မန္တလေးတိုင်း စက်တင်ဘာလ ၁၂ ရက် မှ ၁၈ ရက်အထိ မိုးလေဝသအခြေအနေ
ပင်လယ်ပြင်မှ ထူးခြားသည့်မိုးလေဝသအခြေအနေ
· စက်တင်ဘာလ ၁၂ ရက်နေ့တွင် ဖြစ်ပေါ်နိုင်သည့် အမြင့်ပေ ၅၀၀၀ အထက်မှလေပွေလှိုင်းသည် ဖြစ်ပေါ်ပြီး၂၄ နာရီအတွင်း စက်တင်ဘာလ ၁၃ ရက်နေ့မှာ ကုန်းတွင်းသို့ဝင်ရောက်သွားနိုင်ပါတယ်။
· စက်တင်ဘာ ၁၃ ရက် နေ့လည် ၁၂ နာရီမှ ၁၄ ရက် နေ့လည် ၁၂ နာရီ - ၂၄ နာရီအတွင်း - မြန်မာနိုင်ငံအထက်ပိုင်းဒေသများ - ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းမြောက်ပိုင်း၊ ရှမ်းပြည်နယ်တို့တွင် မိုးအသင့်အတင့်မှ နေရာကွက်၍မိုးများနိုင်ပြီး ကျန်ပြည်နယ်တိုင်းဒေသများတွင် မိုးအနည်းငယ်မှ မိုးအသင့်အတင့်သာ ရွာနိုင်ပါမယ်။
စက်တင်ဘာလ ၁၂ ရက် မှ ၁၈ ရက်အထိ ၇ ရက်အတွင်း မိုးရွာသွန်းရရှိနိုင်သည့်အခြေအနေ
· မန္တလေးတိုင်းမြောက်ပိုင်း(မန္တလေးမြို့နှင့်အထက်ဘက်)၊ နေပြည်တော်အပါအဝင် မန္တလေးတိုင်းတောင်ပိုင်းဒေသတွေမှာ ၇ ရက်အတွင်းမိုးရေချိန် ၂ လက်မ မှ ၅ လက်မခန့်အထိ ရွာသွန်းရရှိနိုင်ပြီး၊
· မန္တလေးတိုင်းအလယ်ပိုင်းနှင့် မကွေးတိုင်းထိစပ်ဒေသများမှာ ၇ ရက်အတွင်းမိုးရေချိန် ၀.၅ လက်မမှ ၂ လက်မ ခန့်အထိ ရွာသွန်းရရှိနိုင်(မိုးနည်းနေနိုင်)ပါမယ်။
· ယခု ၁ ပတ်အတွင်းမှာ မန္တလေးတိုင်းရဲ့နေ့စဉ်ပျမ်းမျှမိုးရေချိန် ၀.၅ လက်မအောက်သာရွာသွန်းနိုင် - မိုးနည်းနေနိုင်ပါမယ်။
အပူချိန်၊ လေတိုက်နှုန်း၊ လေထုစိုထိုင်းဆနှင့် လေထုညစ်ညမ်းမှုနှင့် ခရမ်းလွန်ရောင်ခြည်အခြေအနေ
· ယခု ၁ ပတ်အတွင်း မန္တလေးတိုင်းရဲ့ အမြင့်ဆုံးနေ့အပူချိန် ၃၂°C မှ ၃၅°C အထိရှိနိုင်ပြီး အနိမ့်ဆုံးညအပူချိန် ၂၁°C(ပြင်ဦးလွင်) မှ ၂၇°C(ပုဂံ-ညောင်ဦး) အတွင်းမှာ ရှိနိုင်ပါတယ်။
· တောင်ဘက်အရပ်မှ အမြင့် ဆုံးလေတိုက်နှုန်း တနာရီ ၁၈ မိုင်ရှိနိုင်ပြီး၊ လေထုစိုထိုင်းဆ ၆၀% မှ ၉၀% အတွင်းရှိနေနိုင်ပါမယ်။ လေထုစိုထိုင်းဆမြင့်မားနေချိန်မှာ ခံစားရတဲ့အပူချိန် (Feels like temperature)၃၉°C ရှိနိုင်ပါတယ်။
· လေထုညစ်ညမ်းမှုအညွှန်းကိန်း AQI Value က ၃၀ ဝန်းကျင်မှာရှိနေနိုင်တာကြောင့် အန္တရာယ်မရှိပါ၊
· မန္တလေးတိုင်းအလယ်ပိုင်းဒေသတွေရဲ့ နေ့လည်နေ့ခင်းအချိန်တွေမှာ ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်း (UV-INDEX) က ၁၂ အထိရှိနိုင်တာကြောင့် မိုးအုံ့ခြင်းမရှိတဲ့ နေသာချိန်တွေမှာသတိထားရပါမယ်။
Win Naing
Administration Team,
MMWEATHER,
https://www.mmweather.org/home
https://disasterinfo.mmweather.org/
ငါးကန်ရေနောက်ကျိခြင်း ပြုပြင်နည်းအကြံပြုချက်
ယခုချိန် မိုးရာသီတွင် ကန်ရေများနောက်ကျိခြင်းကို ကြုံတွေ့ရတတ်ပါ သည်။ မိုးအဆက်မပြတ်ရွာသွန်းခြင်းကြောင့် ကန်ဘောင်မှရွံများ အရည်ပျော်ပြီး ကန်ရေနောက်ကျိတတ်ပါသည်။ ကန်အောက်ခြေနေထိုင်သောငါးများ များစွာထည့် သွင်းခြင်းကြောင့်၊ ငါးများလှုပ်ရှားမှုကြောင့်လည်း ကန်ရေနောက်ကျိတတ်ပါသည်။
ကန်ရေ နောက်ကျိခြင်းကို အောက်ပါနည်းများဖြင့် ဖြေရှင်းနိုင်ပါကြောင်းအကြံပြုအပ် ပါသည်-
- ငါးမွေးကန်တဧကလျှင် ထုံး (၃၁)ပိဿာထည့်ပေးရန်
- ငါးမွေးကန်တဧက လျှင် ဂျစ်ပ်ဆမ် (၆၂)ပိဿာထည့်ပေးရန်
- ငါးမွေးကန်တဧကလျှင် ကျောက်ချဉ် (၁၅)ပိဿာ ထည့်ပးနိုင်ပါသည်။
- ငါးမွေးကန်တဧကလျှင် ကောက်ရိုး (၆၂)ပိဿာကို (၁၀)ကျပ်သားခန့် အထုံးလေးများ ပြုလုပ်ပြီး ကန်ရေနေရာအနှံ့ ပစ်ချထားပေးပါ။ (၃)ရက်ခန့်အကြာတွင် အဆိုပါကောက်ရိုးထုံးလေးများကို ပြန်ဆယ်ယူပါ။
ဆက်လက်ပြီး ရေလုပ်ငန်းနှင့် ပတ်သတ်ပြီး အကြံဉာဏ်များ ရယူလိုပါက ထွက်တိုးဆော့ဝဲလ်တွင်မေးမြန်းနိုင်ပါသည်။
-------
မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12
သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို
ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.
သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437


ပင်မစာမျက်နာ
အဖွဲ့များ
စူးစမ်းရန်
စာတို
ကျွန်ုပ်
စျေးနှုန်း