ရန်ကုန်စျေးကွက်မှာ ကားဝင်နည်းသည့်အတွက် ကြက်သွန်နီစျေးပြန်တက်လာ
ကားအဝင်နည်းနေသည့်အတွက် ကြက်သွန်နီစျေး ပြန်တက်လာကြောင်း ကုန်စည်ဒိုင်များထံမှ သိရပါသည်။
ကြက်သွန်များ ကုန်သွယ်ရာတွင် ထောက်ခံစာများ ယူနေရပြီး လမ်းကြောင်း အခြေအနေများ
မကောင်းသည့်အတွက် ရောင်းသူ၊ ဝယ်သူများ အရောင်းအဝယ်အခက်တွေ့နေကာ ဘုရင့်နောင် ကုန်စည်ဒိုင်တွင် ကြက်သွန်နီကားများ အဝင်နည်းနေကြောင်းသိရပါသည်။
“လမ်းကြောင်းတွေ မကောင်းတော့ ဘုရင်နောင်ပွဲရုံမှာကား အဝင်နည်းတယ်။ မုံရွာ၊မင်းဘူးကားအားလုံး ပြတ် တော့ မထင်မှတ်ဘဲကားဝင်နည်းပြီး ပြန်သွက်တဲ့သဘောပါ။ ၂ရက်လောက် ကားဝင်နည်းတော့ ရန်ကုန်ဝယ်သူ တွေ ပျာယာခပ်နေတယ် ဆက်ပြီး ကားဝင်နည်းရင် စျေးတက်မယ် “ဟု ကြက်သွန်နီ ကုန်သည်တစ်ဦး ကပြောသည်။
ကြက်သွန်နီမှာ ရန်ကုန်စျေးကွက်တွင် အရောင်း အဝယ်သွက်လာနေပြီး တစ်ပိဿာလျှင် ၁၀၀ မှ ၂၀၀ ကျပ် အထိ ပြန်လည်မြင့်တက်နေ ကြောင်း ပွဲရုံများထံမှ သိရပါသည်။
ဘုရင့်နောင်ပွဲရုံ တွင် အရွယ်အစား နှင့် အရည်အသွေး ပေါ် မူတည်ကာ မြင်းခြံ တစ်ပိဿလျှင် ၆၀၀ ကျပ်မှ ၁၄၀၀ ကျပ်၊ ဆိပ်ဖြူ ကြက်သွန် တစ်ပိဿာလျှင် ၆၅၀ ကျပ် မှ ၁၆၅၀ ကျပ် အသီးသီးရှိပြီး မုံရွာ ကြက်သွန်နီက တစ်ပိဿာလျှင် ၈၀၀ ကျပ် မှ ၁၆၅၀ ကျပ် ပေါက်စျေးရှိကြောင်း သိရပါသည်။
ဘုရင့်နောင် ကုန်စည်ဒိုင်တွင် တစ်နေ့လျှင် ပျမ်းမျှ ကြက်သွန်ကား အစီးရေ ၃၀ ကျော်အထိ ဝင်ရောက်နေ သော်လည်း အခု ရက်ပိုင်းတွင် ယာဉ် အစီးရေ ၂၀ အောက်သာ ဝင်ရောက်လျက်ရှိကြောင်း သိရပါသည်။
စျေးတက်လာသော်လည်း ကြက်သွန်နီများမှာ တောင်သူလက်ထဲတွင် လက်ကျန်နည်းနေပြီဖြစ်ကြောင်း တောင်သူ တချို့ ထံမှ သိရပါသည်။
ထို့ကြောင့် လက်ကျန် ထိန်းရောင်းသင့်ကြောင်း ၊ ဆယ်လပိုင်းတွင် စျေးတက်နိုင်သည့် အနေအထား တွင်ရှိ၍ တောင်သူကြီးများအနေဖြင့်စျေးကောင်း ရနိုင်ကြောင်း ကုန်သည်တစ်ဦးက သုံးသပ်ထားသည်။
“စိုက်စရိတ်ရဖို့အတွက် ပေါ်လာတာနဲ့ ရောင်းနေရတဲ့ တောင်သူတွေအဖို့ စျေးကောင်းမရပါဘူး ၊ အမြတ်နည်းနည်းရတာနဲ့ ထုတ်ရပါတယ်။ စျေးကောင်းချိန်က ကုန်သည်တွေ လက်ထဲရောက်ရင် စျေး ကောင်းပါပြီ” ဟု ကြက်သွန်စိုက်တောင်သူ တစ်ဦးက ပြောသည်။
လက်ရှိ လက်လီစျေးကွက်မှာ အတက်စျေးတွင်ရှိနေသော်လည်း တောစျေးမှာတော့ စျေး ထင်သလောက်မရရှိ ကြောင်းလည်း တောင်သူများထံမှ သိရပါသည်။ လမ်းပန်း ဆက်သွယ်ရေး နှင့် သယ်ယူပို့ဆောင်ရေး ခက်ခဲ့သည့် နေရာများတွင် ကုန်အဝင်နည်း၍ ကြက်သွန်လက်လီ စျေးတက်နေရခြင်းဖြစ်ကြောင်း သိရပါသည်။
မြန်မာနိုင်ငံကထွက် ကြက်သွန်များကို ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ ထိုင်း၊ ဗီယက်နမ်နှင့် အိန္ဒိယနိုင်ငံသို့ တင်ပို့ လျက်ရှိ ကြောင်း သိရပါသည်။
ဖိုးချဲ(AMIA)
-------
မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12
သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို
ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.
သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437


ပင်မစာမျက်နာ
အဖွဲ့များ
စူးစမ်းရန်
စာတို
ကျွန်ုပ်
စျေးနှုန်း