cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ပဲခူးတိုင်း နိုဝင်ဘာ ၂၅ ရက် မှ ဒီဇင်ဘာ ၁ ရက်အထိ မိုးလေဝသအခြေအနေ

. ရာသီဥတု သတင်းများ
နိုဝင်ဘာ ၂၅ ရက်မှ ဒီဇင်ဘာ ၁ ရက်နေ့အထိ၊ ပဲခူးတိုင်းအတွင်းတွင် မိုးရွာသွန်းနိုင်မည့်အခြေအနေမရှိပါ။
  • ပင်လယ်ပြင်တွင် ဖြစ်ပေါ်လျှက်ရှိသည့် လေထုမငြိမ်မသက် (Atmospheric instabilities) အခြေအနေများ 

    ·          ကပ္ပလီပင်လယ်ပြင်တောင်ပိုင်း မလက္ကာရေလက်ကြားတွင် ဖြစ်ပေါ်လျှက်ရှိသည့် အားကောင်းသောလေဖိအားနည်းရပ်ဝန်း(Well-Marked LPA) သည် အနောက်-အနောက်မြောက်ဘက်သို့ရွေ့လျားပြီး နောက်လာမည့် ၂၄ နာရီအတွင်း မုန်တိုင်းငယ်(Depression)ဖြစ်လာနိုင်ကြောင်း၊ အိန္ဒိယမိုးလေဝသဌာန၏ နိုဝင်ဘာ ၂၄ ရက် ထုတ်ပြန်ချက်တွင် ပါရှိပါတယ်။ ဖြစ်ပေါ်လာမည့် မုန်တိုင်းငယ်သည် အနောက်-အနောက်မြောက်ဘက်ကို ဆက်လက်ရွေ့လျားပြီး ပိုမိုအားကောင်းလာကာ နောက် ၄၈ နာရီအတွင်း ဆိုင်ကလုန်းမုန်တိုင်းဖြစ်လာနိုင်မယ်လို့ အိန္ဒိယမိုးလေဝသထုတ်ပြန်ချက်မှာဆက်လက်ဖေါ်ပြထားပါတယ်။ 

    ·          အလားတူ အိန္ဒိယနိုင်ငံတောင်ဘက်အစွန်၊ ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းနှင့် သီရိလင်္ကာကျွန်းနိုင်ငံအပေါ်မှာ နိုဝင်ဘာ ၂၃ ရက်နေ့တွင် ဖြစ်ပေါ်လျှက်ရှိသော အထက်လေပွေလှိုင်း(UACC)မှ ပိုမိုအားကောင်းလာပြီး လေဖိအားနည်းရပ်ဝန်းတခု ဖြစ်ပေါ်လာနိုင်ကြောင်း၊ ၎င်းသည်လည်း ဆက်လက်တည်ရှိနေပြီး ပိုမိုအားကောင်းလာနိုင်ကြောင်းလည်း IMD မှ ထုတ်ပြန်ထားတာတွေ့ရပါတယ်။ 

    ·          ကပ္ပလီပင်လယ်တောင်ပိုင်း၊ မလက္ကာရေလက်ကြားမှ အားကောင်းသောလေဖိအားနည်းရပ်ဝန်းကို အပြည်ပြည်ဆိုင်ရာ မုန်တိုင်းလေ့လာစောင့်ကြည့်ရေး-ဌာနများက INVEST-92B အဖြစ်ဆက်လက်စောင့်ကြည့်နေပြီး၊ အိန္ဒိယနိုင်ငံတောင်ဘက်၊ ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်း၊ သီရိလင်္ကာကျွန်းနိုင်ငံပေါ်မှ လေပွေလှိုင်းကိုတော့ စောင့်ကြည့်ခြင်းမရှိသေးပါ။ 

    ·          ECMWF Cyclone Activity (Including Genesis) Chart မှ နိုဝင်ဘာ ၂၇ ရက်နေ့တွင် ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းမှ လေပွေလှိုင်းနှင့် ကပ္ပလီပင်လယ်တောင်ပိုင်းမှ အားကောင်းသောလေဖိအားနည်းရပ်ဝန်းတို့သည် နိဝင်ဘာ ၂၇ ရက်နေ့တွင် ဆိုင်ကလုန်းမုန်တိုင်းဖြစ်နိုင်ချေ ၁၀၀% ရှိနေကြောင်း ခန့်မှန်းထုတ်ပြန်ထားတာကို တွေ့ရပါတယ်။ 

