cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

နိုဝင်ဘာလ ၂၃ ရက် မှ နိုဝင်ဘာ ၃၀ ရက်အထိ ဖြစ်ပေါ်နိုင်သည့်မိုးလေဝသအခြေအနေများ

. ရာသီဥတု သတင်းများ
ဘင်္ဂလားပင်လယ်အော်မှဆိုင်ကလုန်းမုန်တိုင်းနှင့် တောင်တရုတ်ပင်လယ်မှ တိုင်ဖွန်းမုန်တိုင်းတို့၏သက်ရောက်မှုသည် ယခု ၁ ပတ်အတွင်း မြန်မာနိုင်ငံ-ကချင်ပြည်နယ်မြောက်ဖျားဒေသများတွင် မိုးအနည်းငယ်ရွာသွန်းနိုင်ခြင်းမှအပ ကျန်ပြည်နယ်တိုင်းဒေသအားလုံးသို့ သက်ရောက်နိုင်ခြင်း မရှိပါ။
  • ပင်လယ်ပြင်အခြေအနေများ 

    ·          ကပ္ပလီပင်လယ်တောင်ပိုင်း မလက္ကာရေလက်ကြားမှ လေဖိအားနည်းရပ်ဝန်းသည် သိသာထင်ရှားသောလေဖိအားနည်းရပ်ဝန်း (Well-Marked LPA) အဖြစ် ပိုမိုအားကောင်းလာပြီး အနောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားကာ ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတွင် နိုဝင်ဘာ ၂၄ ရက်နေ့၌ အားကောင်းသောလေဖိအားနည်းရပ်ဝန်း (မုန်တိုင်းငယ် - DEPRESSION) ဖြစ်လာနိုင်ပါတယ်။ 

    ·          Depression ဖြစ်လာပြီးနောက် ဆက်လက်၍ အနောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားကာ ၄၈ နာရီအတွင်းပိုမိုအားကောင်းလာပြီး ဆိုင်ကလုန်းမုန်တိုင်းဖြစ်လာနိုင်ပါတယ်။ အဆိုပါလေဖိအားနည်းရပ်ဝန်းကို JTWC, CMISS တို့မှ INVEST-95B အဖြစ်သတ်မှတ်ထားပြီး ဆက်လက်စောင့်ကြည့်လျှက်ရှိပါတယ်။ 

    ·          ဖိလစ်ပိုင်နိုင်ငံ အရှေ့ဖိလစ်ပိုင်ပင်လယ်မှ လေပွေလှိုင်း INVEST-92W သည် အနောက်ဘက်သို့ရွေ့လျားပြီး နိုဝင်ဘာ ၂၄ ရက် ညမှာ ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းကို ဖြတ်ကျော်တိုက်ခတ်ပြီးတဲ့နောက် နိုဝင်ဘာ ၂၆ ရက်မှာ တောင်တရုတ်ပင်လယ်အတွင်းဝင်ရောက်လာနိုင်ပါမယ်၊ ဆက်လက်၍အနောက်ဘက်သို့ရွေ့လျားပြီး ပိုမိုအားကောင်းလာကာ နိုဝင်ဘာ ၂၈ ရက်နေ့တွင် တိုင်ဖွန်းမုန်တိုင်းဖြစ်လာနိုင်ပါမယ်။ 

    ·          တောင်တရုတ်ပင်လယ်အတွင်း တိုင်ဖွန်းမုန်တိုင်းအဖြစ် အားပိုကောင်းလာပြီးတဲ့နောက် နိုဝင်ဘာ ၂၉ ရက်မှာ ဗီယက်နမ်နိုင်ငံတောင်ပိုင်းကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်နိုင်မှာဖြစ်ကြောင်း သင်္ချာပုံစံပြု model ကြိုတင်ခန့်မှန်းချက်များအရ သိရပါတယ်။ 

    ·          ဘင်္ဂလားပင်လယ်အော်မှဆိုင်ကလုန်းမုန်တိုင်းနှင့် တောင်တရုတ်ပင်လယ်မှ တိုင်ဖွန်းမုန်တိုင်းတို့၏သက်ရောက်မှုသည် ယခု ၁ ပတ်အတွင်း မြန်မာနိုင်ငံ-ကချင်ပြည်နယ်မြောက်ဖျားဒေသများတွင် မိုးအနည်းငယ်ရွာသွန်းနိုင်ခြင်းမှအပ ကျန်ပြည်နယ်တိုင်းဒေသအားလုံးသို့ သက်ရောက်နိုင်ခြင်း မရှိပါ။   

