စမုံနက်နှင့်နှမ်းညို စျေးနှုန်းပြန်တက်လာတာတွေ့ရ
အရင်တစ်ပတ်က ကျရိပ်ပြခဲ့တဲ့ နှမ်းစမုံနက်နဲ့နှမ်းညိုက ယခုရက်ပိုင်းပြည်တွင်း နှမ်းမျိုးစုံစျေးကွက်မှာ စျေးနှုန်းပြန်တက်လာတာတွေ့ရ ပါတယ်။ နှမ်းဖြူက စျေးငြိမ်နေပါတယ်။
ပြည်ပဝယ်လက်ကုန်သည်တွေနဲ့ သိုလှောင်မယ့်သူတွေဝယ်ယူမှုရှိတဲ့အပြင် ရွှေစျေးနဲ့ဒေါ်လာစျေးပြန်မြင့်တက်လာတာကြောင့် နှမ်းစျေးနှုန်း ပြန်လည်မြင့်တက်လာတာဖြစ်တယ်လို့ သိရပါတယ်။ နှမ်းစမုံနက်ကို တရုတ်ကအဓိကဝယ်ယူတာ ဖြစ်ပါတယ်။ တရုတ်ကဝယ်လိုအားကောင်းရင် စျေးတက်ပါတယ်။ နှမ်းညိုကတော့ ဆီကြိတ်လုပ်ငန်းနဲ့ပြည်တွင်းစားသုံးမှုအပေါ်မူတည်ပါတယ်။
မန္တလေးကုန်စည်ဒိုင်စျေးကွက်မှာ နှမ်းစမုံနက်စျေးနှုန်းက ၄၅ ပိဿာ တစ်အိတ်ကို ၇၁၀၀၀၀ ကျပ်မှ ၇၅၀၀၀၀ ကျပ်ရှိပြီး နှမ်းညိုက ၂၇၂၀၀၀ မှ ၂၈၅၀၀၀ကျပ် ရှိပါတယ်။ နှမ်းဖြူဗမာက ၂၇၅၀၀၀ မှ ၂၈၀၀၀၀ ကျပ်နဲ့ နှမ်းဖြူဂျပန်က ၂၉၅၀၀၀ မှ ၃၀၀၀၀၀ ကျပ်နဲ့ငြိမ်နေ ပါတယ်။
AMIA
---------------
မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12
သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို
ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.
သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437


ပင်မစာမျက်နာ
အဖွဲ့များ
စူးစမ်းရန်
စာတို
ကျွန်ုပ်
စျေးနှုန်း