မတ်ပဲဈေး နှစ်ရက်အတွင်း နှစ်သောင်းနီးပါးဈေးနှုန်းပြန်တက်လာ
လက်ရှိမှာ ပြည်တွင်း ပဲမျိုးစုံ စျေးကွက်အတွင်းကို မိုးမတ်ပဲ အသစ်တွေ ဝင်ရောက်မှု ရှိနေ ပေမယ့် ပြည်တွင်းကုန်သည် တွေမှ ပြန်လည် ဝယ်လိုအား ရှိနေတဲ့အပြင် ပြည်ပကိုလည်း အထိုက် အ လျောက်တင်ပို့မှုရှိနေတာကြောင့်စျေးကွက်မြင့်လာတာဖြစ်တယ်လို့ဆိုပါတယ်။
"မန္တလေး ကုန်စည်ဒိုင်မှာ ဒီနေ့ဆို မတ်ပဲတွေ ရသလောက်ကို အကုန်လိုက်သိမ်းနေတာ မျိုးအ ထိရှိ တယ်။ ဝယ်လိုအားရှိလို့စျေးပြန်တက်လာတာပါ"လို့မန္တလေးမှကုန်သည်တစ်ဦးက ပြောပါတယ်။
လက်ရှိ ဒီဇင်ဘာ ၁၀ ရက်နေ့ မန္တလေး ကုန်စည်ဒိုင်မှာ မတ်ပဲ ကျောက်ရစ် ( အဟောင်း) က ၂၅၅၀၀၀ မှ ၂၆၀၀၀၀ကျပ်ရှိပြီးမတ်ပဲအသစ်က၂၀၀၀၀၀မှ၂၄၀၀၀၀ကျပ်ရှိနေပါတယ်။
ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာတော့ ဒီဇင်ဘာ ၁၀ ရက်နေ့ ဈေးက မတ်ပဲ FAQ တစ်တန်ကို ၂၇၆၃၀၀၀ ကျပ်ရှိနေတယ်လို့ သိရပါတယ်။ မတ်ပဲ FOB စျေးနှုန်းကလည်း အမေရိကန်ဒေါ်လာ ၇၁၀ မှ ၇၂၀အတွင်းရှိလာတယ်လို့သိရပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၈ ရက်နေ့ အထိ အကျဈေးမှာ ပဲ ရှိနေခဲ့တာ ဖြစ်ပြီးလက်ရှိမှာတော့ပဲဈေးကတည်ငြိမ်မှုမရှိတာကိုတွေ့ရပါတယ်။
မတ်ပဲစျေးကွက်ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာဘာ ၂၅ ရက်နေ့ နောက်ပိုင်းမှ စပြီး စျေးကွက် ဆက်တိုက် မြင့်တက်လာတာဖြစ်ကြောင်း ၊ နိုဝင်ဘာ ၂၅ ရက်မတိုင်ခင်က မတ်ပဲ FAQ တစ်တန်ကို ၂၆ သိန်းကျပ် ကျော်သာရှိခဲ့တာဖြစ်တယ်လို့သိရပါတယ်။
"မတ်ပဲ စျေးလေးပြန်လှုပ်လာတယ်။ အဝယ်လည်း ရှိတယ် ။ နယ်ဘက်မှာကတော့ ပဲအဝင် သိပ်မရှိ သေး ဘူး။ ဖေဖော်ဝါရီ လောက်မှ ပဲတွေ အဝင်လှိုင်မယ်။ အဓိက အိန္ဒိယ ဝယ်ဖို့ပဲ လိုတာပါ " လို့ ပြည်မြို့မှ ပွဲရုံပိုင်ရှင်တစ်ဦးက ပြောပါတယ်။
လက်ရှိ ပြည်ကုန်စည်ဒိုင်မှာ မတ်ပဲ ပိဿာ ၂၀ တစ်အိတ်ကို ၈၇၅၀၀ ကျပ် ရှိပြီး အရင်က တစ်အိတ်ကိုမှာ ၈၃၅၀၀ကျပ်ဝန်းကျင်သာရှိခဲ့တယ်လို့သိရပါတယ်။
မတ်ပဲကိုတော့ ဆောင်းသီးနှံ အဖြစ်စိုက်ပျိုးမှု အနေနဲ့ ပဲခူးတိုင်း ၊ ဧရာဝတီတိုင်း ၊ရန်ကုန်တိုင်းတို့ မှာ အဓိက စိုက်ပျိုးပြီး အခြား ဒေသအချို့မှာလည်း စိုက်ပျိုးမှုရှိကာ ဖေဖော်ဝါရီ နဲ့ မတ်လလောက်မှ ပဲတွေ စျေးကွက် ထဲစတင်ဝင်ရောက်လေ့ရှိပါတယ်။ပြီးခဲ့တဲ့ ဆောင်းမတ်ပဲ ရိတ်သိမ်းချိန်ရာသီတုန်းက မတ်ပဲ တစ်တင်းကို၉၄၀၀၀ကျပ်နဲ့စျေးဖွင့်ခဲ့ပါတယ်။
မတ်ပဲကိုတော့ အိန္ဒိယကို သာအဓိကတင်ပို့မှုရှိတာ ဖြစ်ပြီး အိန္ဒိယကို အခွန်ကင်းလွတ်ခွင့်နဲ့ တင်ပို့ခွင့်ကာလက လာမယ့် ၂၀၂၆ ခုနှစ် မတ်လမှာ.သက်တမ်းကုန်ဆုံးမှာ ဖြစ်တဲ့အတွက် သက်တမ်း ထပ်တိုး၊ မတိုး ကိစ္စနဲ့ ပတ်သက်ပြီး အိန္ဒိယ အစိုးရဝန်ကြီးဌာနတွေ ဆွေးနွေး နေကြပါတယ်။
ဒီဇင်ဘာ၁၀ ရက်နေ့သတင်း၊ AMIA မှ ပေးပို့ပါသည်။
--------
မိုးလေဝသအဖွဲ့ဝင်ရန် -
https://htwettoe.com/organization/12
သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို
ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.
သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437


ပင်မစာမျက်နာ
အဖွဲ့များ
စူးစမ်းရန်
စာတို
ကျွန်ုပ်
စျေးနှုန်း