cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ဧရာဝတီတိုင်း စက်တင်ဘာလ ၁၈ ရက် မှ စက်တင်ဘာလ ၂၄ ရက်အထိ မိုးလေဝသအခြေအနေ

. ရာသီဥတု သတင်းများ
ယခု ၁ ပါတ်အတွင်း မြစ်ဝကျွန်းပေါ်ကမ်းရိုးတန်းအနီးမှ ကျေးရွာများတွင်သာ မိုးများနိုင် မိုးသည်းထန်နေနိုင်ပြီး ကျန်ဧရာဝတီတိုင်းဒေသများမှာ နေ့စဉ် ၂၄ နာရီ မိုးရေချိန် ၀.၅ လက်မခန့်သာရွာသွန်းရရှိနိုင်/ မိုးနည်းနေနိုင်ပါတယ်။ စက်တင်ဘာလ ၂၆ ရက်နောက်ပိုင်းမှသာ ဧရာဝတီတိုင်းမှာ မိုးပိုလာနိုင်၊ မိုးများလာနိုင်ပါမယ်။
  • အရှေ့/အနောက်ပင်လယ်ပြင်များတွင် ယခု ၁ ပါတ်အတွင်းဖြစ်ပေါ်နိုင်သည့် ထူးခြားသောမိုးလေဝသအခြေအနေ 

    ·          စက်တင်ဘာလ ၁၈ ရက် နံနက်ပိုင်းမှ စတင်၍ ကပ္ပလီပင်လယ်မြောက်ပိုင်း၊ ဧရာဝတီမြစ်ဝကျွန်းပေါ်ကမ်းရိုးတန်းအနီး၊ ရန်ကုန်မြို့တောင်ဘက်မိုင် ၉၀ ခန့်အကွာ ပင်လယ်ပြင်တွင် အထက်အမြင့် ပေ ၅၀၀၀ အထက်၌ လေပွေလှိုင်း(Upper Aire Cyclonic Circulation – UACC)တခုဖြစ်ပေါ်လာနိုင်ပြီး၊ စက်တင်ဘာ ၁၉ ရက်ညနေအထိ မြစ်ဝကျွန်းပေါ်ကမ်းရိုးတန်းအနီးကုန်းတွင်းမှာ ဆက်လက်တည်ရှိနေနိုင်ပါတယ်။ 

    ·          ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းနဲ့ ကပ္ပလီပင်လယ်တောင်ပိုင်းမှာ မုတ်သုံလေအားကောင်းနေပါတယ်။ (Surface wind from South-West 30 mph) 

    ·          စက်တင်ဘာလ ၁၉ ရက် ည မှာ တောင်တရုတ်ပင်လယ်မှာဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်း TWENTYTHREE(23)က အပူပိုင်းမုန်တိုင်း(TS)အဆင့်ဖြင့် ဟောင်ကောင်အရှေ့ဘက်မှ တရုတ်ပြည်မကမ်းခြေကိုဖြတ်ကျော်ဝင်ရောက်ပြီးတဲ့နောက် Guangzhou ပြည်နယ်ပေါ်မှာ အားပျော့သွားပြီး ကုန်းတွင်းလေဖိအားနည်းရပ်ဝန်းအဖြစ် စက်တင်ဘာလ ၂၂ ရက်နေ့မှာ အနောက်ဘက်ဗီယက်နမ်နိုင်ငံနယ်စပ်အနီးအထိ‌ ရွေ့လျားဝင်ရောက်နိုင်မယ်လို့ ခန့်မှန်းထားပါတယ်။ 

    ·          အပုပိုင်းမုန်တိုင်းရဲ့နောက်ဘက်မှာဖိလစ်ပိုင်ပင်လယ်မှာဖြစ်ပေါ်နေတဲ့ INVEST-90W က တောင်တရုတ်ပင်လယ်ထဲကို ရောက်ရှိလာပြီးတဲ့နောက်၊ စက်တင်ဘာ ၂၃ ရက် ည မှာ၊ အားကောင်းသောတိုင်ဖွန်းမုန်တိုင်း(CATEGORY-2 အဆင့်)ဖြစ်လာနိုင်မယ်လို့ ECMWF model က ခန့်မှန်းထားပါတယ်။ အခုစာရေးနေချိန်မှာတော့ ဖိလစ်ပိုင်နိုင်ငံအရှေ့ဘက်ပင်လယ်ပြင်မှာ INVEST-90W အဖြစ်ဆက်လက်တည်ရှိနေပြီး၂၄ နရီအတွင်း တိုင်ဖွန်းမုန်တိုင်းဖြစ်နိုင်ချေ LOW အဆင့်မှာသာ ရှိနေဆဲဖြစ်ပါတယ်။ 

