ပဲခူးတိုင်း စက်တင်ဘာလ ၉ ရက် မှ စက်တင်ဘာလ ၁၅ ရက်အထိ မိုးလေဝသအခြေအနေ
- ပင်လယ်ပြင်မှ ထူးခြားမိုးလေဝသအခြေအနေများ - တိုင်ဖွန်းမုန်တိုင်း TAPAH အကြွင်းအကျန်များသည် မြန်မာနိုင်ငံအရှေ့မြောက်ပိုင်းနှင့် အနောက်မြောက်ပိုင်း(ရှမ်းပြည်နယ်မြောက်ပိုင်း/အရှေ့ပိုင်းနှင့် ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းအထက်ပိုင်းဒေသများ)သို့ ဆက်လက်ရွေ့လျားနိုင်ပြီး မိုးအသင့်အတင့်ရွာနိုင်၊ နေရာကွက်၍မိုးများနိုင်ပါမယ်။ - အနောက်တောင်မုတ်သုံလေအားအသင့်အတင့်မှ အားကောင်းနေပြီး - - · မြန်မာနိုင်ငံတောင်ပိုင်း(ရခိုင်ပြည်နယ်၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ နေပြည်တော်၊ ရန်ကုန်တိုင်း၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်း)တို့တွင် မုတ်သုံမိုးအနည်းငယ်မှအသင့်အတင့်ရွာသွန်းနိုင်ပြီး၊ - · အလယ်ပိုင်းမိုးနည်းရေရှားဒေသများဖြစ်သည့် မကွေးတိုင်း၊ စစ်ကိုင်းတိုင်းအောက်ပိုင်းနှင့် မန္တလေးတိုင်း တို့တွင် မိုးအနည်းငယ်ရွာနိုင်ကြောင်း NWP ကြိုတင်ခန့်မှန်းချက်များတွင် တွေ့ရပါတယ်။ - · တောင်တရုတ်ပင်လယ်နှင့် ဘင်္ဂလားပင်လယ်အော်အတွင်း အထက်လေပွေလှိုင်း - UACC ၁ ကြိမ်/၂ ကြိမ်ခန့် ဖြစ်ပေါ်နိုင်သည်မှအပ လေဖိအားနည်းရပ်ဝန်း/မုန်တိုင်းစသည်တို့ ဖြစ်ပေါ်မည့်အခြေအနေမတွေ့ရပါ။ - ပဲခူးတိုင်းအတွင်း မြို့နယ်အချို့၏ ၇ ရက်အတွင်း ရွာသွန်းရရှိနိုင်သည့် မိုးရေချိန် - · ပဲခူးတိုင်းတောင်ပိုင်းနှင့် အနောက်ပိုင်းဒေသများတွင် ၇ ရက်အတွင်း မိုးရေချိန် 90-115 mm = ၃.၅ လက်မ မှ ၄.၅ လက်မခန့်ရွာသွန်းရရှိနိုင်ပါမယ်။ - · ပဲခူးမြို့နှင့်အနီးပတ်ဝန်းကျင် မြို့နယ်များ စက်တင်ဘာ ၉/၁၀ ၂ ရက်ဆက်၍ မိုးအသင့်အတင့်မှ မိုးများနိုင်သည်။ - · တောင်ငူ၊ အုတ်တွင်း၊ ရေတာရှည် 50-70mm – ၂.၀ လက်မ မှ ၂.၈ လက်မ - · ဖြူး၊ ကျောက်တံခါး၊ ရွှေကျင် 40-60mm – ၁.၆ လက်မ မှ ၂.၄ လက်မ - · ဝေါ၊ သနပ်ပင်၊ ကဝ 55-80mm - ၂.၂ လက်မ မှ ၃.၈ လက်မ - · လက်ပံတန်း၊ မင်းလှ၊ နတ္တလင်း၊ သုံးဆယ် - 75-95 mm - ၃.၀ လက်မ မှ ၃.၈ လက်မ - · ထန်းတပင်၊ ပြည်၊ ပန်းတောင်း၊ ကြို့ပင်ကောက် - 90-115 mm - ၃.၅ လက်မ မှ ၄.