ရန်ကုန်တိုင်း စက်တင်ဘာလ ၂၉ ရက် မှ အောက်တိုဘာလ ၅ ရက်အထိ မိုးလေဝသအခြေအနေ
- တိုင်ဖွန်းမုန်တိုင်း BUALOI သည် စက်တင်ဘာ ၂၈ ရက် ည၊ ၂၉ ရက် နံနက်အစောပိုင်းမှာ ဗီယက်နမ်ကမ်းခြေကိုဖြတ်ကျော်ပြီးစီးမည်ဖြစ်ပြီး မုန်တိုင်းအကြွင်းအကျန်များသည် လာအိုနိုင်ငံမှတဆင့် မြန်မာနိုင်ငံအရှေ့ပိုင်း(ရှမ်းပြည်နယ်အရှေ့ပိုင်း)နှင့်ရှမ်းပြည်နယ်မြောက်ပိုင်းတို့သို့ စက်တင်ဘာ ၂၉ ရက်နေ့မှာ စတင်ဝင်ရောက်လာနိုင်ပါမယ်။ - · စက်တင်ဘာလ ၃၀ ရက်နှင့် အောက်တိုဘာ ၁ ရက်နေ့များတွင် ရှမ်းပြည်နယ်တခုလုံး နေရာစိပ်စိပ်မိုးထစ်ချုန်းရွာပြီး ရှမ်းပြည်နယ်မြောက်ပိုင်းမှာ နေရာကွက်၍ မိုးများနိုင်ပါမယ်။(၂၄ နာရီအတွင်း မိုးရေချိန် ၄ လက်မခန့်ရွာသွန်းရရှိနိုင်) - · အောက်တိုဘာ ၁ ရက်နေ့မှာ မုန်တိုင်းအကြွင်းအကျန်များ ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းအထက်ပိုင်းကိုရောက်ရှိနိုင်ပြီး၊ - · အောက်တိုဘာ ၁ ရက်နေ့မှာ ကချင်ပြည်နယ် မြစ်ကြီးနား၊ မိုးကောင်း၊ နမ္မတီးနဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်းဒေသများတွင်လည်းကောင်း၊ အောက်တိုဘာ ၂ ရက်နေ့မှာ စစ်ကိုင်းတိုင်းအထက်ပိုင်းဒေသတွေနဲ့ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေမှာလည်းကောင်း နေရာစိပ်စိပ်မိုးရွာနိုင်/နေရာကွက်၍မိုးများနိုင်ပါမယ်။ - · အောက်တိုဘာလ ၅ ရက်နေ့တွင် ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်းကိုဖြတ်ကျော်တိုက်ခတ်ပြီး တောင်ရုတ်ပင်လယ်အတွင်းသို့ ဝင်ရောက်လာနိုင်သည့် မုန်တိုင်း ၁ လုံး ထပ်မံဖြစ်ပေါ်လာနိုင်ကာ တောင်တရုတ်ပင်လယ်အတွင်းတွင် အနောက်ဘက်၊ ဗီယက်နမ်နိုင်ငံဘက်သို့ ဆက်လက်ရွေ့လျားနိုင်ကြောင်း ECMWF, GFS စသည့် ကသင်္ချာပုံစံပြု modelများမှ ကြိုတင်ခန့်မှန်းချက်များရှိနေပါတယ်။ - ရန်ကုန်တိုင်းအတွင်း နေ့စဉ်ပျမ်းမျှ နှင့် စက်တင်ဘာ ၂၉ ရက် မှ အောက်တိုဘာလ ၁ ရက် အထိ ၇ ရက်အတွင်းရွာသွန်းရရှိနိုင်သည့် မိုးရေချိန်များ - · စက်တင်ဘာ ၃၀ ရက်နေ့တွင် ကပ္ပလီပင်လယ်မြောက်ပိုင်းတွင်ဖြစ်ပေါ်လာနိုင်မည့် လေပွေလှိုင်းမှ ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းသို့ရွေ့လျားပြီး ပိုမိုအားကောင်းလာကာ အနည်းဆုံး လေဖိအားနည်းရပ်ဝန်းဖြစ်လာနိုင်ပြီး မုတ်သုံပိုမိုအားကောင်းလာနိုင်သဖြင့် ရန်ကုန်တိုင်းအတွင်း ပျမ်းမျှခြင်းအားဖြင့် ၇ ရက် မိုးရေချိန် ၄ လက်မမှ ၇ လက်မခန့်အထိ ရွာသွန်းရရှိနိုင်ပါတယ်။ - · ရန်ကုန်မြောက်ပိုင်းမှ မင်္ဂလာဒုံ၊ မှော်ဘီ၊ လှည်းကူး၊ တိုက်ကြီးစသည့် မြို့နယ်/ခရိုင်များနှင့် ရန်ကုန်တောင်ပိုင်း ခရမ်း/သုံးခွ/ဒလ/ကွမ်းခြံကုန်း မြို့နယ်များမှာ ၇ ရက်အတွင်း မိုးရေချိန် ၆ လက်မ မှ ၇ လက်မ ဝန်းကျင်ခန့်၊ - · ရန်ကုန်အနောက်ပိုင်း၊ တွံတေး၊ ကော့မှူးမြို့နယ်/ခရိုင်တွေမှာ ၇ ရက်အတွင်း မိုးရေချိန် ၄ လက်မ မှ ၆ လက်မခန့် - · ရန်ကုန်အရှေ့ပိုင်းမှ မြို့နယ်/ခရိုင်တွေမှာ ၇ ရက် မိုးရေချိန် ၅ လက်မ မှ ၇ လက်မ ခန့် - အသီးသီး ရွာသွန်းရရှိနိုင်ပါတယ်။ - သဘာဝဘေးအန္တရာယ်ဖြစ်နိုင်ချေများ - · ရန်ကုန်တိုင်းမြောက်ပိုင်း၊ တောင်ပိုင်းနှင့် အရှေ့ပိုင်းတွေမှာ နေ့စဉ်မိုးရွာသွန်းမှု ၁၅၀ မီလီမီတာအထက်(၆ လက်မ ခန့်)ရွာသွန်းနိုင်တာကြောင့် အနိမ့်ပိုင်းရပ်ကွက်တွေမှာ ရေကြီးရေလျှံခြင်းများဖြစ်ပေါ်နိုင်ပါတယ်။ - · မိုးထစ်ချုန်းရွာသွန်းရန်ဟန်ပြင်လာသည့်အခါ ကွင်းပြင်/သစ်ပင်အောက်များတွင်မနေပဲ၊ အနီးဆုံးခိုလှုံရာတခုခုကိုရှာဖွေဝင်ရောက်ခြင်းဖြင့် မိုးကြိုးပစ်ခံရနိုင်သည့်အန္တရာယ်နှင့် သစ်ပင်လဲ/သစ်ကိုင်းကျိုးပြီး ပိမိနိုင်/ထိခိုက်နိုင်သည့်အန္တရာယ်မှလွတ်ကင်းအောင် သတိထားကြဘို့လိုပါမယ်။ - · စိုက်ပျိုးခင်းများ၊ စပါးခင်းများအတွက်"အောင်ရေ"ရရှိအောင် လယ်ကွင်းများ၌ရေစုဆောင်းထားလျှင် အနိမ့်ပိုင်းလယ်မြေများ ရေမလွှမ်းနိုင်အောင် သတိထားစောင့်ကြည့်ရန်လိုပါမယ်။ - · ပဲခူးရိုးမနှင့် ဆက်စပ်/နီးစပ်သောမြို့နယ်များမှာ တောင်စောင်းများတွင်မြေပြိုကျနိုင်သည့်အန္တရာယ်ရှိသည်ကို လစ်လျူရှုထား၍မရပါ။ ယခုလိုကာလအတွင်း သတိရှိကြရပါမယ်။ - အပူချိန်၊ လေတိုက်နှုန်း၊ လေထုစိုထိုင်းဆ၊ ပင်လယ်ပြင်အခြေအနေနှင့် လေထုညစ်ညမ်းမှုအခြေအနေများ - · ရန်ကုန်မြို့ရဲ့ အမြင့်ဆုံးနေ့အပူချိန် ၃၁°C နဲ့ အနိမ့်ဆုံးညအပူချိန် ၂၅°C ရှိနိုင်ပြီး၊ စက်တင်ဘာ ၂၈ ရက်နေ့မှာ ခံစားရတဲ့အပူချိန်(Feels like temperature) ၃၈°C အထိရှိနိုင်ပါမယ်။ - · ယခု ၁ ပတ်အတွင်း တောင်/အနောက်တောင်နှင့်အရှေ့တောင်အရပ်တို့မှ လေတိုက်နှုန်း တနာရီ ၂၅ မိုင်ခန့်အထိ ရှိနိုင်ပြီး၊ ရန်ကုန်မြစ်ဝ၊ ကမ်းနီးပင်လယ်ပြင်မှာ လှိုင်းအမြင့်ဆုံး ၅ ပေ မှ ၆ ပေခန့်ရှိနိုင်ပါတယ်။ - · ရန်ကုန်တိုင်းအတွင်း နေ့လည်/နေ့ခင်းအချိန်များမှာ လေထုစိုထိုင်းဆ ၈၀% ခန့်ရှိနိုင်ပြီး၊ နံနက်အစောပိုင်နှင့် ညပိုင်းအချိန်တွေမှာ လေထုစိုထိုင်းဆ ၁၀၀% ရှိနိုင်ပါတယ်။ - ယခု ၁ ပါတ်အတွင်း