ရန်ကုန်တိုင်း အောက်တိုဘာလ ၁၃ ရက်မှ အောက်တိုဘာလ ၁၉ ရက်အထိ မိုးလေဝသအခြေအနေ
- တောင်တရုတ်ပင်လယ် နှင့် ဘင်္ဂလားပင်လယ်အော်အခြေအနေ - · ဘင်္ဂလားပင်လယ်အော်အတွင်း အိန္ဒိယနိုင်ငံဘက်မှတိုက်ခတ်လာသည့် အနောက်မြောက်လေစီးကြောင်းနှင့် လာအို၊ ဗီယက်နမ်တို့ဘက်မှ တိုးဝင်တိုက်ခတ်လာသည့် အရှေ့လေစီးကြောင်းတို့ အထက်အမြင့်ပေ ၅၀၀၀ အထက်တွင် တွေ့ဆုံရာမှဖြစ်ပေါ်သော အထက်လေပွေလှိုင်းများ ဖြစ်ပေါ်ခြင်းသာရှိနိုင်ပြီး လေဖိအားနည်းရပ်ဝန်း/မုန်တိုင်းများအဆင့်အထိ မရောက်နိုင်ကြောင်းတွေ့ရပါတယ်။ - · အိန္ဒိယနိုင်ငံ အနောက်တောင်ပိုင်း၊ အာရေဗျပင်လယ်အတွင်းတွင် လေပွေလှိုင်းမှအားကောင်းလာပြီး လေဖိအားနည်းရပ်ဝန်းတခု အောက်တိုဘာလ ၁၅-၁၆ ရက်နေ့တွေမှာ ဖြစ်ပေါ်လာနိုင်ပါတယ်။ - · မလေးကျွန်းဆွယ်အရှေ့ဘက် ထိုင်းပင်လယ်ကွေ့တောင်ပိုင်းမှာ လေပွေလှိုင်းတခုဖြစ်ပေါ်ပြီး အနောက်ဘက်ကိုဆက်လက်ရွေ့လျားကာ (ခန့်မှန်း)အောက်တိုဘာ ၁၉ ရက်မှာ ထိုင်းနိုင်ငံတောင်ပိုင်း Phuket မြို့အနီးမှဖြတ်သန်း၍ ကပ္ပလီပင်လယ်တောင်ပိုင်းကို ဝင်ရောက်လာနိုင်ပါတယ်။ - ရန်ကုန်တိုင်းအတွင်း နေ့စဉ်ပျမ်းမျှ နှင့် ၇ ရက်အတွင်းရွာသွန်းရရှိနိုင်သည့် မိုးရေချိန် - · အောက်တိုဘာ ၁၉ ရက်မှ စတင်၍ ရန်ကုန်မြို့ပေါ်တွင်နေသာချိန်ပိုများလာပြီး အောက်တိုဘာ ၂၄ ရက်နောက်ပိုင်းမှ စတင်၍ မိုးရွာသွန်းနိုင်မည့်အခြေအနေ၊ ရွာသွန်းနိုင်သည့်မိုးရေချိန်စသည်တို့ လျော့နည်းသွားနိုင်ပါတယ်။ - · ယခု ၁ ပတ်အတွင်း ရန်ကုန်တိုင်းအတွင်း မွန်းလွဲ/ညနေပိုင်းနှင့် ညပိုင်းအချိန်များမှာ မိုးအနည်းငယ်မှ အသင့်အတင့်(၇ ရက်အတွင်းမိုးရေချိန် ၁.၃ လက်မ မှ ၂.၂၄ လက်မခန့်အထိ)ရွာသွန်းနိုင်ပြီး ခရိုင်/မြို့နယ်များအလိုက် မိုးရေချိန်ရရှိမှု ကွာခြားနိုင်ပါမယ်။ ရန်ကုန်မြောက်ပိုင်းနှင့် အရှေ့ပိုင်းတွေမှာ မိုးရေချိန်အနည်းငယ်(၀.