    ·          လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေများအရ ဆိုင်ကလုန်းမုန်တိုင်းအဖြစ်အားကောင်းလာနိုင်မည့်အခြေအနေ၊ ဆက်လက်ရွေ့လျားနိုင်သည့်လမ်းကြောင်း တို့အပေါ်မူတည်၍ မြန်မာနိုင်ငံအပေါ် သက်ရောက်မှုရှိလာနိုင်ခြင်း ရှိ/မရှိကို ဆက်လက်စောင့်ကြည့်ရမည်ဖြစ်ပြီး၊ လတ်တလောခန့်မှန်းရရှိပြီးသည့် မုန်တိုင်းလမ်းကြောင်းခန့်မှန်းချက်များသည် (ECMWF, GFS, ICON, NEMS-AUTO, NEMS-GLOBAL) စသည့်ကြိုတင်ခန့်မှန်း model များ အားလုံးတပြေးညီမဖြစ်သေးသည့်အတွက် အတည်ပြုနိုင်ခြင်း မရှိသေးပါ။ 

    ·          VENTUSKY ICON MODEL မိုးရေချိန်ကြိုတင်ခန့်မှန်းအရ ဒီဇင်ဘာ ၁ ရက်နေ့အထိ မြန်မာနိုင်ငံ ပြည်နယ်တိုင်းများတွင် မိုးရွာသွန်းနိုင်မည်မဟုတ်ပါ။ 

    ပဲခူးတိုင်းအတွင်း မြို့နယ်အချို့၏ ၇ ရက်အတွင်း ရွာသွန်းရရှိနိုင်သည့် မိုးရေချိန် 

    ·          နိုဝင်ဘာ ၂၅ ရက်မှ ဒီဇင်ဘာ ၁ ရက်နေ့အထိ၊ ပဲခူးတိုင်းအတွင်းတွင် မိုးရွာသွန်းနိုင်မည့်အခြေအနေမရှိပါ။ 

    အပူချိန်၊ လေတိုက်နှုန်း၊ လေထုစိုထိုင်းဆနှင့် လေထုညစ်ညမ်းမှုအခြေအနေများ 

    ·          ပဲခူးတိုင်းအရှေ့ပိုင်း တောင်ငူမြို့မှာ နိုဝင်ဘာ ၂၅ ရက်နေ့မှ ဒီဇင်ဘာ ၁ ရက်နေ့အတွင်း အမြင့်ဆုံးနေ့အပူချိန် ၃၀°C နဲ့ အနိမ့်ဆုံးညအပူချိန် ၁၃°C ရှိနိုင်ကာ၊ ခံစားရသည့်အပူချိန် temperature feels like ၃၃°C ရှိနိုင်ပါမယ်။ 

    ·          ပဲခူးတိုင်းအရှေ့ပိုင်းက ရွှေကျင်မြို့မှာ နိုဝင်ဘာ ၂၅ ရက်နေ့မှ ဒီဇင်ဘာ ၁ ရက်နေ့အတွင်း အမြင့်ဆုံးနေ့အပူချိန် ၂၉°C နဲ့ အနိမ့်ဆုံးညအပူချိန် ၁၅°C ရှိနိုင်ကာ၊ ခံစားရသည့်အပူချိန် temperature feels like ၃၂°C ရှိနိုင်ပါမယ်။ 

    ·          ပဲခူးတိုင်းအနောက်ခြမ်း ပြည်မြို့မှာ နိုဝင်ဘာ ၂၅ ရက်နေ့မှ ဒီဇင်ဘာ ၁ ရက်နေ့အတွင်း အမြင့်ဆုံးနေ့အပူချိန် ၂၉°C နဲ့ အနိမ့်ဆုံးညအပူချိန် ၁၅°C ရှိနိုင်ကာ၊ ခံစားရသည့်အပူချိန် temperature feels like ၃၂°C ရှိနိုင်ပါမယ်။ 

    ·          ပဲခူးတိုင်းအတွင်း နေ့လည်ဘက် လေထုစိုထိုင်းဆသည် ၄၀% အထိ ရှိနိုင်ပြီး နံနက်ခင်း/ညနေ/ညအချိန်တွေမှာ များစွာကွာဟမှုမရှိပဲ ၇၀% မှ ၉၀% အတွင်းရှိနိုင်ပါမယ်။ 

    ·          လေထုညစ်ညမ်းမှုအညွှန်းကိန်း AQI သည် ပဲခူးတိုင်းတခုလုံးမှာ 50 - 70 ဝန်းကျင်ခန့်ရှိနိုင်ပြီး အန္တရာယ်ရှိနိုင်သည့်အခြေအနေမဟုတ်ပါ။ 

    ·          ပဲခူးတိုင်းတောင်ဘက် မုတ္တမပင်လယ်ကွေ့အတွင်း လှိုင်းအမြင့်ဆုံး ၁.၅ ပေခန့်ရှိနိုင်ပြီး၊ အရှေ့ဘက်နှင့် အရှေ့မြောက်ဘက်အရပ်မှ လေတိုက်နှုန်းအမြင့်ဆုံး တနာရီ ၁၅ မိုင်ခန့်ရှိနိုင်ပါတယ်။ 

