တစ်ပတ်အတွင်း သီးနှံဈေးကွက် သုံးသပ်ချက်
#မတ်ပဲ
မတ်ပဲ ကတော့ ယခုတစ်ပတ်မှာ တစ်တန်ကို ၄၀၀၀၀ မှ ၆၀၀၀၀ အတွင်း စျေးတက်လာတာ ဖြစ်ပါတယ်။ ပြည်တွင်းမတ်ပဲ စျေးတက်လာသလို ပြည်ပစျေးဖြစ်တဲ့ မတ်ပဲ တစ်တန် FOB စျေးကလည်း အမေရိကန်ဒေါ်လာ အရင်က ၇၀၅ မှ ၇၁၅ ရှိရာကနေ ယခုတစ်ပတ်မှာ ၇၄၅ မှ ၇၅၅ ဒေါ်လာအထိ မြင့်တက်လာပါတယ်။ လက်ရှိ ပြည်တွင်း စျေးကွက်မှာ မတ်ပဲ အဟောင်းက စျေးနှုန်းမြင့်ပြီး မတ်ပဲ အသစ်ကတော့ စျေးနိမ့်တယ်လို့သိရပါတယ်။
ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ တနင်္လာနေ့က ၂၇၆၄၀၀၀ ၊ အင်္ဂါ နေ့မှာ ၂၇၅၂၀၀၀ ၊ ဗုဒ္ဓဟူး နေ့မှာ ၂၇၃၇၀၀၀ ကျပ် ၊ ကြာသပတေးနေ့မှာ ၂၇၄၀၀၀၀ ကျပ်နဲ့ သောကြာနေ့မှာ ၂၇၄၁၀၀၀ ကျပ် စျေးရှိခဲ့ပါတယ်။
အရင်အပတ်တုန်းက မတ်ပဲ FAQ တစ်တန်ကို ၂၇၀၄၀၀၀ မှ အမြင့်ဆုံး ၂၇၂၀၀၀၀ ကျပ် အထိရှိခဲ့ပါတယ်။
#ပဲစင်းငုံ
ပဲစင်းငုံနီကလည်း အခုတစ်ပတ်မှာ တစ်တန်ကို ၇၀၀၀၀ ကျော် စျေးတက်လာတာ တွေ့ရပါတယ် ။ စျေးနှုန်း မြင့်တက်လာမှုနဲ့အတူအရောင်း အဝယ် လည်း သွက်နေတယ်လို့ သိရပါတယ်။ ပြည်တွင်း ပဲစင်းငုံနီစျေး တက်လာသလို ပြည်ပ FOB စျေးကလည်း ပဲစင်းငုံနီ တစ်တန်ကို အရင်တစ်ပတ်က အမေရိကန်ဒေါ်လာ ၆၇၀ မှ ၆၈၀ ရှိရာကနေ အခုတစ်ပတ်မှာ ၇၀၀ မှ ၇၁၀ ဒေါ်လာ အထိ ရှိလာပါတယ်။
ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲစင်းငုံနီ ( 2026 crop) က တစ်တန်ကို တနင်္လာ နေ့ ကနေ သောကြာနေ့ အတွင်း ၂၇၆၂၀၀၀ ကျပ်မှ ၂၈၂၀၀၀၀ ရှိခဲ့ပါတယ်။ ပဲစင်းငုံနီ ( 2025 crop) က တစ်တန်ကို ၂၆၇၀၀၀၀ ကျပ်စျေး ရှိခဲ့ပါတယ်။ အရင်တစ်ပတ်မှာတုန်းက တင်္နလာနေ့ ကနေ သောကြာနေ့ အတွင်း ပဲစင်းငုံနီ ( 2025 crop) တစ်တန်ကို ၂၅၇၅၀၀၀ မှ ၂၅၉၅၀၀၀ ကျပ် ရှိခဲ့ ပါတယ်။
#နှမ်း
ဒီတစ်ပတ်မှာ နှမ်းမျိုးစုံကလည်း စျေးနှုန်း မြင့်တက်လာပါတယ်။ နှမ်းနက် စမုံကို တရုတ်က ဝယ်လိုအား ကောင်းနေသလို ကျန်တဲ့ နှမ်းအမျိုးအစား တွေကိုလည်း ပြည်တွင်းမှာ ဝယ်လိုအား ရှိနေတာကြောင့် စျေးတက်လာပါတယ်။ ပို့ကုန်ရငွေ ဖြေလျှော့မှုကြောင့်လည်း စျေးကွက် အတက်ပြလာတာ ဖြစ်တယ်လို့ သိရပါတယ် ။
