cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ရှမ်းပြည်နယ် ၂၀၂၆ ခုနှစ် - ဇန်နဝါရီ ၁၇ ရက် မှ ဇန်နဝါရီ ၂၃ ရက်အထိ မိုးလေဝသအခြေအနေ

. ရာသီဥတု သတင်းများ
ယခု ၁ ပတ်အတွင်း - ရှမ်းပြည်နယ်မြောက်ပိုင်း-လားရှိုးမြို့မှာ အမြင့်ဆုံးနေ့အပူချိန် ၂၅°C ရှိနိုင်ပြီး အနိမ့်ဆုံးညအပူချိန် ၉°C အထိကျဆင်းနိုင်ပါတယ်။ မူဆယ်မြို့မှာ အမြင့်ဆုံးနေ့အပူချိန် ၂၃°C နှင့် အနိမ့်ဆုံးအပူချိန် ၆°C ရှိနိုင်ပါမယ်။
  • ပင်လယ်ပြင်မှ ထူးခြားမိုးလေဝသအခြေအနေများကြောင့် မြန်မာနိုင်ငံအပေါ်သက်ရောက်မှု မရှိပါ 

    ·          အိန္ဒိယသမုဒ္ဒရာတောင်ဘက်ခြမ်းတွင် အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း DUDZAI (14S) ဖြစ်ပေါ်နေပြီး ဇန်နဝါရီ ၁၆ ရက် ညပိုင်းတွင် "အားအလွန်ကောင်းသော CATEGORY-4 ဆိုင်ကလုန်းမုန်တိုင်း - Very Intense Tropical Cyclone" အဆင့် သို့ရောက်ရှိလာနိုင်ကာ နောက်လာမည့် ၃၆ နာရီအထိ CAT-4 အဆင့်ဆိုင်ကလုန်းမုန်တိုင်းအဖြစ် ဆက်လက်ရှိနေနိုင်ပါတယ်။ 

    ·          ပစိဖိတ်သမုဒ္ဒရာအနောက်မြောက်ပိုင်း၊ ဖိလစ်ပိုင်နိုင်ငံအရှေ့ဘက်ပင်လယ်မှ အပူပိုင်းမုန်တိုင်း NOKEAN(ဖိလစ်ပိုင်အမည် ADA) သည် ဖိလစ်ပိုင်နိုင်ငံကို ဖြတ်ကျော်တိုက်ခတ်ပြီး တောင်တရုတ်ပင်လယ်သို့ ဝင်ရောက်လာနိုင်ခြင်းမရှိတော့ပဲ အရှေ့ဖိလစ်ပိုင်ပင်လယ်အတွင်း ဇန်နဝါရီလ ၂၁ ရက် နေ့လည်ပိုင်းမှာ လေဖိအားနည်းရပ်ဝန်းအဖြစ် အားပျော့သွားနိုင်ပါတယ်။ 

    ·          ဩစတေးလျှတိုက်အနီး မြောက်ဘက်ပင်လယ်ပြင်တွင် စောင့်ကြည့်ရမည့် လေပွေလှိုင်း 96S နှင့် 97S တို့ဖြစ်ပေါ်နေပြီး နောက်လာမည့် ၂၄ နာရီအတွင်း မုန်တိုင်းအဆင့်ရောက်လာနိုင်သည့် အခြေအနေ LOW အဆင့်တွင်ရှိနေပါတယ်။ ကမ္ဘာ့တောင်ဘက်ခြမ်းနှင့် မြောက်ဘက်ခြမ်းတို့တွင် ဖြစ်ပေါ်နေသည့် မုန်တိုင်းများသည် မြန်မာနိုင်ငံအပေါ်သက်ရောက်မှု လုံးဝရှိနိုင်မည်မဟုတ်ပါ။ 

    ယခု ၁ ပတ်အတွင်း ရှမ်းပြည်နယ်တွင်မိုးရွာသွန်းနိုင်မည့်အခြေအနေ 

    ·          ရှမ်းပြည်နယ်အတွင်း နေ့အပူချိန်(အမြင့်ဆုံးအပူချိန်)များအနည်းငယ်တိုးလာပြီး၊ နံနက်အစောပိုင်းနှင့် ညအပူချိန်များအနည်းငယ်ပြန်လည်မြင့်တက်ကာ အအေးပေါ့လာနိုင်ပါတယ်။ 

    ·          ရှမ်းပြည်နယ်မြောက်ပိုင်းနှင့်တောင်ပိုင်းဒေသများမှာ အနိမ့်ဆုံးအပူချိန် ၁၀°C အောက်တွင် ဆက်လက်ရှိနေနိုင်ပြီး ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် ၁၀°C အထက်၊ ၁၅°C ဝန်းကျင်ရှိနေနိုင်ပါမယ်။ 