    ·          INVEST-90W သည် တိုင်ဖွန်းမုန်တိုင်းဖြစ်လာပြီးတဲ့နောက် ကုန်းတွင်းလေဖိအားနည်းရပ်ဝန်းအဖြစ် လာအိုနဲ့ မြန်မာနိုင်ငံနယ်စပ်အနီးအထိ ဆက်လက်ရွေ့လျားရောက်ရှိနိုင်ပြီး၊ မုန်တိုင်းအကြွင်းအကျန်များက ရှမ်းပြည်နယ်အရှေ့ပိုင်းနှင့် မြန်မာနိုင်ငံအလယ်ပိုင်းမိုးနည်းရေရှားရပ်ဝန်းဒေသတွေဖြစ်တဲ့ မန္တလေးတိုင်း၊ မကွေးတိုင်းအလယ်ပိုင်း၊ စစ်ကိုင်းတိုင်းအောက်ပိုင်းဒေသများအထိရောက်ရှိလာနိုင်ပြီးတော့ နိုင်ငံအနှံ့အပြားမှာမိုးထစ်ချုန်းရွာနိုင်မယ်၊ ဒေသအလိုက်မိုးများနိုင်မယ်လို့ ရက်ဝေးကြိုတင်ခန့်မှန်းချက်တွေမှာ တွေ့နေရပါတယ်။ 

    ဧရာဝတီတိုင်းအတွင်း မိုးရွာသွန်းနိုင်သည့်အခြေအနေ 

    ·          ယခု ၁ ပါတ်အတွင်း စက်တင်ဘာလ ၁၈ ရက်မှ ၂၆ ရက်အထိ မြစ်ဝကျွန်းပေါ်ကမ်းရိုးတန်းအနီးမှ ကျေးရွာများတွင်သာ မိုးများနိုင် မိုးသည်းထန်နေနိုင်ပြီး ကျန်ဧရာဝတီတိုင်းဒေသများမှာ နေ့စဉ် ၂၄ နာရီ မိုးရေချိန် ၀.၅ လက်မခန့်သာရွာသွန်းရရှိနိုင်/ မိုးနည်းနေနိုင်ပါတယ်။ 

    ·          စက်တင်ဘာလ ၂၆ ရက်နောက်ပိုင်းမှသာ ဧရာဝတီတိုင်းမှာ မိုးပိုလာနိုင်၊ မိုးများလာနိုင်ပါမယ်။ 

    ·          စက်တင်ဘာ ၂၆ ရက်နောက်ပိုင်း မိုးသည်းထန်နိုင်မည့် ကြိုတင်ခန့်မှန်းချက်များကို https://disasterinfo.mmweather.org/divisionTownPage တွင် စောင့်ကြည့်ပေးကြပါရန်။ 

    အပူချိန်၊ လေတိုက်နှုန်း၊ လေထုစိုထိုင်းဆနှင့် လေထုညစ်ညမ်းမှုအခြေအနေ 

    ·          ဧရာဝတီတိုင်းအတွင်း ယခု ၁ ပါတ် အမြင့်ဆုံးနေ့အပူချိန် ၃၂°C နဲ့ အနိမ့်ဆုံးညအပူချိန် ၂၅°C ရှိနိုင်ပြီး၊ ပင်လယ်ကမ်းရိုးတန်းအနီးက မြို့နယ်တွေမှာ အမြင့်ဆုံးအပူချိန် ၃၀°C နဲ့ အနိမ့်ဆုံးအပူချိန် ၂၆°C ရှိနိုင်ပါတယ်။ 

    ·          ကမ်းရိုးတန်းအနီးက မြို့နယ်/ကျေးရွာတွေမှာ စက်တင်ဘာ ၂၄ ရက်နေ့တွင် အမြင့်ဆုံးလေတိုက်နှုန်း တနာရီ ၃၆ မိုင်ခန့်ရှိနိုင်ပြီး အဲ့ဒီနေ့ - ကုန်းတွင်းပိုင်းမှာ လေတိုက်နှုန်း တနာရီ ၂၂ မိုင်ခန့်ရှိနိုင်ပါတယ်။ 

    ·          ဧရာဝတီတိုင်းအတွင်း နံနက်/ညအချိန်တွေနဲ့ နေ့လည်ပိုင်းအချိန်တွေရဲ့ လေထုစိုထိုင်းဆ ၆၀% မှ ၉၀% အတွင်းမှာ ရှိနေနိုင်ပြီး လေထုစိုထိုင်းဆများနေချိန်မှာ ခံစားရတဲ့အပူချိန် ၃၈°C အထိရှိနေနိင်ပါတယ်။ 

