ငါး၊ ပုစွန်မွေးမြူရေးမှာ အရေးပါတဲ့ ကန်ရေအနက်
ငါးသည် ရေနေသွေးအေးသတ္တဝါဖြစ်သည်ဟု သိပ္ပံရှင်များကသတ်မှတ်ထားပါသည်။ ထို့ကြောင့် ငါး ပုစွန် များသည် အဓိက အရေးပါသော ပတ်ဝန်းကျင်သည် ရေဖြစ်ပါသည်။ ငါးမွေးတောင်သူများသည် ငါး၊ ပုစွန်မွေးမြူ ရေးအတွက် ကန်တူးရာတွင် သမာရိုးကျ (၃)ပေခွဲ(၄)ပေအထိသာ တူးဖော်ကြသည်ကိုတွ့ရှိရပါသည်။ ငါးပုစွန် များသည် မွေးမြူရေးကန်အတွင်း အသက်ရှူခြင်း ၊အစာစားခြင်း ၊ အညစ်အကြေးစွန့်ခြင်း နှင့် မျိုးပွါးခြင်းကို ဆောင်ရွက်ကြရပါသည်။ ထို့ကြောင့် ငါးမွေးမြူရေး လုပ်ငန်းကို စဉ်ဆက်မပြတ် အောင်မြင်စွာဆောင်ရွက်နိုင်ရန် အောက်ဖော်ပြပါအချက်များကို လေ့လာစစ်ဆေးသင့်ပါသည်။
Ø ရူပဆိုင်ရာအချက်အလက်များ (Physical Factor)
Ø ဓါတုဆိုင်ရာ အချက်အလက်များ (Chemical Factor)
Ø ဇီဝဆိုင်ရာ အချက်အလက်များ (Biological Factor)
ငါးမွေးကန်တစ်ခု၏ ရူပဆိုင်ရာအချက်အလက်များကို အောက်ပါအတိုင်း ခွဲခြားသတ်မှတ်ထားသည်-
ü ငါးကန်များ၏ ရေအနက်(Depth of water)
ü ရေ၏အပူချိန်(Water temperature)
ü ရေနောက်ကျိမှု(သို့)ရေကြည်နှုန်း(Turbidity or transparency)
ü ရေလှိုင်းလှုပ်ရှားမှု(Water movement)
ü အငန်နှုန်း(Salinity)
ဖော်ပြပါ ရူပဆိုင်ရာအချက်အလက်များမှ သတ်မှတ်ထားသော(စံ)များနှင့်ညီညွတ်မှသာလျှင် မွေးမြူရေးလုပ်ငန်း တစ်ခုသည်ဟု ဆိုနိုင်ပါသည်။
ငါးမွေးကန်တစ်ခု၏ ကန်ရေအနက်သည် အရေးကြီးသော လုပ်ငန်းတစ်ခု ဖြစ်ပါသည်။ မြန်မာနိုင်ငံကဲ့သို့ အပူပိုင်းဇုန်တွင် ကန်ရေအနက်သည် (၅ - ၆.၅)ပေအထိ ရှိရပါမည်။ သမပိုင်းဇုန် ကန်ရေအနက်သည်(၁၂-၁၅)ပေ ရှိနိုင်ပါသည်။ ပုစွန်မွေးမြူရေးအတွက် ကန်ရေအနက်သည်(၄-၆)ပေ ရှိရပါမည်။ မွေးမြူရေးကန် ရေတိမ်ပါက အလင်းရောင် (နေရောင်ခြည်)ကောင်းစွာဖြတ်သန်းနိုင်သဖြင့် ရေဩဇာကြွယ်ဝစေပါသည်။
ကန်ရေအတိမ်အနက်သည် အလင်းရောင်ထိုးဖောက်နိုင်မှုပေါ် သက်ရောက်သဖြင့် ကန်အတွင်း ရေဩဇာကြွယ်ဝခြင်း၊ ကန်အတွင်း အပူချိန်ရရှိမှု ကွာခြားခြင်း နှင့် အခြားသော ဓာတုဆိုင်ရာပြောင်းလဲခြင်းတို့ကို ဖြစ်ပေါ်ပြောင်းလဲစေပါသည်။ ကန်ရေနက်ပါက အလင်းရောင်ထိုးဖောက်နိုင်စွမ်းလျှော့နည်းစေပါသည်။ ထို့အတူ ကန်ရေတွင် အနယ်အမှုန်များပါကလည်း အလင်းရောင်ဖောင်ထွင်နိုင်စွမ်း နည်းပါးကြောင်းတွေ့ရှိရပါသည်။
ဦးစန်းအောင်
ထွက်တိုး
(ဆက်ရန်---)
------
မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12
သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလိ
ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.
သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437


ပင်မစာမျက်နာ
အဖွဲ့များ
စူးစမ်းရန်
စာတို
ကျွန်ုပ်
စျေးနှုန်း