cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ရှမ်းပြည်နယ် စက်တင်ဘာလ ၁၂ ရက် မှ ၁၈ ရက်အထိ မိုးလေဝသအခြေအနေ

. ရာသီဥတု သတင်းများ
စက်တင်ဘာ ၁၃ ရက် နေ့လည် ၁၂ နာရီမှ ၁၅ ရက် နေ့လည် ၁၂ နာရီ - ၂၄ နာရီအတွင်း - မြန်မာနိုင်ငံအထက်ပိုင်းဒေသများ - ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းမြောက်ပိုင်း၊ ရှမ်းပြည်နယ်တို့တွင် မိုးအသင့်အတင့်မှ နေရာကွက်၍မိုးများနိုင်ပြီး ကျန်ပြည်နယ်တိုင်းဒေသများတွင် မိုးအနည်းငယ်မှ မိုးအသင့်အတင့်သာ ရွာနိုင်ပါမယ်။
  • ပင်လယ်ပြင်မှ ထူးခြားသည့်မိုးလေဝသအခြေအနေ 

    ·          ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်း၊ ဩရိဿပြည်နယ်တောင်ပိုင်းနှင့် အန်ဒရာပရာဒက်ရှ်ပြည်နယ်မြောက်ပိုင်း ကမ်းခြေအနီးမှာ လေဖိအားနည်းရပ်ဝန်း ၁ ခု ဖြစ်ပေါ်နေပြီး နောက်လာမည့် ၂ ရက်အတွင်း အနောက်-အနောက်မြောက်ဘက်၊ အိန္ဒိယနိုင်ငံကုန်းတွင်းသို့ ဩရိဿပြည်နယ်တောင်ပိုင်း၊ အန်ဒရာပရာဒက်ရှ်ပြည်နယ်မြောက်ပိုင်းနှင့် ချာတစ်စ်ဂါးပြည်နယ်တောင်ပိုင်းတို့အားဖြတ်ကျော်ဝင်ရောက်သွားနိုင်မည်ဖြစ်ကြောင်း သိရပါတယ်။ 

    ·          စက်တင်ဘာ ၁၃ ရက် နေ့လည် ၁၂ နာရီမှ ၁၅ ရက် နေ့လည် ၁၂ နာရီ - ၂၄ နာရီအတွင်း - မြန်မာနိုင်ငံအထက်ပိုင်းဒေသများ - ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းမြောက်ပိုင်း၊ ရှမ်းပြည်နယ်တို့တွင် မိုးအသင့်အတင့်မှ နေရာကွက်၍မိုးများနိုင်ပြီး ကျန်ပြည်နယ်တိုင်းဒေသများတွင် မိုးအနည်းငယ်မှ မိုးအသင့်အတင့်သာ ရွာနိုင်ပါမယ်။ 

    ရှမ်းပြည်နယ်အတွင်းမိုးရွာသွန်းနိုင်မည့်အခြေအနေ 

    ·          ရှမ်းပြည်နယ်မြောက်ပိုင်း - လားရှိုး၊ မူဆယ်၊ ကွတ်ခိုင်၊ နမ္မတူ၊ ကျောက်မဲ၊ သီပေါ စသည့်မြို့နယ်များမှာ ၇ ရက်အတွင်း ရွာသွန်းရရှိနိုင်သည့်မိုးရေချိန် ၅ လက်မခန့်ရှိနိုင်၊ မိုးအသင့်အတင့်ရွာနိုင်ပါမယ်။ 

    ·          ရှမ်းပြည်နယ်အရှေ့ပိုင်းက ကျိုင်းတုံ၊ မိုင်းဖြတ်၊ တာချီလိတ်၊ မိုင်းလားစတဲ့ မြို့နယ်တွေမှာ ၇ ရက်အတွင်း မိုးရေချိန် ၄ လက်မခန့် မိုးအသင့်အတင့်ရွာနိုင်ပါတယ်။ 

    ·          ရှမ်းပြည်နယ်တောင်ပိုင်း - တောင်ကြီး၊ ကလော၊ ညောင်ရွှေ(အင်းလေး)ဒေသတွေမှာ ၇ ရက်အတွင်း ရွာသွန်းရရှိနိုင်မည့်မိုးရေချိန် ၇ လက်မခန့်အထိ ရှိနိုင်ပါတယ်။ ကလော/အောင်ပန်းမြို့နယ်တွေမှာ ခေတ္တမျှမိုးသည်းထန်နိုင်ပါတယ်။ 

    ·          ရှမ်းပြည်နယ်အတွင်းက ခရိုင်/မြို့နယ်အများစုမှာ မုတ်သုံမိုးဆက်လက်ရွာသွန်းနေနိုင်ပြီး နေ့စဉ်ရွာသွန်းရရှိနိုင်မည့် မိုးရေချိန်ပမာဏအနေဖြင့် ၁ လက်မအထက်မရှိနိုင်ပါ။ 

    အပူချိန်၊ လေတိုက်နှုန်း၊ လေထုစိုထိုင်းဆနှင့် လေထုညစ်ညမ်းမှုအခြေအနေ 

    ·          ယခု ၁ ပတ်အတွင်း ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် အရှေ့ပိုင်းတွေမှာ အမြင့်ဆုံးနေ့အပူချိန် ၂၈°C နဲ့ အနိမ့်ဆုံးညအပူချိန် ၂၂°C ခန့် ရှိနိုင်ပါတယ်၊ ရှမ်းပြည်နယ်တောင်ပိုင်းမှာတော့ အမြင့်ဆုံးနေ့အပူချိန် ၂၄°C နဲ့ အနိမ့်ဆုံးညအပူချိန် ၁၈°C အထိရှိနိုင်ပါမယ်။ 

