ပဲစင်းငုံစျေးကွက်အခြေအနေ
ပဲစင်းငုံကတော့ ယခုတစ်ပတ်မှာလည်း စျေးဆက်တိုက်ထပ်ကျပါတယ်။ အရင်အပတ်နဲ့ယှဥ်ရင် တစ်တန်ကို ၆၀၀၀၀ လောက် စျေးကျလာတာဖြစ်ပါတယ်။ FOB စျေးမကျဘဲ ပြည်တွင်းပဲစဥ်းငုံစျေးကွက်ပြုတ်ကျလာနေတာ ဖြစ်ပါတယ်။
ပြည်ပအဝယ်နည်းတဲ့အခြေအနေ၊ ပဲခွဲစက်အဝယ်နည်းတာကြောင့် စျေးကွက်ကျနေတာဖြစ်တယ်လို့ သိရပါတယ်။
ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ တနင်္လာနေ့က ၂၄၉၈၀၀၀၊ အင်္ဂါနေ့မှာ ၂၄၄၀၀၀၀ ၊ ဗုဒ္ဓဟူးနေ့မှာ ၂၄၅၂၀၀၀ ၊ ကြာသပတေးနေ့မှာ ၂၄၅၁၀၀၀ ၊ သောကြာနေ့မှာ ၂၄၄၀၀၀၀ စျေးသာရှိပါတယ်။
အရင်တစ်ပတ်တုန်းက တနင်္လာနေ့ကနေ သောကြာနေ့မှာဆိုရင် ပဲစင်းငုံနီတစ်တန်ကို ၂၅၀၀၀၀၀ မှ ၂၅၂၅၀၀၀ ကျပ်ရှိခဲ့ပါတယ်။ ဒါကြောင့် တစ်တန်ကို ၆၀၀၀၀ လောက်ထပ်ကျလာပါတယ်။
AMIA
-----
မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12
သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို
ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.
သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437


ပင်မစာမျက်နာ
အဖွဲ့များ
စူးစမ်းရန်
စာတို
ကျွန်ုပ်
စျေးနှုန်း