုံးညအပူချိန် ၂၆°C နှင့် ခံစားရသည့်အပူချိန် ၃၇°C ရှိနိုင်ပြီး လေထုစိုထိုင်းဆ ၇၀% မှ ၉၀% ရှိနိုင်သည်၊
· အနောက်ဘက်အရပ်မှ လေတိုက်နှုန်းအမြင့်ဆုံး တနာရီ ၁၈ မိုင်နှုန်းနှင့်
လေထုညစ်ညမ်းမှုအညွှန်းကိန်း(AQI Value)50 ရှိနိုင်ပါမည်။
Win Naing
Administration Team,
MMWEATHER,
https://www.mmweather.org/home
ငါး/ပုစွန် ကန်များအတွက်အကြံပြုချက်
ကန်အတွင်းမွေးမြူထားသော ငါးများသည် ကန်ရေ အရည်အသွေးကောင်းမွန်ပါက သွားလာ လှုပ်ရှားခြင်း၊ အစာစားခြင်း၊ ရောဂါ ကျရောက်မှုနည်းပါးခြင်းနှင့် ငါးများအပေါ် ဖိစီးမှုနည်းခြင်းများ ဖြစ်ပေါ် စေပါသည်။ ငါးကန် အရည်အသွေးကျဆင်းပါက အစာစားနှုန်းကျဆင်းပြီး ငါးများတွင် အင်အားချိနဲ့လာပါ သည်။ ထို့အပြင် ငါးများအပေါ် ဖိစီးမှုများ ရှိလာပြီး ရောဂါဝင်ရောက်မှုလည်း မြန်ဆန်လာပါသည်။
ငါးမွေးမြူရေးလုပ်ငန်းစဉ်တွင် ရေ၏ချဉ်ဖန်နှုန်းသည် ၆ မှ ၉ အတွင်းမွေးမြူနိုင်ခြင်း၊
ကန်ရေ၏အပူချိန်သည် ၂၅ ဒီဂရီစင်တီဂရိတ်မှ ၃၂ဒီဂရီစင်တီဂရိတ်အတွင်း ရှိရပါမည်။
ရေကြည်နှုန်းသည် ၁၂လက်မမှ ၁၈လက်မ အတွင်း ရှိရမည်ဖြစ်ပြီး ၊
ပျော်ဝင်အောက်စီဂျင်သည် ၃ပီပီအမ်မှ ၅ပီပီအမ် အတွင်းရှိရမည်ဟု သတ်မှတ်ကြပါသည်။
ဆက်လက်ပြီး ရေလုပ်ငန်းနှင့် ပတ်သတ်ပြီး အကြံဉာဏ်များ ရယူလိုပါက ထွက်တိုးဆော့ဝဲလ်တွင်မေးမြန်းနိုင်ပါသည်။ --------------
မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12
သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို
ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.
သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437


ပင်မစာမျက်နာ
အဖွဲ့များ
စူးစမ်းရန်
စာတို
ကျွန်ုပ်
စျေးနှုန်း