ရန်ကုန်တိုင်း၊ အနောက်ပိုင်းခရိုင်များတွင် လေထုညစ်ညမ်းမှုအညွှန်းကိန်းအမြင့်ဆုံး(AQI value) “35” ရှိနိုင်ပြီး အန္တရာယ်မရှိနိုင်သော အညွှန်းကိန်းအဆင့်ဖြစ်ပါတယ်။ - ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကွမ်းစိုက်တောင်သူများထံသို့ - စိုက်ပျိုးရေးဆိုင်ရာအကြံပြုချက်.... - ကွမ်းဆီစွန်းကျနေတဲ့အရွက်၊အပင်အစိတ်အပိုင်းတွေကိုသေချာမရှင်းဘဲနဲ့ ဆေးဖျန်းပါက ထိရောက်ဖို့ခက်ပါတယ်။
- ရောဂါလက္ခဏာကျနေတဲ့အရွက်တွေကို အရင်းကနေကတ်ကြေးနဲ့ညှပ်၊ ကြွပ်ကြွပ်အိတ်ထဲထည့်ပြီးလွှတ်ပစ်ပေးပါ။ကွမ်းခြံထဲမှာ ပစ်မထားခဲ့ပါနဲ့။
- ရောဂါကျအပင်ကို အသုံံးပြုသော ကတ်ကြေး၊ ဓားများကို အရက်ပြန်နှင့်သေချာမသန့်ရှင်းဘဲ ကျန်းမာသောအပင်တွင် ညှပ်ခြင်း၊ ဖြတ်ခြင်းမပြုလုပ်သင့်ပါ၊
- ကွမ်းခြံအတွင်းရေဝပ်တာ၊ စိုထိုင်းဆများနေတာမျိုးမရှိအောင်လုပ်ပေးပါ၊
- လေဝင်လေထွက်ကောင်းအောင်လည်းလုပ်ဆောင်ပေးပါ။
- ကွမ်းဆီစွန်းအတွက်ရွေးချယ်နိုင်သော ဘက်တီးရီးယားသတ်ဆေးများ- Streptomycin sulphate, Copper oxychloride, Kasugamycin, Oxolinic acid, Bismerthiazol
 - ငါးကန်များရှိ ရေညှိ၊ ရေမှော်များ ဖယ်ရှားခြင်း - ကန်အတွင်း အပင်မျှောလှေး များပြားခြင်းမှ အလင်းရောင် နှင့်အပူချိန် မှန်ကန်စွာမရရှိပါက အပင်မျှောလှေးများသေကြေပြီး ရေညှိဖတ်များအဖြစ် ပြောင်းလဲဖြစ်ပေါ်လာရပါသည်။ ရေညှိ ရေမှော်များ ကန်အတွင်းများပြားပါက ငါးများညအချိန်တွင် အောက်စီဂျင်ကျခြင်းများကို ကြုံတွေ့နေတတ်ပါသည်။ ငါးများသွားလာလှုပ်ရှားမှု့ကိုလည်း အနှောက်အယှက်ဖြစ်ပေါ်စေပါသည်။ အဆိုပါ ရေညှိ ရေမှော်များကို အောက်ပါအတိုင်း ဖြေရှင်းနိုင်ကြောင်း အကြံပြုတင်ပြအပ်ပါသည်။ - - တစ်ဧက ကန်အတွက် ဂျစ်ပ်ဆမ် (၆၃) ပိဿာ (သို့မဟုတ်) - - ဒုတ္တာ (ကောပါးဆာလ်ဖိတ်) (၆)ပိဿာ မှ (၈)ပိဿာအထိသုံးစွဲနိုင်ပါသည်။ ၄င်းကောင်းတို့ကို အိပ်ငယ်ကလေးများတွင် ထည့်စီးပြီး ရေထဲရှိ ဝါးလုံးတိုင်တွင် ကပ်ချည်ပါ။ အိပ်ငယ်ကလေးများ ကို ရေထဲသို့ (၄)လက်မ (သို့မဟုတ်) (၆)လက်မခန့် နှစ်ထားရပါမည်။ - ------ - မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 - သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို - ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. - သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 
 
 
 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
