စက်တင်ဘာလအတွင်း ပဲတီစိမ်း၊ စားတော်ပဲ စျေးကွက်သုံးသပ်ချက်
#ရန်ကုန်ဈေးကွက်ရှိ ပဲတီစိမ်း(ခရမ်းရွှေဝါ)၊ပဲတီစိမ်း(ပဲခူးရွှေဝါ) စျေးနှုန်းများမှာ စက်တင်ဘာ ပထမပတ်နှင့် ဒုတိယပတ်တို့တွင် တစ်ပိဿာ ၇၃၃၀ ကျပ် ရှိပြီး တတိယပတ်နှင့် စတုတ္ထပတ်တွင် ၇၀၀၀ ကျပ်ဖြစ်ပြီး အနည်းငယ် စျေးကျလာတာကို တွေ့ရပါတယ်။ ပဲတီစိမ်း(ဝါးခယ်မ)(အက်ဖ်အေကျူ၊အက်စ်ကျူ) ကတော့ တစ်ပိဿာ ၇၃၄၀ ကျပ် ဝန်းကျင်မှာ စျေးငြိမ်နေပါတယ်။
ရန်ကုန်ဈေးကွက်ရှိ စားတော်ပဲလုံး ပျမ်းမျှစျေးနှုန်းမှာ စက်တင်ဘာ ပထမပတ်နှင့် ဒုတိယပတ်တို့တွင် တစ်ပိဿာ ၁၁၃၃၃ ကျပ်၊ တတိယပတ်တွင် ၁၁၅၈၃ ကျပ် နှင့် စတုတ္ထပတ်တွင် ၁၂၀၂၀ ကျပ်ဖြင့် အသီးသီး စျေးပေါက်နေကာ စျေးတက်လာတာကို တွေ့ရပါတယ်။
#စက်တင်ဘာလ တစ်လလုံး ပျမ်းမျှ စျေးနှုန်းအနေဖြင့် ပဲတီစိမ်း(ခရမ်းရွှေဝါ)၊ပဲတီစိမ်း(ပဲခူးရွှေဝါ) တို့သည် တစ်ပိဿာ ၇၁၇၄ ကျပ်စျေးပေါက်နေပြီး ပဲတီစိမ်း(ဝါးခယ်မ)(အက်ဖ်အေကျူ၊အက်စ်ကျူ) သည် တစ်ပိဿာ ၇၃၄၀ ကျပ် စျေးပေါက်နေပါသည်။
စားတော်ပဲလုံးအနေဖြင့် စက်တင်ဘာလ ပျမ်းမျှစျေးနှုန်းမှာ တစ်ပိဿာ ၁၁၅၄၃ ကျပ် ရှိပါသည်။ ပျမ်းမျှ အနိမ့်ဆုံးစျေး ၁၁၀၇၆ စျေးမှ အမြင့်ဆုံးစျေး ၁၂၀၁၀ စျေးဖြင့် စျေးပေါက်နေပါသည်။
#သုံးသပ်ခန့်မှန်းချက်
ပဲတီစိမ်း(ခရမ်းရွှေဝါ)၊ပဲတီစိမ်း(ပဲခူးရွှေဝါ)စျေးအနေဖြင့် တစ်ပိဿာ ၃၀၀ ကျပ်ဝန်းကျင် စျေးကျလာပြီး စားတော်ပဲကတော့ ၆၀၀ ကျပ်ဝန်းကျင် စျေးတက်လာပါတယ်။
တရုတ်ကို ပဲတီစိမ်းတင်ပို့ရာမှာ ပိုးသတ်ဆေး ဓာတ်ကြွင်းပြဿာနာကြောင့် ပြည်တွင်းပဲတီစိမ်း အနည်းငယ်ဈေးကျဆင်းလာတာလို့ ယူဆရပါတယ်။ ပြည်တွင်းစျေးကွက်မှာ စားတော်ပဲက လက်ကျန်နည်းပြီး စျေးကွက်အတွင်း ကုန်ပစ္စည်းအဝင်နည်းတာကြောင့် အတက်မှာပဲရှိနေပါတယ်။ ဒါ့အပြင် ကျွန်းစားတော်ပဲကတော့ မျိုးစိုက်ပျိုးရန် အဝယ်ရှိလာတာကြောင့် ဈေးတက်လာပါတယ်။
Data Source: AMIA
သုံးသပ်သူ - နွယ်အေး
-----------
မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12
သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို ထွက်တိုး ဖုန်းဆော့ဝဲ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.
သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437


ပင်မစာမျက်နာ
အဖွဲ့များ
စူးစမ်းရန်
စာတို
ကျွန်ုပ်
စျေးနှုန်း