cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

မန္တလေးတိုင်း မိုးလေဝသအခြေအနေ နှင့် ရေလုပ်ငန်းအကြံပြုချက်

. ရာသီဥတု သတင်းများ
မန္တလေးတိုင်း၊ ညောင်ဦးမြို့၊ တံတားဦး၊ ကျောက်ဆည်၊ မိတ္ထီလာမြို့တွေမှာ အမြင့်ဆုံးနေ့အပူချိန် ၃၄°C နှင့် ပြင်ဦးလွင်၊ မိုးကုတ်မြို့တွေမှာ ၂၇°C ရှိနိုင်ပြီး

· အနိမ့်ဆုံးညအပူချိန် ၁၉°C(ပြင်ဦးလွင်) နှင့် ၂၅°C(ညောင်ဦး)ရှိနိုင်ပါတယ်။
  • ပင်လယ်ပြင်မှ ထူးခြားသည့်မိုးလေဝသအခြေအနေ 

    ·          အိန္ဒိယမိုးလေဝသဌာနထုတ်ပြန်ချက်အရ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်း၊ အထက်အမြင့် ၅.၈ ကီလိုမီတာမှာ လေပွေလှိုင်းတခုဖြစ်ပေါ်လျှက် ရှိကြောင်းတွေ့ရပြီး အနောက်-အနောက်တောင်ဘက်ကို ဆက်လက်ရွေ့လျားနိုင်ကြောင်း သင်္ချာပုံစံပြု ကြိုတင်ခန့်မှန်းရေးမော်ဒယ်များမှာတွေ့ရပါတယ်။ 

    ·          ဖြစ်ပေါ်နေတဲ့ လေပွေလှိုင်းသည် အောက်တိုဘာ ၁၃-၁၄ ရက်တွေအထိ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနဲ့ အနောက်အလယ်ပိုင်းတွေမှာ ဆက်လက်ရှိနေနိုင်ပြီး အားကောင်းလာနိုင်တဲ့အခြေအနေမရှိပါ။ 

    ·          ဒီအခြေအနေကြောင့် နောက်လာမည့် ၁ ပတ်အတွင်း တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်းတွေမှာနေရာကွက်၍မိုးများနိုင်ပြီး မြန်မာနိုင်ငံနေရာအနှံ့အပြားမှာ မိုးအနည်းငယ်မှ မိုးအသင့်အတင့် (၇ ရက်အတွင်းမိုးရေချိန် ၂ လက်မ မှ ၃ လက်မဝန်းကျင်ခန့်) ဆက်လက်ရွာသွန်းနေနိုင်ပါတယ်။ 

    ·          စပါးစိုက်တောင်သူများအတွက် အောင်ရေကောင်းကောင်းနဲ့ မြေဆီလွှာစိုထိုင်းဆကောင်းကောင်းရနိုင်ပြီး ပဲစိုက်တောင်သူများပဲကြဲတဲ့အခါ နေရာကွက်၍ မိုးသည်းထန်နိုင်တာကို သတိထားကြရပါမယ်။ 

    ၇ ရက်အတွင်း မန္တလေးတိုင်းတွင်မိုးရွာသွန်းရရှိနိုင်သည့်အခြေအနေ 

    ·          မန္တလေးတိုင်းအတွင်းမှ မြို့နယ်/ခရိုင်အချို့မှာ ၇ ရက်တပတ်အတွင်း အောက်ပါဇယားအတိုင်းမိုးရေချိန်ရွာသွန်းရရှိနိုင်ပါတယ် - 

    o    ပြင်ဦးလွင် ၂.၈၅ လက်မ 

    o    သပိတ်ကျင်း ၂.၅၃ လက်မ 

    o    မတ္တရာ ၂.၃၈ လက်မ 

    o    မန္တလေးမြို့ပေါ် ၂.၁၇ လက်မ 

    o    ကျောက်ဆည် ၂.၀၃ လက်မ 

    o    စဉ့်ကိုင် ၁.၉၁ လက်မ 

    o    မိတ္ထီလာ ၁.၈၃ လက်မ 

    o    ရမည်းသင်း ၁.၇၉ လက်မ 

    o    မြင်းခြံ ၁.၆၆ လက်မ 

    o    တံတားဦး ၁.၆၁ လက်မ 

    o    ငါန်းဇွန် ၁.၅၂ လက်မ 

    o    မလှိုင် ၁.၄၁ လက်မ 

    o    ညောင်ဦး ၁.၂၆ လက်မ 

    ·          ယခုတပတ်အတွင်း မန္တလေးတိုင်းတခုလုံးမှာ မိုးအနည်းငယ်ဆက်လက်ရွာသွန်းနေနိုင်ပြီး နေရာကွက်၍မိုးအသင့်အတင့်ရွာခြင်း၊ မိုးများနိုင်ခြင်းရှိနိုင်ပါမယ် 