    အပူချိန်၊ လေတိုက်နှုန်း၊ လေထုစိုထိုင်းဆနှင့် လေထုညစ်ညမ်းမှုအခြေအနေ 

    ·          ယခု ၁ ပတ်အတွင်း - ရှမ်းပြည်နယ်မြောက်ပိုင်း-လားရှိုးမြို့မှာ အမြင့်ဆုံးနေ့အပူချိန် ၂၅°C ရှိနိုင်ပြီး အနိမ့်ဆုံးညအပူချိန် ၉°C အထိကျဆင်းနိုင်ပါတယ်။ မူဆယ်မြို့မှာ အမြင့်ဆုံးနေ့အပူချိန် ၂၃°C နှင့် အနိမ့်ဆုံးအပူချိန် ၆°C ရှိနိုင်ပါမယ်။ 

    ·          ရှမ်းပြည်နယ်တောင်ပိုင်း(တောင်ကြီးမြို့)မှာ အမြင့်ဆုံးနေ့အပူချိန် ၂၄°C နှင့် အနိမ့်ဆုံးညအပူချိန် ၈°C အထိရှိနိုင်ပါတယ်။ အင်းလေးဒေသ ခေါင်တိုင်၊ မိုင်းသောက်၊ အင်းပေါခုံ၊ ရွာမ စသည့်ဒေသများတွင် အမြင့်ဆုံးအပူချိန် ၂၈°C နှင့် အနိမ့်ဆုံးအပူချိန် ၇°C ရှိနိုင်ပြီး၊ နံနက်အစောပိုင်းအချိန်များမှာ တိမ်အနိမ့်များဖြစ်ထွန်းပြီးမြူဆိုင်းနိုင်ပါမယ်။ 

    ·          ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့နယ်မှာ အမြင့်ဆုံးနေ့အပူချိန် ၃၀°C ရှိနိုင်ပြီး အနိမ့်ဆုံးညအပူချိန် ၁၀°C ခန့် ရှိနိုင်ပါတယ်၊ ဇန်နဝါရီ ၂၀ ရက် မှ ၂၃ ရက်အထိ တိမ်အနည်းငယ်ဖြစ်ထွန်းနိုင်ပါမယ်။ 

    ·          ကျိုင်းတုံမြို့နယ်မှာ ဇန်နဝါရီ ၂၁ ရက် မှ ၂၃ ရက် အတွင်း တိမ်အနိမ့်များဖြစ်ထွန်းပြီး၊ အမြင့်ဆုံးနေ့အပူချိန် ၂၇°C နှင့် အနိမ့်ဆုံးညအပူချိန် - (ဇန်နဝါရီ ၁၉/၂၀ ရက်နေ့တွေမှာ အအေးဆုံး) ၈°C ရှိနိုင်ပါတယ်။ 

    ·          ရှမ်းပြည်နယ်တခွင်မှာ ယခု ၁ ပတ်အတွင်း အမြင့်ပေ ၁၀,၀၀၀ အထက်တွင် အနောက်မြောက်ဘက်မှ လေတိုက်နှုန်း တနာရီ မိုင် ၃၀ ခန့်ရှိပြီး၊ အဲ့ဒီအမြင့်မှာ အပူချိန် ၄°C အထိ ရှိနေနိုင်တာကြောင့် နံနက်အစေပိုင်းနှင့် ညဘက်အချိန်များမှာ အအေးဓါတ်ဆက်လက်လွှမ်းခြုံနေနိုင်ပါဦးမယ်။ 

    ·          ရှမ်းပြည်နယ်တခုလုံး၏ နေ့လည်ပိုင်းလေထုစိုထိုင်းဆ ၂၀% မှ ၃၀% ခန့်ရှိနိုင်ပြီး၊ ညနေပိုင်း/ညပိုင်းနဲ့ မနက်အစောပိုင်းအချိန်တွေမှာ ၆၀%မှ ၇၀% အထိ ရှိနိုင်ပါတယ်။ 

    ·          နေ့လည်ပိုင်းလေထုစိုထိုင်းဆမြင့်မားတဲ ဒေသတွေမှာ ခံစားရတဲ့အပူချိန်အမြင့်ဆုံး (Feels Like Temperature) က ၂၆°C ခန့်ရှိနေနိုင်ပါမယ်။ 

