cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ပဲခူးတိုင်း အောက်တိုဘာလ ၁၄ ရက် မှ အောက်တိုဘာလ ၂၀ ရက်အထိ မိုးလေဝသအခြေအနေ

. ရာသီဥတု သတင်းများ
ပဲခူးတိုင်းအတွင်းမှာ ယခုတပတ်အတွင်း ၇ ရက် မိုးရေချိန်အနည်းဆုံး ၂.၂၇ လက်မ(ပြည်မြို့)နှင့် ၇ ရက်အတွင်း မိုးရေချိန်အများဆုံး ၅.၂ လက်မ(ရွှေကျင်မြို့)တွေမှာ ရွာသွန်းရရှိနိုင်ကြောင်းတွေ့ရပါတယ်။ ပဲခူးတိုင်းအရှေ့ခြမ်းနဲ့ ကရင်ပြည်နယ်နယ်စပ်တောင်ကြောများပေါ်မှာ မိုးဆက်လက်များနေနိုင်တာကြောင့် စစ်တောင်းမြစ်ဝှမ်းတလျှောက်၊ မြို့နယ်/ခရိုင်တွေအတွင်းမှ မြစ်ကမ်းဘေးအနိမ့်ပိုင်းရပ်ကွက်တွေ၊ အနိမ်ပိုင်းလယ်ကွင်းတွေ၊ စိုက်ပျိုးမြေတွေမှာ ရေလွှမ်းနိုင်မည့် အန္တရာယ် ဆက်ရှိနေနိုင်ပါတယ်။
  • တောင်တရုတ်ပင်လယ်၊ ဘင်္ဂလားပင်လယ်အော်နှင့် အာရေဗျပင်လယ်တို့တွင် ဖြစ်ပေါ်နိုင်သည့် ထူးခြားမိုးလေဝသအခြေအနေ 

    ·          ဖိလစ်ပိုင်နိုင်ငံအရှေ့ဘက် ပစိဖိတ်သမုဒ္ဒရာအနောက်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသည့် လေပွေလှိုင်း (INVEST-96W) သည် အနောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး ဖိလစ်ပိုင်နိုင်ငံအလယ်ပိုင်းနှင့်မြောက်ပိုင်းကို ချဉ်းကပ်လာစဉ် အားကောင်းသောအပူပိုင်းမုန်တိုင်း (Severe Tropical Storm – SS) ဖြစ်လာနိုင်ပါတယ်။ 

    ·          ယနေ့ရရှိသည့်ကြိုတင်ခန့်မှန်းလမ်းကြောင်းအတိုင်းဆက်လက်ရွေ့လျားပါက အောက်တိုဘာ ၁၉ ရက်ည ပိုင်းမှာ တိုင်ဖွန်းမုန်တိုင်းအဖြစ် တောင်တရုတ်ပင်လယ်အတွင်းသို့ ဝင်ရောက်လာနိုင်ကြောင်း ICON Model ကြိုတင်ခန့်မှန်းချက်နှင့် ECMWF စုပေါင်း model များ၏ ကြိုတင်ခန့်မှန်းချက်တွေမှာ တွေ့ရတာကြောင့် မိုးလွန်ကာလမိုး/အခါလွန်မိုး/ဖျက်မိုးများ၏အန္တရာယ် ရှိနိုင်သည့်အတွက် အထူးသတိပြုစောင့်ကြည့်ရပါမယ်။ 

    ·          အိန္ဒိယနိုင်ငံအနောက်တောင်ပိုင်း အာရေဗျပင်လယ်အတွင်းမှာ လေဖိအားနည်းရပ်ဝန်းတခုဖြစ်ပေါ်လာနိုင်ပြီး လေဖိအားနည်းရပ်ဝန်းကြေင့် အရှေ့လေစီးကြောင်းပိုမိုအားကောင်းလာနိုင်ကာ INVEST-96W အနောက်ဘက်သို့ရွေ့လျားနိုင်ခြင်းကို ပိုမိုအားပေးနိုင်တာကြောင့် အာရေဗျပင်လယ်က လေဖိအားနည်းရပ်ဝန်းအခြေအနေကိုလည်း စောင့်ကြည့်ရပါမယ်။ 

    ·          အိန္ဒိယနိုင်ငံအလယ်ပိုင်းဒေသများမှ ဆက်လက်ဆုတ်ခွာလျှက်ရှိတဲ့ အနောက်တောင်မုတ်သုံလေသည် မြန်မာနိုင်ငံမှ အောက်တိုဘာ ၁၅ ရက်နေ့နောက်ပိုင်းမှာ အပြီးသတ်ဆုတ်ခွာနိုင်မယ်လို့ခန့်မှန်းရပြီး အိန္ဒိယမိုးလေဝသဌာန-IMD ခန့်မှန်းချက်အရ နောက်လာမည့်ရက်ပိုင်းအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ မုတ်သုံစတင်ဆုတ်ခွာနိုင်ကြောင်း ခန့်မှန်းထားတာကို အောက်တိုဘာ၁၁ ရက်နေ့မှာ IMD က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲ ထုတ်ပြန်ချက် Press-Release မှာတွေ့ရပါတယ်။ 