    အပူချိန်၊ လေတိုက်နှုန်း၊ လေထုစိုထိုင်းဆနှင့် လေထုညစ်ညမ်းမှုနှင့် ခရမ်းလွန်ရောင်ခြည်အခြေအနေ 

    ·          မန္တလေးတိုင်း၊ ညောင်ဦးမြို့၊ တံတားဦး၊ ကျောက်ဆည်၊ မိတ္ထီလာမြို့တွေမှာ အမြင့်ဆုံးနေ့အပူချိန် ၃၄°C နှင့် ပြင်ဦးလွင်၊ မိုးကုတ်မြို့တွေမှာ ၂၇°C ရှိနိုင်ပြီး 

    ·          အနိမ့်ဆုံးညအပူချိန် ၁၉°C(ပြင်ဦးလွင်) နှင့် ၂၅°C(ညောင်ဦး)ရှိနိုင်ပါတယ်။ 

    ·          မန္တလေးတိုင်းအတွင်းမှာ အမြင့်ဆုံးလေတိုက်နှုန်း တနာရီ ၃ မိုင်မှ ၅ မိုင်အထိရှိနိုင်ပြီး၊ 

    ·          နေ့လယ်ပိုင်းအချိန်တွေမှာ လေထုစိုထိုင်းဆ ၅၀% ခန့်နှင့် ညပိုင်း၊ နံနက်အစောပိုင်းအချိန်များမှာ ၇၀% မှ ၉၀% ရှိနေနိုင်ပါမယ်။ 

    ·          လေထုစိုထိုင်းဆမြင့်မားနေချိန် မန္တလေးတိုင်းမြောက်ပိုင်းဒေသတွေမှာ ခံစားရတဲ့အပူချိန် (Feels like temperature)၃၉°C အထိရှိနိုင်၊ ပူအိုက်နေနိုင်ပါတယ်။ 

    ·          မန္တလေးတိုင်းအတွင်း ယခုတပတ်တွင် လေထုညစ်ညမ်းမှုအညွှန်းကိန်း AQI Value အမြင့်ဆုံး ၅၀ အောက်မှာရှိနေနိုင်ပြီး ကျန်းမာရေးအန္တရာယ်ဖြစ်စေနိုင်သော level မဟုတ်၍ စိုးရိမ်ရန်မလိုပါ။ 

    Win Naing 

    Administration Team, 

    MMWEATHER, 

    ရေလုပ်ငန်းအတွက် အကောင်မျှောလှေးအကြောင်း 

    သတ္တမျှောလှေး(အကောင်မျှောလှေး) Zoo Plankton သည် မျိုးစိတ်ပေါင်းများစွာရှိပြီး အစာကွင်းဆက်၏ ဒုတိယအခြေခံကျသော အစာကွင်းဆက်ဖြစ်ပါသည်။ ငါး၊ ပုစွန်မွေးမြူရေးတွင် သဘာဝရေပြင်နှင့် မွေးမြူရေးကန်အတွင်း အရေးကြီးသောအစာအရင်းအမြစ်ဖြစ်ပါသည်။ အခြေခံအကျဆုံးနှင့် အသုံးဝင်သောမျိုးစိတ်မှာ Rotifer, Daphnia နှင့် Moina ဖြစ်ကြပါသည်။ Moina သည် ရေချိုပုစွန်နှင့် ငါးခူသားပေါက်များကို ကျွေးမွေးရန်အကောင်းဆုံးဖြစ်ပါသည် ။ Rotiferကို ရေချို၊ ရေငန် ငါးပုစွန်များအတွက် ကျွေးမွေးနိုင်ပါသည်။ 

               Rotifer သည် ရေငန်တွင် မွေးမြူထားသောရေသတ္တဝါများအတွက်လည်း အရေကြီးသောအစာဖြစ်ပါသည်။ ဥပမာအားဖြင့် (ကျားပုစွန်၊ဂဏန်း)တို့သည် ရေထုညစ်ညမ်းမှုနှင့် alkaline, Acid, hard water နှင့် soft water တို့ကို ခံနိုင်ရည်ရှိသည်။ ရေချို၊ ရေငန် နှစ်မျိုးစလုံးတွင် နေထိုင်နိုင်သည်။ 

    ထို့ကြောင့် ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက ကောစင်တာနံပါတ် 09977910000 သို့ ဆက်သွယ်နိုင်ပါသည်။  

    --------------     

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12     

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို     

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.     

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437  


  • article
likes
7
comments
0
views
4446