    ·          ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့နှင့် အရှေ့ပိုင်းက လားရှိုးမြို့များရဲ့ လေထုညစ်ညမ်းမှုအခြေအနေ (AQI Value) သည် 110 ရှိနိုင်ပြီး၊ ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မှာ 160 ရှိနိုင်တာကြောင့် လေထုညစ်ညမ်းမှုသည် အသက်ရှုလမ်းကြောင်းဆိုင်ရာကျန်းမာရေးမကောင်းသူများ သတိပြုရမည့် လေထုညစ်ညမ်းမှုအညွှန်းကိန်းဖြစ်ပါတယ်။ 

    မြေဆီလွှာစိုထိုင်းဆနှင့် မြေဆီလွှာရေဓါတ်ပါဝင်နှုန်းအခြေအနေ 

    ·          ရှမ်းပြည်နယ်တောင်ပိုင်းနှင့် မြောက်ပိုင်းတို့ရဲ့ ပျမ်းမျှမြေဆီလွှာစိုထိုင်းဆသည် မြေအောက်အနက် ၄၀ စင်တီမီတာ(၁၆ လက်မခန့်)တွင် ၉% နှင့် မြေအောက်အနက် ၁၀၀ စင်တီမီတာ(လက်မ ၄၀ ခန့်)တွင် ၁၈% ခန့် ရှိနိုင်ပါတယ်။ ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသတွေမှာ မြေအောက်အနက် ၄၀ စင်တီမီတာ(၁၆ လက်မခန့်) တွင် ၁၀% နှင့် မြေအောက်အနက် ၁၀၀ စင်တီမီတာ(လက်မ ၄၀ ခန့်)တွင် ၁၉% ခန့် ရှိနိုင်ပါတယ်။ 

    ·          ရှမ်းပြည်နယ်မြောက်ပိုင်းနှင့်တောင်ပိုင်းတို့ရဲ့ မြေဆီလွှာအတွင်းရေဓါတ်ပါဝင်နှုန်းသည် ယခုတပတ်အတွင်း နှစ်စဉ်ဖြစ်မြဲအောက် 3.2mm ခန့် လျော့နည်းနေနိုင်ပြီး ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသတွေမှာ မြေဆီလွှာအတွင်းရေဓါတ်ပါဝင်နှုန်း သည် နှစ်စဉ်ဖြစ်မြဲအောက် 7.1mm ခန့် လျော့နည်းနိုင် ပါတယ်။ 

    ရှမ်းပြည်နယ်အတွက် ၄ ရက် ကြိုတင် မိုးလေဝသအခြေအနေများကြည့်ရန် - https://www.mmweather.org/divisional-cities-weather/shan-state 

    Win Naing 

    Administration Team, 

    MMWEATHER, 

    ယင်မဲသားလောင်းများကို အသုံးပြုပြီး ငါးစာပြုလုပ်ခြင်း   

     ယခုအချိန်တွင် ဖွဲနုဈေးသည်မြင့်တက်လာသလို ပဲဖတ် နှင့် ငါးပေါင်းမှုန့်သည် ပိုမိုဈေးကြီးနေကြပါ သည်။ ပဲဖတ် နှင် ငါးပေါင်းမှုန့်အစား ယင်မဲသားလောင်းများကို အစာထိုးပြီး စပ်စာအဖြစ်ဆောင်ရွက်ပါက ၊ စပ်စာတွင် ပရိုတိန်း ၂၀-၂၅ ရာခိုင်နှုန်း ရရှိလာပါမည်။ ယင်မဲ မွေးမြူရေး လုပ်ငန်းသည် စွန့်ပစ်စာများကျွေးပြီး မွေးမြူခြင်းကြောင့် ကုန်ကျစရိတ်သက်သာပါမည်။   

    ယင်မဲသားလောင်းများသည် ပရိုတိန်း ၄၀ မှ ၅၀ ရာခိုင်နှုန်းပါဝင်ကြောင်းနှင့်ယင်မဲအခြောက်တွင် ပရိုတိန်း ၅၀ မှ ၆၀ ရာခိုင်နှုန်း ပါဝင်ကြောင်းတွေ့ရှိရပါသည်။   

     ပရိုတိန်း (၂၀) ရာခိုင်နှုန်းပြည့်ရန် ဖွဲနု ၆၆.၆၆ ဆ နှင့် ယင်မဲ ၃၃.၃၃ ရောစပ် ရပါမည်။ စပ်စာ တပိဿာအတွက် ဖွဲနု (၆၆.၆၆)ကျပ်သားနှင့် ယင်မဲသားလောင်း (၃၃.၃၃)ကျပ်သားရောစပ်ပေးပါ။  

    ------------  

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12  

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို  

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.  

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 


  • article
likes
1
comments
0
views
11047