    ·          ဒီအခြေအနေတွေကြောင့် မြန်မာနိုင်ငံ ပြည်နယ်/တိုင်း ဒေသအားလုံးမှာ မိုးအနည်းငယ်မှ မိုးအသင့်အတင့် ဆက်လက်ရွာသွန်းနိုင်ဦးမှာဖြစ်ပြီး အောက်တိုဘာ ၂၂ ရက်ကို ကျော်လွန်ပြီးမှသာ မိုးလျော့နည်းလာနိုင်ပါမယ်။ 

    ပဲခူးတိုင်းအတွင်း မြို့နယ်အချို့၏ ၇ ရက်အတွင်း ရွာသွန်းရရှိနိုင်သည့် မိုးရေချိန် 

    ·          ပဲခူးတိုင်းအတွင်းမှာ ယခုတပတ်အတွင်း ၇ ရက် မိုးရေချိန်အနည်းဆုံး ၂.၂၇ လက်မ(ပြည်မြို့)နှင့် ၇ ရက်အတွင်း မိုးရေချိန်အများဆုံး ၅.၂ လက်မ(ရွှေကျင်မြို့)တွေမှာ ရွာသွန်းရရှိနိုင်ကြောင်းတွေ့ရပါတယ်။ 

    ·          ပဲခူးတိုင်းအရှေ့ခြမ်းနဲ့ ကရင်ပြည်နယ်နယ်စပ်တောင်ကြောများပေါ်မှာ မိုးဆက်လက်များနေနိုင်တာကြောင့် စစ်တောင်းမြစ်ဝှမ်းတလျှောက်၊ မြို့နယ်/ခရိုင်တွေအတွင်းမှ မြစ်ကမ်းဘေးအနိမ့်ပိုင်းရပ်ကွက်တွေ၊ အနိမ်ပိုင်းလယ်ကွင်းတွေ၊ စိုက်ပျိုးမြေတွေမှာ ရေလွှမ်းနိုင်မည့် အန္တရာယ် ဆက်ရှိနေနိုင်ပါတယ်။ 

    ·          ပဲခူးတိုင်းအရှေ့ခြမ်းမှာ ၇ ရက်အတွင်း ရွာသွန်းရရှိနိုင်တဲ့ မိုးရေချိန်က ပဲခူးတိုင်းအနောက်ခြမ်းမှာ ရွာသွန်းရရှိနိုင်မည့် မိုးရေချိန်ထက် ၁ လက်မခန့် ပိုများနေဆဲဖြစ်ပါတယ်။ 

    ·          ပဲခူးတိုင်းအရှေ့ဘက်ခြမ်းက ဧရာဝတီမြစ်အပါအဝင်မြစ်ရေများ ဆက်လက်ကျဆင်းနေနိုင်တာကြောင့် လွန်ကဲတဲ့ မြစ်ရေကြီးနိုင်မည့်အခြေအနေဖြစ်ပေါ်မှု မရှိနိုင်တော့ပါ၊ အနိမ့်ပိုင်းရပ်ကွက်၊ လယ်မြေများရေလွှမ်းနိုင်ခြေကိုတော့ ဆက်လက်သတိထားကြရပါမယ်။ 

    ·          ပဲခူးတိုင်းတခုလုံးမှာ အောက်တိုဘာ ၂၄ ရက်နေ့မှ စ တင်ပြီး မိုး/လေကင်းစင်ပြီး နေသာနိုင်မည့်ရက်များဖြစ်လာနိုင်ကြောင်း ကြိုတင်ခန့်မှန်းချက်များမှာ တွေ့နေရပြီဖြစ်ပါတယ်။ 

      အပူချိန်၊ လေတိုက်နှုန်း၊ လေထုစိုထိုင်းဆနှင့် လေထုညစ်ညမ်းမှုအခြေအနေများ 

    ·          ပဲခူးတိုင်းတခုလုံးမှာ အမြင့်ဆုံးနေ့အပူချိန် ၃၂°C နဲ့ အနိမ့်ဆုံးညအပူချိန် ၂၃°C ရှိနိုင်ကာ၊ ခံစားရသည့်အပူချိန် temperature feels like ၄၀°C အထိရှိလာနိုင်ပါမယ်။ 

