cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

စားအုန်းဆီ ရည်ညွှန်းဈေး ဆက်တိုက် မြင့်တက်လာ

. ဈေးကွက်သတင်းများ
စက်တင်ဘာလ ၈ရက်နေ့ မှ ၁၄ရက်နေ့အထိ စားအုန်းဆီ တစ်ပိဿာလျှင် ၆၅၂၀ ကျပ်ဖြင့် ရောင်းချရန် သတ်မှတ်လိုက်ကြောင်း သိရပါသည်။
  • အခြေခံလူတန်းစားများ အဓိက ဝယ်ယူသုံးစွဲနေသည့် စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်း ဈေးနှုန်းမှာ ဆက်တိုက်မြင့်တက်လာကြောင်း သိရပါသည်။

    အဆိုပါ စားအုန်းဆီ ရည်ညွှန်းစျေးမှာ ဩဂုတ်လမှစ၍ တစ်ပတ်လျှင် ကျပ်၁၀၀ကျော်နှုန်းအထိ ဆက်တိုက် သလို မြင့်တက်လာခြင်းဖြစ်ကြောင်း သိရသည်။

    လက်ရှိ စားသုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့်

    စက်တင်ဘာလ ၈ရက်နေ့ မှ ၁၄ရက်နေ့အထိ စားအုန်းဆီ တစ်ပိဿာလျှင် ၆၅၂၀ ကျပ်ဖြင့် ရောင်းချရန် သတ်မှတ်လိုက်ကြောင်း သိရပါသည်။

    ထို့ကြောင့် စက်တင်ဘာလ ပထမကအပတ်က တစ်ပိဿာလျှင် ၆၄၁၀ ကျပ်သာ ရှိခဲ့သောကြောင့် ယခုအပတ်ဖြင့် ယှဉ်ပါက ကျပ် ၁၀၀ ကျော်အထိ မြင့်တက်လာခြင်းဖြစ်ကြောင်း တွေ့ရပါသည်။

    “သင်္ဃန်းကျွန်းမှာတော့ အိမ်ထောင်စုတစ်စု ဆီဝယ်စာအုပ် တစ်အုပ်ကို ၆၉၀၀ကျော် နဲ့ ရောင်းပေးနေတယ်။ ပြင်ပစျေးက သပ်သပ်ရှိတယ်။ ဒီစျေးနဲ့က အကန့်အသတ်နဲ့ရောင်းပေးတာ ဖြစ်လို့ လိုသလောက်မရဘူး။ အပြင်စျေးနဲ့လဲ ဝယ်သုံးနေရတယ်။ တစ်ပိဿာကို တစ်သောင်းကျော်တယ်။ “ဟု သင်္ဃန်းကျွန်းမြို့နယ်တွင် နေထိုင်သူ အိမ်ရှင်မ တစ်ဦးက ပြောသည်။

    ရန်ကုန်မြို့ ခွဲတမ်းရ ဆီဆိုင်များတွင် စားအုန်းဆီ တစ်ပိဿာလျှင် ၆၉၅၂ ကျပ်ဖြင့် ရောင်းချပေးနေပြီး ပြင်ပ ပေါက်စျေးအနေဖြင့် တစ်ပိဿာလျှင် ၁၃၀၀၀ မှ ၁၄၅၀၀ကျပ် ပေါက်စျေးအထိ ရောင်းဝယ် ပြုလုပ်နေကြကြောင်းလည်း သိရသည်။

    ဆီဝယ်ခွင့်စာအုပ်ဖြင့် ဝယ်ယူသူတချို့မှာလည်း ကိုယ်တိုင် မသုံးပဲ ပြန်လည်ရောင်းချမှုများလည်းရှိသည့် အပြင် စားအုန်းဆီ လုံလောက်စွာဝယ်၍ မရသောကြောင့် ပြင်ပပေါက်စျေးမှာ 

    မြင့်တက်နေဦးမည် ဖြစ်ကြောင်းလည်း ကုန်သည်များ သုံးသပ်ကြသည်။

    ထို့အပြင် လျှပ်စစ်မီးပြတ်တောက်မူများကြောင့် ဆီစက်များ ပုံမှန်လည်ပတ်နိုင်ရန် အခက်အခဲများရှိခြင်း၊ စက်သုံးဆီစျေးများ မြင့်တက်ခြင်းစသည့် အခက်အခဲများကြောင့် စာအုန်းဆီအပြင် ပြည်တွင်းထုတ်ကုန်ဖြစ်သည့် နှမ်းဆီ၊ မြေပဲဆီ စျေးနှုန်းများမှာလည်း အမြင့်စျေးတွင် ရှိနေကြောင်းသိရပါသည်။

    လက်ရှိတွင် ပြည်ပမှ တင်သွင်းရာတွင် အခက်အခဲမျိုးမျိုးရှိနေပြီး စားအုန်းဆီ အဓိကတင်သွင်းနေသည့် မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံများတွင် စျေးနှုန်းမြင့်တက်နေခြင်းကြောင့် အဆိုပါနိုင်ငံများ၏ ဈေးကွက်နှင့် ဈေးနှုန်းများ အပေါ် တွက်ချက်ကာ ပြည်တွင်း၌ ပြန်လည်ရောင်းချနေရခြင်းကြောင့် မြင့်တက်နေရခြင်းဖြစ်ကြောင်းလည်း လုပ်ငန်းရှင် တချို့ထံမှ သိရသည်။

    “ဆီစျေးက ဆက်တိုက်သလို တက်လာတာ။ ဩဂုတ်လကတည်း တစ်ပတ်ကို ၁၀၀ကျော် ကျပ် နှုန်း တက်နေတာ အခုထိဘဲ အခုဆို ၆၅၀၀ ကျော်နေပြီ ။ ဆီတင်သွင်းတဲ့ နိုင်ငံတွေမှာ ဆီ အထွက်နှုန်းနည်းလာသလို တင်သွင်းလို့ရတဲ့ ပမဏကလဲ နည်းလာတယ်။ ဒေါ်လာစျေးလဲ တက်တယ်။ နောက်ပြီး အရင်လို တင်သွင်းရတာလဲ မလွယ်ကူတော့ဘူးလေ။ “ ဟု ဆီလုပ်ငန်းရှင်တစ်ဦးက သုံးသပ်သည်။

    စားအုန်းဆီအား ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုများပြုလုပ်ပါက အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

    ပြည်တွင်း၌ စားအုန်းဆီသုံးစွဲမူ တစ်နှစ်လျှင် တန်ချိန် ၁၀သိန်းကျော် အထိရှိသောကြောင့် နှစ်စဥ် တန်ချိန် ၆သိန်း မှ၇သိန်အား တင်သွင်းနေရခြင်း ဖြစ်သည်။

    ဖိုးချဲ(AMIA)

    -------  

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12  

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို  

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.  

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 


  • article
likes
5
comments
0
views
2130