မကွေးတိုင်း စက်တင်ဘာလ ၃ ရက်မှ ၉ ရက်အထိ မိုးလေဝသအခြေအနေ
ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းမှာ လေဖိအားနည်းရပ်ဝန်း ၁ ခု စတင်ဖြစ်ပေါ်လျှက်ရှိပြီး မြောက်-အနောက်မြောက်ဘက်၊ အိန္ဒိယကမ်းရိုးတန်းဘက်သို့ ဆက်လက်ရွေ့လျားနိုင်ကာ စက်တင်ဘာ ၃ ရက် ညနေပိုင်းမှာ အန်ဒရာပရာဒက်ရှ်ပြည်နယ်ကမ်းရိုးတန်းကို ဖြတ်ကျော်ပြီးကုန်းတွင်းသို့ဝင်ရောက်သွားနိုင်ပါမယ်၊ အားအကောင်းဆုံးအဆင့် Well-Marked LPA အဆင့်သို့သာရောက်နိုင်ကြောင်းခန့်မှန်းရပါတယ်။ လေဖိအားနည်းရပ်ဝန်းကြောင့် အနောက်တောင်မုတ်သုံလေ အားအသင့်အတင့်မှ အားကောင်းနေနိုင်ပြီး မြန်မာနိုင်ငံတောင်ပိုင်းဒေသတွေမှာ မိုးအနည်းငယ်ပိုလာနိုင်ပါတယ်။
မကွေးတိုင်းတွင် ရွာသွန်းရရှိနိုင်မည့် မိုးအခြေအနေ
· မကွေးတိုင်းတခုလုံး မိုးအနည်းငယ်မှ မိုးအသင့်အတင့်ရွာနိုင် ၇ ရက်အတွင်းပျမ်းမျှမိုးရေချိန် ၀.၅ လက်မမှ ၂.၅ လက်မခန့် ရွာသွန်းနိုင်ပြီး၊
· အနောက်-အနောက်မြောက်ပိုင်း ချင်းတောင်တန်းတောင်ခြေနှင့်နီးသောဒေသများတွင် မကွေးတိုင်းအလယ်ပိုင်းမှ မကွေးမြို့၊ မင်းဘူးမြို့၊ ပခုက္ကူမြို့များနှင့်နှိုင်းယှဉ်ပါက ၇ ရက်မိုးရေချိန်အနည်းငယ်ပိုနိုင်ပါတယ်။
· မကွေးတိုင်းမြောက်ပိုင်း - ပခုက္ကူ၊ ရေစကြို၊ မြိုင်စသည့်မြို့နယ်များမှာ ၇ ရက်မိုးရေချိန် ၀.၅ လက်မ မှ ၁ လက်မခန့်၊
· မကွေးတိုင်းအလယ်ပိုင်း မကွေး၊ မင်းဘူး၊ နတ်မောက်နှင့်တောင်တွင်းကြီးမြို့နယ်များတွင် ၇ ရက်မိုးရေချိန် ၁ လက်မ မှ ၁.၅ လက်မခန့်၊
· မကွေးတိုင်းတောင်ပိုင်း အောင်လံ၊ ပွင့်ဖြူမြို့နယ်များတွင် ၇ ရက် မိုးရေချိန် ၁.၅ လက်မ မှ ၂ လက်မခန့်၊
· မကွေးတိုင်းအနောက်-အနောက်မြောက်ပိုင်းမှ ဂန့်ဂေါ၊ ဆော၊ ထီးလင်းနှင့် ချင်းတောင်တန်းတောင်ခြေမှ မြို့နယ်များမှာ ၇ ရက် မိုးရေချိန် ၂ လက် မ မှ ၂.၅ လက်မ ခန့်ရွာသွန်းနိုင်ပါမယ်
အပူချိန်၊ လေတိုက်နှုန်း၊ လေထုစိုထိုင်းဆနှင့် လေထုညစ်ညမ်းမှုအခြေအနေများ
· မကွေးတိုင်းတွင် အမြင့်ဆုံးနေ့အပူချိန် ၃၄°C နှင့် အနိမ့်ဆုံးညအပူချိန် ၂၅°C ရှိနိုင်ပြီး၊
· တောင်ဘက်နှင့်အရှေ့တောင်ဘက်မှ အမြင့်ဆုံးလေတိုက်နှုန်း တနာရီ ၁၄ မိုင်မှ တနာရီ ၂၀ မိုင်အထိရှိနိုင်ပါမယ်။
· ခံစားရသောအပူချိန်(Apparent Temperature) ပခုက္ကူနဲ့ချောက်မြို့တွေမှာ ၄၀°C အထိရှိနိုင်ပါမယ်။
· နံနက်ပိုင်းနှင့် မွန်းလွဲ/ညနေပိုင်းအချိန်များမှာ လေထုစိုထိုင်းဆ ၉၀% မှ ၁၀၀% ရှိနိုင်ပြီး နေ့လည်ပိုင်းအချိန်တွေမှာ ၆၀% ရှိနိုင်ပါမယ်
· လေထုညစ်ညမ်းမှုအညွှန်းကိန်း(AQI Value) 40 ရှိနိုင်ပြီး အန္တရာယ်ရှိသည့် level သို့ မရောက်ပါ။
Win Naing
Administration Team,
MMWEATHER,
https://www.mmweather.org/home
ငါးအစာကျွေးခြင်းနည်းလမ်း
- မိမိထည့်သွင်းမွေးမြူထားသောငါးမျိုးစိတ်များနှင့် ငါးမွေးမြူသည့်နည်းစနစ်ပေါ်မူတည်ပြီး ငါးအ စာ ကျွေးခြင်း နည်းလမ်းအမျိုးမျိုးရှိပါသည်။ မိမိသတ်မှတ်ထားသည့် ပုံမှန်နေရာ (၄)နေရာ (သို့) (၆) နေရာ၌ အညီအမျှ ကျဲပက်၍အစာကျွေးခြင်း။
- ကန်ဘောင်မှ (၆)ပေ (သို့) (၁၀)ပေခန့်ရှည်သော လူသွားလမ်း (သို့) တံတားပြုလုပ်၍ အစာကို ကျဲပက်ကျွေးခြင်း၊ ကန်အလယ်၌ စင်ပြုလုပ်၍ ပက်ကျွေးမွေးခြင်း၊ အစာဗန်းပြုလုပ်၍ ကျွေးခြင်း။
- ကန်ထဲလှေစီးပြီး ကန်၏ တစ်ဘက်တစ်ချက်သို့ သွားရောက်၍ အစာပက်ကျွေးခြင်း။
- ကြီးသောကန်အမျိုးအစားများအတွက် ကြိုး (၂) ချောင်း (သို့) (၃) ချောင်းအား ကန်၏ အရှည် အကျယ်အတိုင်း တားစေပြီး ၄င်းကြိုးလေးများအရှည်အတိုင်း လှေဖြင့်ဖြစ်စေ ဝါးဖောင်ဘောဖြင့် အစာကျွေးနိုင်ပါသည်။
---------------
မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12
သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို
ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.
သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437


ပင်မစာမျက်နာ
အဖွဲ့များ
စူးစမ်းရန်
စာတို
ကျွန်ုပ်
စျေးနှုန်း