၅ လက်မ - · ပဲခူးတိုင်းအတွင်း စက်တင်ဘာလ ၁၀/၁၁/၁၄ ရက်နေ့များသည် မိုးထစ်ချုန်းရွာသွန်းနိုင်ပြီး မိုးပိုနိုင်မည့် ရက်များဖြစ်ပါမယ်။ - အပူချိန်၊ လေတိုက်နှုန်း၊ လေထုစိုထိုင်းဆနှင့် လေထုညစ်ညမ်းမှုအခြေအနေများ - · စက်တင်ဘာလ ၁၂ ရက်နောက်ပိုင်း အမြင့်ဆုံးနေ့အပူချိန် ၃၂°C၊ အနိမ့်ဆုံး ညအပူချိန် ၂၄°C နှင့် လေထုစိုထိုင်းဆမြင့်မားချိန် ပဲခူးတိုင်းတောင်ဘက်၊ ညောင်လေးပင်မြို့နယ်အောက်ဘက်ဒေသများ၊ ပဲခူးတိုင်းအနောက်တောင်ဘက် လက်ပံတန်းမြို့နှင့်အောက်ဘက်ဒေသများမှာ ခံစားရသည့်အပူချိန်(Feels Like Temperature) ၃၉°C မှ ၄၀°C အထိရှိနေနိုင်ပါမယ်။ - · ပဲခူးတိုင်းအတွင်း အရှေ့တောင်ဘက်နှင့် အနောက်တောင်ဘက်အရပ်များမှ လေတိုက်နှုန်းအမြင့်ဆုံး တနာရီ ၁၅ မိုင်အထိ ရှိနိုင်ပါတယ်။ - · ပဲခူးတိုင်းတောင်ဘက် စစ်တောင်းမြစ်ဝနှင့် မုတ္တမကွေ့ပင်လယ်ပြင်တွင် ပုံမှန်အချိန်၌ လှိုင်းအမြင့် ၂ ပေခန့်ရှိနိုင်ပြီး၊ ဒီရေတက်ချိန်တွင် ၄ ပေ ခန့်ရှိနိုင်ပါတယ်။ - ယခုတပတ်အတွင်း ပဲခူးတိုင်းရဲ့ လေထုညစ်ညမ်းမှုအညွှန်းကိန်း AQI Value = 40 ရှိနိုင်ပြီး အန္တရာယ်မရှိနိုင်ပါ။ - Win Naing - Administration Team, - MMWEATHER - ငါး/ပုစွန် ကန်များအတွက် အကြံပြုချက် - မိုးရွာသွန်းသော အချိန်တွင် ကန်ရေ၏ချဉ်ဖန်နှုန်းကျဆင်းခြင်း၊ ကန်ရေအပူချိန် ကျဆင်းခြင်းတို့ကြောင့် အစာကျွေးခြင်းကို ခေတ္တရပ်ဆိုင်းထားကြရပါမည်။ နေ့ပွင့်ချိန်မှာ ပြန်ကျွေးနိုင်ပါသည်။ - မိုးရွာပြီး နောက်တစ်နေ့တွင် ကန်ရေ၏ချဉ်ဖန်နှုန်းကို ပြန်လည် တိုင်းတာပြီး ကျဆင်းနေပါက တစ်ဧက လျှင် ထုံး (၁၅)ပိဿာ ပြန်လည်ထည့်သွင်းပေးသင့်ပါသည်။ - ကန်ရေဩဇာဓါတ်လည်း ကျဆင်းပျောက်ဆုံးခြင်းများလည်း ကြုံတွေ့ရပါမည်။ ထို့ကြောင့် မိုးရွာသွန်း ပြီးနောက် ရေကြည်နှုန်း (၁၈)လက်မကျော်နေပါက ပုလဲနှင့်တီစူပါ မြေဩဇာများပြန်လည်ထည့်သွင်းပေးပါရန် အကြံပြုတင်ပြအပ်ပါသည်။ - ဆက်လက်ပြီး ရေလုပ်ငန်းနှင့် ပတ်သတ်ပြီး အကြံဉာဏ်များ ရယူလိုပါက ထွက်တိုးဆော့ဝဲလ်တွင်မေးမြန်းနိုင်ပါသည်။ - ------- - မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 - သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို - ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. - သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