    ·          လေထုစိုထိုင်းဆအခြေအနေ နေ့လည်နေ့ခင်းအချိန်များနှင့် နံနက်ခင်း/ညနေ/ညအချိန်တွေမှာ များစွာကွာဟမှုမရှိပဲ ၉၀% မှ ၁၀၀% အတွင်းရှိနိုင်ပါမယ်။ 

    ·          လေထုညစ်ညမ်းမှုအညွှန်းကိန်း AQI သည် ပဲခူးတိုင်းတခုလုံးမှာ 50 ဝန်းကျင်ခန့်ရှိနိုင်ပြီး အန္တရာယ်ရှိနိုင်သည့်အခြေအနေမဟုတ်ပါ။ 

    ·          ပဲခူးတိုင်းတောင်ဘက် မုတ္တမပင်လယ်ကွေ့အတွင်း လှိုင်းအမြင့်ဆုံး ၁ ပေခန့် ရှိနိုင်ပြီး၊ 

    ယခုတပတ်အတွင်း အရှေ့/အရှေ့တောင်ဘက်အရပ်များမှ လေတိုက်နှုန်း တနာရီ ၁၀ မိုင်ခန့်နှင့်၊ မုတ္တမကွေ့အတွင်း လေတိုက်နှုန်းအမြင့်ဆုံး တနာရီ ၁၅ မိုင်ခန့်ရှိနိုင်ပါမယ်။ 

    Win Naing 

    Administration Team, 

    MMWEATHER, 

    ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ပဲစိုက်တောင်သူများထံသို့

    ယင်ဖြူကာကွယ်နှိမ်နင်းနည်း အကြံပြုချက်

    • ယင်ဖြူသည် အဝါရောင်မိုဆေ့ဗိုင်းရပ်စ်ရောဂါ၏ သယ်ဆောင်ကောင်ဖြစ်တဲ့အတွက် စိုက်ခင်းထဲယင်ဖြူကျနေတယ်၊ အဝါရောင်ပြောင်းနေတဲ့ ဗိုင်းရပ်စ်လက္ခဏာလည်း တွေ့တယ်ဆိုရင် အဲ့အပင်ကိုချက်ချင်းနုတ်ပစ်ပြီးစိုက်ခင်းနဲ့ဝေးရာမှာပစ်ပေးပါ။
    • နိုက်ထရိုဂျင်ရွက်ဖျန်းအားဆေးကို အလွန်အကျွံမသုံးပါနဲ့။
    • ယင်ဖြူအတွက် ပိုးသတ်ဆေးအဖြစ် Spirotetramat + Pyriproxyfen၊ Fipronil+ Bifenthrin Thiamethoxam + Chlorfenapyr၊ Pymetrozine+ Nintepyram အဆင်ပြေရာကို ရွေးချယ်နိုင်ပါတယ်။
    • ဆေးဖျန်းပြီး ၁ ပါတ်ကြာရင် ပိုတက်စီယမ် (K) + Amino acid ရွက်ဖျန်းကိုဖျန်းပေးပါ။

    ငါးကပ်ပါးရောဂါအတွက် အကြံပြုချက်  

    Ichthyophthiriasis multifiliis ရောဂါပိုးကပ်ပါးများ တွယ်ကပ်မှုများလျှင် အရေပြား(သို့) ပါးဟက်များတွင် လည်းကောင်း၊ ဆူးတောင်များတွင်လည်းကောင်း အဖြူစက်မြောက်များစွာ တွေ့ရှိရမည်ဖြစ်သည်။  

    - ရောဂါကျရောက်သောငါးများသည် အစာစားနှုန်းလျော့ကျသွားပြီး မျက်စိမှာ အလင်းပိတ်သွား၍ သေဆုံးသည်အထိ ဖြစ်နိုင်ပါသည်။   

    - ရောဂါပြင်းထန်သော ငါးများသည် အချွဲများထုတ်ပြီး ကန်နံရံအား ခန္ဓာကိုယ်ဖြင့် ပွတ်တိုက်ကြမည်ဖြစ်သည်။  

    - ယင်းသို့ပွတ်တိုက်ခြင်းကြောင့် အနာများဖြစ်ပေါ်လာပြီး နောက်ဆက်တွဲရောဂါများအနေဖြင့်ဘက်တီးရီးယားရောဂါ၊ မှိုရောဂါများ ဖြစ်ပေါ်လာနိုင်ပါသည်။  

    ထို့ကြောင့် ငါးမွေးမြူရေးနဲ့ပတ်သတ်ပြီးဆွေးနွေးတိုင်ပင်လိုပါက ကောစင်တာနံပါတ် 09977910000သို့ ဆက်သွယ်နိုင်ပါသည်။  

    ------      

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12      

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလိ      

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.      

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437   


  • article
  • article
  • article
  • article
likes
2
comments
0
views
3808