    ·          ပဲခူးတိုင်းကုန်းတွင်း မြို့နယ်/ခရိုင်များနှင့် ပဲခူးရိုးမတောင်ကြောပေါ်မှာ မြောက်-အနောက်မြောက်ဘက်အရပ်မှ လေတိုက်နှုန်းအများဆုံး တနာရီ ၁၅ မိုင်ခန့် ရှိနိုင်ပါတယ်။ 

    Win Naing 

    Administration Team, 

    MMWEATHER, 

    ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ပဲတီစိမ်း၊မတ်ပဲ၊တိုင်ထောင်ပဲစိုက် တောင်သူများထံသို့…. 

    သံချေးရောဂါ ကာကွယ်နှိမ်နင်းနည်းအကြံပြုချက် 

    • ရောဂါစတင်ချိန်တွင် အရွက်အပေါ်မျက်နှာပြင်တွင်  နီညိုရောင်အဝိုင်းပုံအဖုငယ်များတွေ့ရသော်လည်း ရောဂါကျရောက်မှုပြင်းထန်ပါက အရွက်အောက်မျက်နှာပြင်ထိ သံချေးအစက်အပြောက်များကို တွေ့ရသည်။ 
    • နောက်ပိုင်းတွင် အရွက်များအဝါရောင်ပြောင်းကာ ခြောက်သွားသည်။ 
    • အပူချိန် ၂၁-၂၆ ဒီဂရီစင်တီဂရိတ်နှင့် ညပိုင်းနှင်းမြူ ထူထပ်စွာကျရောက်သောအခြေအနေတွင် ရောဂါစတင်ဖို့ အခြေအနေပေးသောကြောင့် ထိုအခြေအနေတွင် Mancozeb ကိုကြိုတင်ဖျန်းပေးပါ။ 
    • ရောဂါစတင်ကျရောက်ပါက ရောဂါကျအရွက်ကိုဖယ်ရှားရှင်းလင်းပြီးမှ Thiophanate methyl+ Tebuconazole ကိုဖျန်းပေးပါ။ 
    • ရောဂါကျပင်ကြွင်းပင်ကျန်များကို မီးရှို့ဖျက်ဆီးပစ်ပါ။ 
    • နိုက်ထရိုဂျင်အာဟာရကို အလွန်အကျွံထည့်သွင်းခြင်းမပြုရပါ၊ 
    • နောက်ရာသီတွင် ပဲမျိုးရင်းဝင်မဟုတ်သောသီးနှံများနဲ့ သီးလှည့်စိုက်ပါ။  

    ဆောင်းဝင်ကာလ ငါးရောဂါများသတိပြုကြရန်  

    မိုးလွန်ကာလနှင့်ဆောင်းရာသီအဝင်၊ ဆောင်းတွင်းကာလများတွင် ငါးကန်များအတွင်းရှိ ငါးများတွင် အနာပဆုပ်ဖြစ်ခြင်းများ ရှိတတ်ပါသည်။  

    မှိုနှင့်ဘက်တီးရီးယား(၂)မျိုး ပေါင်းစပ်ကူးစက်သောကြောင့် ဖြစ်ပွားသောရောဂါ ဖြစ်ပါသည်။ ငါးများ သေဆုံးသည်အထိ ကူးစက်ဖြစ်ပွားပါသည်။  

    EUS (Epizootic Ulurative Sydrome) ရောဂါ ဖြစ်ပါသည်။ ရှေးဦးစွာ ဘက်တီးရီးယားကူးစက်၍ ရောဂါဖြစ်ပါသည်။ ဘက်တီးရီယားပိုးမှာ (Aphanaomyces invadens) ဖြစ်ပါသည်။  

    ရောဂါသည် ဦးစွာ ငါး၏ကိုယ်ခန္ဓာတွင် အနီစက်များဖြစ်ပေါ်ပြီး အနာဖြစ်၍ အတွင်းသားအထိ လှိုက်စားပါသည်။ ဆက်လက်၍ ကိုယ်ခန္ဓာအနှံ့တွင် အနာများ ပြန့်ပွားပါသည်။ အနာဖြစ်သော ငါးများသည် အင်အားချိနဲ့လာပြီး ဟန်ချက်ညီအောင် ရေကူးခတ်နိုင်ခြင်းမရှိပါ။ ငါးများ အစာစားနှုန်း ရပ်ဆိုင်းပြီး သေဆုံးမှု လျင်မြန်ပါသည်။  

    ထို့ကြောင့် ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက ကောစင်တာနံပါတ် 09977910000 သို့ ဆက်သွယ်နိုင်ပါသည်။   

    -------------        

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12        

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို        

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.        

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 


  • article
likes
9
comments
0
views
1947