၁ လက်မခန့်) ပိုနိုင်ပါတယ်။ - · မြောက်ပိုင်းက မှော်ဘီ၊ တိုက်ကြီး၊ လှည်းကူး၊ ထန်းတပင် မြို့နယ်တွေမှာတော့ ၇ ရက်အတွင်း မိုးရေချိန် ၂ လက်မနီးပါးမှ ၂ လက်မအထက် ရနိုင်တာမို့ ယခုတပတ်အတွင်းမှာမိုးရေချိန်ရွာသွန်းရရှိမှု အများဆုံးပါဘဲ။ - အပူချိန်၊ လေတိုက်နှုန်း၊ လေထုစိုထိုင်းဆ၊ ပင်လယ်ပြင်အခြေအနေနှင့် လေထုညစ်ညမ်းမှုအခြေအနေများ - · ရန်ကုန်မြို့ရဲ့ အမြင့်ဆုံးနေ့အပူချိန် ၃၂°C နဲ့ အနိမ့်ဆုံးညအပူချိန် ၂၅°C ရှိနိုင်ပြီး၊ အောက်တိုဘာလ ၁၉ ရက်နေ့မှာ ခံစားရတဲ့အပူချိန်(Feels like temperature) ၃၉°C အထိရှိနိုင်ပါမယ်။ - · ယခု ၁ ပတ်အတွင်း တောင်/အရှေ့တောင်အရပ်တို့မှ လေတိုက်နှုန်း တနာရီ ၁၀ မိုင်မှ ၁၆ မိုင်ခန့်ရှိနိုင်ပြီး၊ ရန်ကုန်မြစ်ဝ၊ ကမ်းနီးပင်လယ်ပြင်မှာ လှိုင်းအမြင့်ဆုံး ၂ ပေ ခန့်ရှိနိုင်ပါတယ်။ - · ရန်ကုန်တိုင်းအတွင်း နေ့လည်/နေ့ခင်းအချိန်များမှာ လေထုစိုထိုင်းဆ ၇၀% ခန့်ရှိနိုင်ပြီး၊ နံနက်အစောပိုင်းနှင့် ညပိုင်းအချိန်တွေမှာ လေထုစိုထိုင်းဆ ၉၀% ရှိနိုင်ပါတယ်။ - ယခု ၁ ပါတ်အတွင်း ရန်ကုန်တိုင်း၊ အနောက်ပိုင်းခရိုင်များတွင် လေထုညစ်ညမ်းမှုအညွှန်းကိန်းအမြင့်ဆုံး(AQI value) “50” ရှိနိုင်ပြီး အန္တရာယ်မရှိနိုင်သော အညွှန်းကိန်းအဆင့်ဖြစ်ပါတယ်။ - Win Naing - Administration Team, - MMWEATHER, - ငါးကပ်ပါးရောဂါအတွက် အကြံပြုချက် - Ichthyophthiriasis multifiliis ရောဂါပိုးကပ်ပါးများ တွယ်ကပ်မှုများလျှင် အရေပြား(သို့) ပါးဟက်များတွင် လည်းကောင်း၊ ဆူးတောင်များတွင်လည်းကောင်း အဖြူစက်မြောက်များစွာ တွေ့ရှိရမည်ဖြစ်သည်။ - - ရောဂါကျရောက်သောငါးများသည် အစာစားနှုန်းလျော့ကျသွားပြီး မျက်စိမှာ အလင်းပိတ်သွား၍ သေဆုံးသည်အထိ ဖြစ်နိုင်ပါသည်။ - - ရောဂါပြင်းထန်သော ငါးများသည် အချွဲများထုတ်ပြီး ကန်နံရံအား ခန္ဓာကိုယ်ဖြင့် ပွတ်တိုက်ကြမည်ဖြစ်သည်။ - - ယင်းသို့ပွတ်တိုက်ခြင်းကြောင့် အနာများဖြစ်ပေါ်လာပြီး နောက်ဆက်တွဲရောဂါများအနေဖြင့်ဘက်တီးရီးယားရောဂါ၊ မှိုရောဂါများ ဖြစ်ပေါ်လာနိုင်ပါသည်။ - ထို့ကြောင့် ငါးမွေးမြူရေးနဲ့ပတ်သတ်ပြီးဆွေးနွေးတိုင်ပင်လိုပါက ကောစင်တာနံပါတ် 09977910000သို့ ဆက်သွယ်နိုင်ပါသည်။ - ------ - မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 - သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလိ - ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. - သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
