cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

မကွေးတိုင်း နိုဝင်ဘာ ၁၉ ရက် မှ နိုဝင်ဘာ ၂၅ ရက်အထိမိုးလေဝသအခြေအနေ

. ရာသီဥတု သတင်းများ
ယခု ၁ ပတ်အတွင်း မကွေးတိုင်း၏ အမြင့်ဆုံးနေ့အပူချိန် ၃၂°C (ချောက်မြို့) နှင့် အနိမ့်ဆုံးညအပူချိန် ၁၈°C ရှိနိုင်ပြီး၊ နတ်မောက်၊ ဂန့်ဂေါ၊ ဆော၊ ကျောက်ထု၊ ထီးလင်း မြို့နယ်များမှာ ညအပူချိန် အနိမ့်ဆုံး၊ အအေးဆုံးဖြစ်နိုင်ပါမယ်။ ခံစားရသည့်အပူချိန် (Feels Like Temperature) ၃၁°C ခန့်ရှိနိုင်ပါမယ်။
  • ပင်လယ်ပြင်များမှ ထူးခြားသည့်မိုးလေဝသအခြေအနေများ 

    ·          ယခုတပတ်အတွင်း နိုဝင်ဘာ ၂၂ ရက်ဝန်းကျင်မှာ ဘင်္ဂလားပင်လယ်အော်အတွင်း လေဖိအားနည်းရပ်ဝန်းဖြစ်လာနိုင်ပြီး ၂၂ ရက် နံနက် ၆ နာရီမှ ၄၈ နာရီအတွင်း ပိုမိုအားကောင်းလာနိုင်ပါတယ်။ အရှေ့မြောက်လေ(ဆောင်းမုတ်သုံ)အားကောင်းနေတာကြောင့် လေဖိအားနည်းရပ်ဝန်းဖြစ်လာပြီးလျှင် အနောက်ဘက်ကိုသာ ဦးတည်ရွေ့လျားနိုင်ကြောင်း ခန့်မှန်းရပါတယ်။ 

    ·          နိုဝင်ဘာလမကုန်ခင်၊ ဒီဇင်ဘာလဆန်းပိုင်းရက်များအတွင်း ဘင်္ဂလားပင်လယ်အော်မှာဖြစ်ပေါ်တဲ့ လေဖိအားနည်းရပ်ဝန်း/မုန်တိုင်းများသည် အိန္ဒိယနိုင်ငံဘက်သို့သာ ဦးတည်ရွေ့လျားနိုင်မှာဖြစ်ပြီး မြန်မာနိုင်ငံအပေါ်သက်ရောက်မှုရှိမှာမဟုတ်ကြောင်း Multi-model forecast ကြိုတင်ခန့်မှန်းချက်များမှာ တွေ့ရတာကြောင့် စိုးရိမ်စရာမရှိကြောင်းထပ်မံတင်ပြလိုပါတယ်။ 

    မကွေးတိုင်းအတွင်း မိုးရွာသွန်းနိုင်သည့် အခြေအနေကြိုတင်ခန့်မှန်းချက် 

    ·          မကွေးတိုင်းအတွင်းမှ ဒေသအားလုံးမှာ နိုဝင်ဘာ ၁၉ ရက်နေ့နောက်ပိုင်း မိုးရွာသွန်းနိုင်သည့် အခြေအနေရှိတော့မှာမဟုတ်ပါ။ 

    ·          ဂန့်ဂေါ၊ ဆော၊ ကျောက်ထု၊ စေတုတ္တရာ၊ ထီးလင်း၊ စကု၊ တောင်တွင်းကြီး၊ နတ်မောက် စတဲ့ မြို့နယ်ခရိုင်များမှာ နိုဝင်ဘာ ၂၀ ရက်နောက်ပိုင်းမှ စပြီး ညအပူချိန်များ ၂၀°C အောက်ကို ကျဆင်းလာနိုင်ပါတယ်။ 

    အပူချိန်၊ လေတိုက်နှုန်း၊ လေထုစိုထိုင်းဆနှင့် လေထုညစ်ညမ်းမှုအခြေအနေ 

    ·          ယခု ၁ ပတ်အတွင်း မကွေးတိုင်း၏ အမြင့်ဆုံးနေ့အပူချိန် ၃၂°C (ချောက်မြို့) နှင့် အနိမ့်ဆုံးညအပူချိန် ၁၈°C ရှိနိုင်ပြီး၊ နတ်မောက်၊ ဂန့်ဂေါ၊ ဆော၊ ကျောက်ထု၊ ထီးလင်း မြို့နယ်များမှာ ညအပူချိန် အနိမ့်ဆုံး၊ အအေးဆုံးဖြစ်နိုင်ပါမယ်။ ခံစားရသည့်အပူချိန် (Feels Like Temperature) ၃၁°C ခန့်ရှိနိုင်ပါမယ်။ 

    ·          မကွေးတိုင်းမြို့နယ်/ခရိုင်များရဲ့ လေထုစိုထိုင်းဆ ၈၀% ခန့်ရှိနိုင်ပါတယ်။ 