    နိုဝင်ဘာလ ၂၃ ရက် မှ နိုဝင်ဘာ ၃၀ ရက်အထိ ရန်ကုန်တိုင်းအတွင်း မိုးလေဝသအခြေအနေ 

    ·          ယခု ၁ ပတ်အတွင်း ရန်ကုန်တိုင်းတွင် ရာသီဥတုသာယာပြီး မိုးရွာသွန်းရန်မရှိပါ။ 

    ·          နိုဝင်ဘာ ၂၇ ရက်နေ့တွင် မြောက်-အရှေ့မြောက်ဘက်မှ လေတိုက်နှုန်း တနာရီ ၁၅ မိုင်မှ ၂၅ မိုင်အထိတိုက်ခတ်နိုင်၊ လေအနည်းငယ်ပြင်းနိုင်ပါတယ်။ 

    ·          အမြင့်ဆုံးနေ့အပူချိန် ၃၀°C နှင့် အနိမ့်ဆုံးညအပူချိန် ၁၈°C ရှိနိုင်ပြီး ခံစားရသည့်အပူချိန်(Apparent Tempeerture) ၃၄°C ခန့် ရှိနိုင်ပါမယ်။ 

    ·          နံနက်နှင့် ညနေပိုင်း၊ ညပိုင်းအချိန်များတွင် လေထုစိုထိုင်းဆ ၈၀% ရှိနိုင်ပြီး နေ့လည်နေ့ခင်းအချိန်များတွင် ၅၀% ရှိနိုင်ပါမယ်။ 

    ·          လေထုညစ်ညမ်းမှုအညွှန်းကိန်းသည် စက်မှုဇုန်ဧရိယာများတွင် ၇၅ ခန့်ရှိနိုင်ပြီး အန္တရာယ်ရှိသည့် level မဟုတ်ပါ။ 

    Win Naing 

    Administration Team, 

    MMWEATHER, 

    ဆောင်းဝင်ကာလ ငါးရောဂါများသတိပြုကြရန် 

    မိုးလွန်ကာလနှင့်ဆောင်းရာသီအဝင်၊ ဆောင်းတွင်းကာလများတွင် ငါးကန်များအတွင်းရှိ ငါးများတွင် အနာပဆုပ်ဖြစ်ခြင်းများ ရှိတတ်ပါသည်။ 

    မှိုနှင့်ဘက်တီးရီးယား(၂)မျိုး ပေါင်းစပ်ကူးစက်သောကြောင့် ဖြစ်ပွားသောရောဂါ ဖြစ်ပါသည်။ ငါးများ သေဆုံးသည်အထိ ကူးစက်ဖြစ်ပွားပါသည်။ 

    EUS (Epizootic Ulurative Sydrome) ရောဂါ ဖြစ်ပါသည်။ ရှေးဦးစွာ ဘက်တီးရီးယားကူးစက်၍ ရောဂါဖြစ်ပါသည်။ ဘက်တီးရီယားပိုးမှာ (Aphanaomyces invadens) ဖြစ်ပါသည်။ 

    ရောဂါသည် ဦးစွာ ငါး၏ကိုယ်ခန္ဓာတွင် အနီစက်များဖြစ်ပေါ်ပြီး အနာဖြစ်၍ အတွင်းသားအထိ လှိုက်စားပါသည်။ ဆက်လက်၍ ကိုယ်ခန္ဓာအနှံ့တွင် အနာများ ပြန့်ပွားပါသည်။ အနာဖြစ်သော ငါးများသည် အင်အားချိနဲ့လာပြီး ဟန်ချက်ညီအောင် ရေကူးခတ်နိုင်ခြင်းမရှိပါ။ ငါးများ အစာစားနှုန်း ရပ်ဆိုင်းပြီး သေဆုံးမှု လျင်မြန်ပါသည်။ 

    ထို့ကြောင့် ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက ကောစင်တာနံပါတ် 09977910000 သို့ ဆက်သွယ်နိုင်ပါသည်။  

    -------------       

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12       

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို       

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.       

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 


  • article
likes
3
comments
0
views
2209