    ·          ရှမ်းပြည်နယ်တခွင်မှာ ယခု ၁ ပတ်အတွင်း တောင်ဘက်နှင့်အနောက်တောင်ဘက်အရပ်များမှ လေတိုက်နှုန်းအမြင့်ဆုံး တနာရီ ၁၅ မိုင်ခန့်ရှိနိုင်ပါတယ်။ 

    ·          ရှမ်းပြည်နယ်ရဲ့ လေထုစိုထိုင်းဆအခြေအနေများအနေနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းနှင့်တောင်ပိုင်းဒေသတွေမှာ ၈၀% မှ ၁၀၀% ကြားတွင်ရှိနေနိုင်ပြီး၊ ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသတွေမှာ ၆၀% မှ ၈၀% ကြားတွင် ရှိနေနိုင်ပါမယ်။ 

    ·          လေထုစိုထိုင်းဆမြင့်မားချိန်တွေမှာ ခံစားရတဲ့အပူချိန် (Feels Like Temperature) က ၃၅°C ခန့်ရှိနေနိုင်ပါမယ်။ 

    ရှမ်းပြည်နယ်တခုလုံးတွင် လေထုညစ်ညမ်းမှုအခြေအနေနှင့်စပ်လျဉ်း၍ စိုးရိမ်စရာမရှိပါ။ 

    Win Naing 

    Administration Team, 

    MMWEATHER, 

    ရှမ်းပြည်နယ်အတွင်း မုန်ညင်းမုန်လာစိုက်ပျိုးတောင်သူများအတွက် စိုက်ပျိုးရေးအကြံပေးချက် 

    ရှမ်းပြည်နယ်အတွင်း မုန်ညင်းမုန်လာစိုက်ပျိုးတောင်သူများအနေဖြင့် လိပ်ပြာဖြူဖျက်ပိုးကို ကြိုတင်ကာကွယ်ရန် အကြံပြုရေးသားဖော်ပြလိုက်ပါသည်။ အရွက်၏အောက်မျက်နှာပြင်တွင် အစုလိုက်အပြုံလိုက်ဥအုတတ်ကြပြီး ဥမှပေါက်လာသော လောက်ကောင်များသည် ငယ်စဉ်တွင် အရွက်များ၏ အစိမ်းရောင် အသားကို စားသောက်၍ ကြီးလာပါက အရွက်ကို ကိုက်ဖြတ်စားသောက်သဖြင့် အပေါက်များဖြစ်ပေါ်ကာ ဈေးကွက် မဝင်တော့ပေ။ စိုက်ခင်းတွင် လိပ်ပြာဖြူများ စတွေ့သည်နှင့် ဆေးဖျန်းပါ။ ပျိုးခင်းမှ ရိတ်သိမ်းချိန်အထိ ကျရောက်ဖျက်ဆီးသည်။ 

    ကာကွယ်နှိမ်နင်းနည်းလမ်းများမှာ -  

    • ပိုးကျရောက်ဖျက်ဆီးလက္ခဏာတွေ့သည်နှင့်တပြိုင်နက် အပင်ကို ဖယ်ရှား၍ ဖျက်ဆီးပေးပါ။ 
    • ခိုအောင်းနေထိုင်ရာ ပေါင်းမြက်များရှင်းလင်းပေးပါ။ 
    • မျိုးရင်းဝင်မတူသော သီးနှံဖြင့် သီးလှည့်စိုက်ပျိုးပေးပါ။ 
    • ဓာတုဆေးအနေဖြင့် အရွယ်ရောက်အကောင်ကြီး လိပ်ပြာဖြူတွေ့သည်နှင့် ပင်လုံးပြန့်အာနိသင်ရှိသော Emamectin Benzoate၊  Lambda Cyhalothrin နှင့် Indoxacarb ပါဝင်သော ပိုးသတ်ဆေးများအားအသုံးပြုပေးပါ။  

    ငါးဖြည့်စွက်စာ ကျွေးနည်းအကြံပြုချက် 

    ဖြည့်စွက်စာ ကုန်ကျစရိတ်သက်သာစေရန်အတွက် ကန်ရေဩဇာကို ကောင်းမွန်စွာဆောင်ရွက်ထားပြီး အောက်ပါအတိုင်း အဟာရပြည့်ဝသော ဖြည့်စွက်စာကို တွက်ချက်ကြွေးမွေးရန်လိုအပ်ပါသည် - 

    ငါးသန် ပြုစုကန်များအတွက် ကန်အတွင်းရှိ ငါးအဘေးချိန်စုစုပေါင်း၏( 8% မှ 6%) ကို တနေ့လျှင် (၃)ကြိမ်မှ (၄)ကြိမ် အထိ ကျွေးပေးပါ။ 

    အသားတိုးကန်များအတွက် မိမိမွေးမြူထားသော ငါးသည် ၂၀ကျပ်သားအထက်ရှိပါက ကန်အတွင်းရှိ ငါးအလေးချိန်စုစုပေါင်း၏ (4% မှ 3%) ဖြင့်တွက်ချက်ကျွေးပါက ဖြည့်စွက်စာဖိုးကုန်ကျစရိတ် သက်သာလာပြီး ငါးထုတ်လုပ်မှု့လည်း ပုံမှန်မြင့်တက်လာပါမည်။ 

    ------    

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12    

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို    

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.    

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 


  • article
likes
2
comments
0
views
4702