မန္တလေးကုန်စည်ဒိုင်စျေးကွက်မှာ နှမ်းနက် စမုံ စျေးနှုန်းက ၄၅ ပိဿာ တစ်အိတ်ကို ၆၉၀၀၀၀ ကျပ်မှ ၇၃၅၀၀၀ ကျပ်ရှိပြီး တစ်အိတ်ကို ၂၀၀၀၀ မှ ၃၀၀၀၀ ကျပ် တက်လာပါတယ်။ နှမ်းဖြူဂျပန်က ၂၉၅၀၀၀ မှ ၃၀၅၀၀၀ ကျပ်ရှိပြီး ၂၀၅၀၀ ကျပ် တက်လာကာ နှမ်းညိုက ၂၇၅၀၀၀ မှ၃၁၀၀၀၀ ရှိပြီး ၃၀၀၀၀ ကျပ်လောက်တက်လာပါတယ်။ နှမ်းဖြူဗမာကလည်း ၂၈၀၀၀၀ မှ ၂၉၅၀၀၀ စျေးတန်းရှိပြီး ၁၅၀၀၀ ကျပ်တက်လာပါတယ်။
#ကြက်သွန်နီ
ကြက်သွန်နီကတော့ လက်ရှိမှာ ပြည်ပတင်ပို့မှုလည်း ရှိသလို ပြည်တွင်းဝယ်လိုအား လည်းရှိနေတာကြောင့် စျေးကွက် မြင့်တက်လာနေတယ်လို့ သိရပါတယ် ။ စျေးကွက်ထဲမှာ ကြက်သွန် အသစ်က စျေးနှုန်းပိုမြင့်ပြီး ကြက်သွန် အဟောင်းကတော့ အဝယ်နည်းသွားပြီး စျေးလည်း နိမ့်နေပါတယ်။ကြက်သွန်အသစ် စျေးကောင်းတဲ့အတွက် တောင်သူတွေကလည်း ပစ္စည်း အကုန်ထုတ် ရောင်းချမှုရှိနေတယ်လို့ သိရပါတယ် ။
ရန်ကုန်ဘုရင့်နောင် ကုန်စည်ဒိုင်မှာ ဆိပ်ဖြူကြက်သွန် အဟောင်းက ၉၀၀ မှ ၃၀၀၀ ကျပ် စျေးဖွင့်ထားပါတယ် ။ ကြက်သွန်အသစ်တွေ ဖြစ်တဲ့ မြင်းခြံ ကြက်သွန်က ၁၉၀၀ ကျပ် မှ ၃၉၀၀ ကျပ် ၊ မုံရွာ အသစ်က ၃၂၀၀ မှ ၃၆၀၀ ကျပ် နဲ့ မြစ်သား ကြက်သွန်က ၂၆၀၀ မှ ၄၂၀၀ ကျပ်နဲ့ စျေးဖွင့်ထားပါတယ်။
#မြေပဲ
မြေပဲကလည်း အခုတစါပတ်မှာ စျေးနှုန်း မြင့်တက်လာပါတယ်။ အမျိုးအစား နဲ့ အရည်အသွေးပေါ်လိုက်ပြီး စျေးတန်းအကုန် မြင့်လာတာ ဖြစ်ပါတယ်။ S1 လုံးဆံက ၂၅၀ မှ ၆၅၀ လောက်တက်လာပြီး S1 ဆီဆံကတော့ ၁၀၀ မှ ၃၅၀ လောက်တက်လာပါတယ်။ အနီလုံးဆံက တစ်ပိဿာကို ၂၅၀ ကျပ် တက်လာပြီး Mတွဲလုံးဆံကလည်း ၅၀၀ ကျပ်လောက် စျေးတက်လာ ပါတယ်။
မန္တလေးကုန်စည်ဒိုင်မှာ S1လုံးဆံတစ်ပိဿာကို ၈၈၀၀ မှ ၈၉၀၀ ၊ မြင်းမူ မြေပဲက ၉၅၀၀ ကျပ်ရှိပါတယ်။S1ဆီဆံကို ၈၅၀၀ မှ ၈၇၀၀ ကျပ် စျေးတန်းဖွင့်ထားပြီး အနီလုံးဆံကတော့ ၈၅၀၀ ကျပ်မှ ၈၇၀၀ ကျပ်ရှိနဲ့ Mတွဲလုံးဆံက ၉၀၀၀ မှ ၉၂၀၀ ကျပ်ရှိ လာပါတယ်။
AMIA ( ၅. ၂.၂၀၂၆ မှ ၉. ၂. ၂၀၂၆)
-----------
မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12
သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို
ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.
သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437


ပင်မစာမျက်နာ
အဖွဲ့များ
စူးစမ်းရန်
စာတို
ကျွန်ုပ်
စျေးနှုန်း