    မကွေးတိုင်းရဲ့ ပျမ်းမျှလေထုညစ်ညမ်းမှုအညွှန်းကိန်း (AQI level) 100-110 Good to Moderate Range မှာ ရှိနိုင်ပြီး သာမန်အားဖြင့်အန္တရာယ်ရှိသည့် level မဟုတ်သော်လည်း အသက်ရှုလမ်းကြောင်းဆိုင်ရာကျန်းမာရေးမကောင်းသူများအတွက် သတိပြုသင့်သည့် အခြေအနေဖြစ်ပါတယ်။ 

    Win Naing 

    Administration Team, 

    MMWEATHER, 

    မကွေးတိုင်းဒေသကြီးအတွင်း မြေပဲစိုက်ပျိုးတောင်သူများအတွက် စိုက်ပျိုးရေးအကြံပေးချက် 

    မကွေးတိုင်းဒေသကြီးအတွင်း မြေပဲစိုက်ပျိုးရာတွင် ကျရောက်လေ့ရှိသော မြေပဲရွက်လိပ်ရွက်ကပ်ပိုး များအား ကြိုတင်ကာကွယ်ပေးပါ။ ရွက်လိပ်ရွက်ကပ်ပိုးသည် ရွက်လိပ်အတွင်း နေထိုင်ပြီး အရွက်၏အစိမ်းရောင် တစ်ရှူးသားများကို စားသောက်ဖျက်ဆီးသဖြင့် သီးနှံပင်၏အလင်းမှီစု အစာချက်လုပ်မှုကို လျော့ကျစေသည်။ ရွက်ကြောအတွင်း ဘက်မှာ လောက်ကောင်များ ကြီးလာတာ နဲ့အမျှ အစိမ်းရောင်တစ်ရှူးသားများပျက်စီးကာ အရွက်တစ်ခုလုံး အညိုရောင် ပြောင်းလာပြီး  ခြောက်သွေ့သွားပါမယ်။ ဆိုးဝါးတဲ့ အခြေအနေမှာ ပိုးကျထားသော အပင်ရွက်များဟာ မီးလောင်ခံထားရသလို ခြောက်နေမှာ ဖြစ်ပါတယ်။ 

    ကာကွယ်နှိမ်နင်းနည်းလမ်းများမှာ- 

    • ရောဂါကျအပင်အစိတ်အပိုင်းများနှင့် ပေါင်းမြက်များအား ဖယ်ရှားပေးပါ။ 
    • အဝါရောင်ကော်စေးထောင်ချောက်နှင့် မီးထောင်ချာက်များအားသုံး၍ အရွယ်ရောက်အကောင်းများနှိမ်နင်းပါ။ 
    • ဓာတုဆေးသုံးလိုပါက  လမ်ဒါဆိုင်ဟေလိုသရင် (Lambda-cyhalothrin)၊ ကာတက် ဟိုက်ဒရိုဂလိုရိုဒ် (Cartap hydrochloride)၊ အဆီဖိတ် (Acephate) စတဲ့ ဆေးအဆိပ်ပါတဲ့ ပိုးသတ်ဆေးတစ်မျိုးမျိုးကို အညွှန်းအတိုင်း အသုံးပြုပေးနိုင်ပါတယ်။ 

    ရေလုပ်ငန်းအတွက် အကောင်မျှောလှေးအကြောင်း  

    သတ္တမျှောလှေး(အကောင်မျှောလှေး) Zoo Plankton သည် မျိုးစိတ်ပေါင်းများစွာရှိပြီး အစာကွင်းဆက်၏ ဒုတိယအခြေခံကျသော အစာကွင်းဆက်ဖြစ်ပါသည်။ ငါး၊ ပုစွန်မွေးမြူရေးတွင် သဘာဝရေပြင်နှင့် မွေးမြူရေးကန်အတွင်း အရေးကြီးသောအစာအရင်းအမြစ်ဖြစ်ပါသည်။ အခြေခံအကျဆုံးနှင့် အသုံးဝင်သောမျိုးစိတ်မှာ Rotifer, Daphnia  နှင့် Moina ဖြစ်ကြပါသည်။ Moina သည် ရေချိုပုစွန်နှင့် ငါးခူသားပေါက်များကို ကျွေးမွေးရန်အကောင်းဆုံးဖြစ်ပါသည် ။ Rotiferကို ရေချို၊ ရေငန် ငါးပုစွန်များအတွက် ကျွေးမွေးနိုင်ပါသည်။  

             Rotifer သည် ရေငန်တွင် မွေးမြူထားသောရေသတ္တဝါများအတွက်လည်း အရေကြီးသောအစာဖြစ်ပါသည်။ ဥပမာအားဖြင့် (ကျားပုစွန်၊ဂဏန်း)တို့သည် ရေထုညစ်ညမ်းမှုနှင့် alkaline, Acid, hard water နှင့် soft water တို့ကို ခံနိုင်ရည်ရှိသည်။ ရေချို၊ ရေငန် နှစ်မျိုးစလုံးတွင် နေထိုင်နိုင်သည်။   

    ထို့ကြောင့် ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက ကောစင်တာနံပါတ် 09977910000 သို့ ဆက်သွယ်နိုင်ပါသည်။ 

    -------------      

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12      

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို      

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.      

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 


  • article
likes
5
comments
0
views
1834