    ·          လေထုညစ်ညမ်းမှုအခြေအနေ(AQI value)က အများဆုံး ၃၀ ခန့်သာရှိနိုင်တာကြောင့် လေထုညစ်ညမ်းမှု မရှိပါ။ 

    ·          ဧရာဝတီတိုင်းအနောက်ဘက်နဲ့တောင်ဘက် ကမ်းနီးပင်လယ်ပြင်တွေမှာ အနောက်-အနောက်တောင်ဘက်မှ လေတိုက်နှုန်းအမြင့်ဆုံး တနာရီ ၃၀ မိုင်ခန့်နဲ့ လှိုင်းအမြင့် ၅ ပေ မှ ‌၆ ပေခန့်အထိ ရှိနိုင်ပါတယ်။ 

    Source: Win Naing 

    Administration Team, 

    MMWEATHER, 

    ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ စပါးစိုက်တောင်သူများထံသို့ ..... 

    စပါးမှိုသီးရောဂါ ကာကွယ်နှိမ်နင်းနည်းအကြံပြုချက် 

    • လက်ရှိစပါးမှိုသီးကျနေသောစိုက်ခင်းများအနေဖြင့် စပါးအနှံတွင် မှိုသီးလက္ခဏာတွေ့မှဆေးဖျန်းလျှင် နောက်ကျနေပြီဖြစ်ပြီး ဆေးဖျန်းခြင်းကြောင့်မှိုသီးပိုမိုပြန့်နှံ့နိုင်တာကို သတိပြုပါ။ 
    • တစ်ခါတည်းမှိုသီးကျနေသောစပါးနှံကို ချိုးပြီး အိတ်ထဲထည့်လာခဲ့ပါ။ စိုက်ခင်းထဲမှာပြန်မထားခဲ့ပါနဲ့။ 
    • မှိုသီးမကျသေးသောစိုက်ခင်းများအနေဖြင့် မိုးဆက်တိုက်ရွာပြီးမှ နေပူပြီး လေအေးတိုက်သောအခြေအနေဖြစ်မယ်၊ ရှေ့ရာသီမှာလည်း မှိုသီးရောဂါကျခဲ့တယ်ဆိုရင် Propiconazole (သို့မဟုတ်) Copper hydroxide ဖျန်းပြီးကြိုတင်ကာကွယ်နိုင်ပါတယ်။ 

     ငါးကန်ရေမျက်နှာပြင် အနီရောင်ဖြစ်လာခြင်းအတွက် အကြံပြုချက် 

    ရာသီဥတုပြောင်းလဲခြင်းတို့နှင့် အဝီစိတွင်းရေ သုံးသောငါးမွေးကန်များတွင် ကန်ရေ၏ မျက်နှာပြင်ပေါ်တွင် အနီရောင်အလွှာများ ဖြစ်ပေါ်တတ်ပါသည်။ အဆိုပါအခြေအနေတွင် ထုံးပက်မိပါက ကန်ရေချဉ်ဖန်နှုန်း မြင့်တက်ခြင်းများ နှင့် ကန်ရေအနီရောင် ရင့်လာခြင်းများပိုမိုလာပြီး ငါးများအတွက် ထိခိုက်နိုင်ပါသည်။ ကန်ရေအနီရောင် အလွှာဖြစ်ပေါ်လာပါက အောက်ပါအတိုင်း ဖြေရှင်းဆောင်ရွက်နိုင်ကြောင်း အကြံပြုတင်ပြအပ်ပါသည်။ 

    • ကောင်ရိုး (သို့မဟုတ်) ငှက်ပျောရွက်တို့ဖြင့် ပြုလုပ်ထားသည့် ကြိုးဖြင့် အနီရောင် အလွှာကို ဖယ်ရှားနိုင်သည်။ 
    • တစ်ဧကအတွက် ပုလဲဓါတ်မြေဩဇာ (၆)ပိဿာမှ (၁၀)ပိဿာကို ၁၀ရက်ခြား (သို့မဟုတ် ၁၂ ရက် ခြားခန့် (၂)ကြိမ်မှ (၃)ကြိမ် ထည့် ပေးပါ။ (သို့မဟုတ်) ကျောက်ချဉ် (၆)ပိဿာ ထည့်ပေးပါ။ 

    -------   

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12   

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို   

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.   

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 


  • article
likes
3
comments
0
views
5479